Source: Candy May
Candy -CeleConections
ယူနီကုတ်ဖြင့်ဖတ်ရန်
” အိမ်မှာပဲ Stay Homeနေကာ အိပ်ရာထက်က သူမရဲ့ ဆွဲဆောင်မှုရှိတဲ့ အလှတွေကို ချပြခဲ့တဲ့မေ”
CeleConnections ပရိသတ်ကြီးရေ မေကတော့ သရုပ်ဆောင်အပြင် ဂီတဘက်မှာလည်း အောင်မြင်တဲ့မင်းသမီးတစ်လက်ဖြစ်ပြီး နိုင်ငံကျော်မင်းသားကြီး ဒွေးရဲ့ “မင်းလေးကိုချစ်လို့” သီချင်းကို ပုံစံပြောင်းပြီး ပြန်ဆိုထားတဲ့ သီချင်းလေးကလည်း ပရိသတ်တွေပါးစပ်ဖျားမှာ ရေပန်းစားခဲ့တာပဲ ဖြစ်ပါတယ်။ သူမရဲ့ ” Lost ” သီချင်းကတော့ ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့ပြီး “ကြယ်” new version ဟာဆိုရင်လည်း ပရိသတ်တွေ ကြွေခဲ့ရတဲ့ သီချင်းပဲ ဖြစ်ပြီး “Marry Me” ဆိုတဲ့ သီချင်းအယ်လ်ဘမ်ထွက်ရှိထားပါသေးတယ်။
လတ်တလောမှာလည်း ”ဖြေပါbaby”သီချင်းသစ်လေးထွက်ရှိထားပြန်ပါသေးတယ်။
ရုပ်ရှင်ဇာတ်ကားတွေများစွာလည်းရိုက်ကူးသရုပ်ဆောင်ခဲ့တဲ့မေကို မိန်းကလေးတွေအားကျရတဲ့ အဆီမရှိတဲ့ သွယ်လျတဲ့ ဘော်ဒီကို ပိုင်ဆိုင်ထားသူလေးပါ။ ဒါ့အပြင်အနုပညာမောင်နှမတွေအပေါ်လည်း ခင်မင်ဖော်ရွေတတ်သူပါ။.
လက်ရှိဖြစ်ပွားနေတဲ့ Covid 19 ကပ်ရောဂါကြောင့် မေလည်း Stay Homeနေနေတာဖြစ်ပြီး သူမရဲ့ပရိသတ်တွေနဲ့အဆက်မပြတ်သွားအောင်လည်း အိမ်မှာနေရင်းပုံရိပ်လေးတွေကိုအမြဲဝေမျှလျက်ရှိတာပါ။ဒီနေ့မှာတော့ ” Stay home ကာလမှာ အိပ်ယာနိုးလဲ ပြန်အိပ်ပါပဲရှင်”ဆိုတဲ့စာလေးနဲ့အတူ အိမ်မှာနေရင်း အိပ်ရာထက်ကအလှပုံလေးတွေကိုဝေမျှခဲ့တာပါ။ CeleConections ပရိသတ်ကြီးလည်း အိမ်မှာနေရင်းတောင်လှနေတဲ့ မေ ရဲ့ပုံလေးတွေကိုသဘောကျရင်မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။ဖတ်ရှုပေးကြတဲ့ CeleConections ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source: Candy May
Candy -CeleConections
error: Alert: Content is protected !!