Source: Zay Ye Htet’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်
အင်္ကျီအဝတ်အစားဝတ်တာကအစ ချစ်သူကိုပြပြီးမှ ဝတ်တတ်လာတဲ့အထိ ပြောင်းလဲသွားပြီဖြစ်ကြောင်း ပြောလာတဲ့ ဇေရဲထက်
သရုပ်ဆောင် ဇေရဲထက်ကတော့ သူ့ရဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာ အချစ်ရေးကိစ္စနဲ့ ပက်သတ်ပြီး ထုတ်မပြောခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့လပိုင်းမှာတော့ သူ့ရဲ့အချစ်ရေးကိစ္စနဲ့ပက်သတ်ပြီး ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းချပြခဲ့တာပဲ ဖြစ်ပါတယ်။ ဇေရဲထက်တို့ ချစ်သူနှစ်ယောက်ကတော့ အနေဝေးကြပေမယ့် တစ်ယောက်နဲ့တစ်ယောက် လိုလေသေးမရှိအောင် ဂရုစိုက်ကြတဲ့ ချစ်သူစုံတွဲတစ်တွဲပဲ ဖြစ်ပါတယ်။
ချစ်သူကို အရမ်းချစ်တဲ့ ဇေရဲထက်ကတော့ ကိစ္စအကြီးကြီးတွေမဆိုထားနဲ့ အသေးအမွှားလေးတွေကအစ ချစ်သူကို တိုင်ပင်ပြီးမှ လုပ်ဆောင်တတ်သူတစ်ယောက် ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ဇေရဲထက်က “အရင်ကဆို ကို့စိတ်ကြိုက်ဝတ်လေ့ရှိတဲ့ငါ အခုဆိုသူကိုပြပြီးမှ ဝတ်တတ်လာပြီ ချစ်တယ် 🐷” ဆိုပြီး အင်္ကျီအဝတ်အစားဝတ်တာကအစ ချစ်သူကိုပြပြီးမှ ဝတ်တတ်လာတဲ့အထိ ပြောင်းလဲသွားကြောင်း ပြောလာတာပဲ ဖြစ်ပါတယ်။
ဇေရဲထက်ကတော့ သူ့ကိုအရမ်းချစ်သလို သူကလည်း အရမ်းချစ်တဲ့ ချစ်သူကို ရှာဖွေတွေ့ရှိသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ ဇေရဲထက်တို့ ချစ်သူနှစ်ယောက် နောက်နှစ်တွေများစွာတိုင် အခုလိုပဲ ချစ်နိုင်ကြပါစေနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source: Zay Ye Htet’s fb
Bilie: Cele Connections
error: Alert: Content is protected !!