သူကိုယ္တိုင္ေရးဆြဲထားတဲ့ ပန္းခ်ီကားၾကီးကို ခ်စ္ရတဲ့ပရိသတ္ေတြထဲက တစ္ေယာက္ပိုင္ဆိုင္မယ္လို့ အရိပ္အျမြတ္ေျပာလာတဲ့ ပိုင္တံခြန္

ခ်ိဳသာတဲ့အျပံဳးေတြကို ပိုင္ဆိုင္ထားတဲ့ မင္းသားေခ်ာ ပိုင္တံခြန္ကေတာ့ ျပည္တြင္းမွာသာမက ျပည္ပနိုင္ငံေတြထိ ထိုးေဖာက္ေအာင္ျမင္ေနသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ပိုင္တံခြန္က နယ္ျမိဳ့ေလးတစ္ျမိဳ့ကေန ရန္ကုန္မွာ အနုပညာအလုပ္ေတြကို လုပ္ကိုင္ေနတာၾကာျပီဆိုေပမယ့္ ျပီးခဲ့တဲ့ (၂၀၁၉) ခုနွစ္မွာေတာ့ သူ့ရဲ့ ဆန္းအတက္ဆံုးအခ်ိန္ကုိေရာက္ရိွလာခဲ့ျပီး ျပည္ပနိုင္ငံက ပရိသတ္ေတြ သတိထားမိၾကတဲ့အထိ အၾကီးအက်ယ္ ေအာင္ျမင္လာတာပဲ ျဖစ္ပါတယ္။

လက္ရိွမွာေတာ့ အနုပညာအလုပ္ေတြကို ခဏတာရပ္နားထားျပီး အိမ္မွာပဲေနျဖစ္ေနတဲ့ ပိုင္တံခြန္က သူဝါသနာပါရာ အလုပ္ေလးေတြကို လုပ္ျပီး ျဖတ္သန္းကုန္ဆံုးေနတာပဲ ျဖစ္ပါတယ္။ ဒီကေန့မွာလည္း ပိုင္တံခြန္က သူကိုယ္တိုင္ဆြဲထားတဲ့ လက္ရာေျမာက္ ပန္းခ်ီကားၾကီးကို ျပသျပီး “ပရိသတ္ထဲက တစ္ေယာက္ေယာက္ေတာ့ ပိုင္ဆိုင္သြားမယ္ထင္ပါတယ္ 🖤” ဆိုျပီး ေျပာလာခဲ့တာ ျဖစ္ပါတယ္။

ပိုင္တံခြန္ကေတာ့ သူ့ရဲ့ အနပညာပန္းခ်ီကားၾကီးကို ေရာင္းခ်ဖို့ အစီအစဥ္မရိွသူမို့ လက္ေဆာင္ေပးဖို့မ်ားရိွေနလားဆိုျပီး ရင္ခုန္စရာပါပဲ။ ပိုင္တံခြန္ရဲ့ ပန္းခ်ီကားၾကီးကို ဘယ္သူကမ်ား ကံေကာင္းျပီး ရရိွသြားမလဲဆိုတာ အတူတူ ေစာင့္ၾကည့္ၾကမယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Paing Takhon’s fb
Bilie: Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

သူကိုယ်တိုင်ရေးဆွဲထားတဲ့ ပန်းချီကားကြီးကို ချစ်ရတဲ့ပရိသတ်တွေထဲက တစ်ယောက်ပိုင်ဆိုင်မယ်လို့ အရိပ်အမြွတ်ပြောလာတဲ့ ပိုင်တံခွန်

ချိုသာတဲ့အပြုံးတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသားချော ပိုင်တံခွန်ကတော့ ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံတွေထိ ထိုးဖောက်အောင်မြင်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်က နယ်မြို့လေးတစ်မြို့ကနေ ရန်ကုန်မှာ အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာကြာပြီဆိုပေမယ့် ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်မှာတော့ သူ့ရဲ့ ဆန်းအတက်ဆုံးအချိန်ကိုရောက်ရှိလာခဲ့ပြီး ပြည်ပနိုင်ငံက ပရိသတ်တွေ သတိထားမိကြတဲ့အထိ အကြီးအကျယ် အောင်မြင်လာတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အနုပညာအလုပ်တွေကို ခဏတာရပ်နားထားပြီး အိမ်မှာပဲနေဖြစ်နေတဲ့ ပိုင်တံခွန်က သူဝါသနာပါရာ အလုပ်လေးတွေကို လုပ်ပြီး ဖြတ်သန်းကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ပိုင်တံခွန်က သူကိုယ်တိုင်ဆွဲထားတဲ့ လက်ရာမြောက် ပန်းချီကားကြီးကို ပြသပြီး “ပရိသတ်ထဲက တစ်ယောက်ယောက်တော့ ပိုင်ဆိုင်သွားမယ်ထင်ပါတယ် 🖤” ဆိုပြီး ပြောလာခဲ့တာ ဖြစ်ပါတယ်။

ပိုင်တံခွန်ကတော့ သူ့ရဲ့ အနပညာပန်းချီကားကြီးကို ရောင်းချဖို့ အစီအစဉ်မရှိသူမို့ လက်ဆောင်ပေးဖို့များရှိနေလားဆိုပြီး ရင်ခုန်စရာပါပဲ။ ပိုင်တံခွန်ရဲ့ ပန်းချီကားကြီးကို ဘယ်သူကများ ကံကောင်းပြီး ရရှိသွားမလဲဆိုတာ အတူတူ စောင့်ကြည့်ကြမယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Paing Takhon’s fb
Bilie: Cele Connections

error: Alert: Content is protected !!