မိဘကိုအလုပ္အေကၽြးျပဳျပီး ေစတနာေကာင္းတဲ့အတြက္ ကံေကာင္းခဲ့တဲ့အေၾကာင္း ေျပာျပလာတဲ့ ေဘဘီေမာင္

ဂစ္တာရိွတ္ေလးလို ခႏၶာကိုယ္ေကာက္ေၾကာင္းအလွေၾကာင့္ ပရိသတ္ေတြၾကား လူသိမ်ားလာခဲ့တဲ့ သရုပ္ေဆာင္ ေဘဘီေမာင္ဟာဆိုရင္ လူေလးလွရံုသာမက စိတ္သေဘာထားလည္း ေကာင္းမြန္သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ေဘဘီေမာင္ရဲ့ စကားေျပာပြင့္လင္းျပီး ဟန္ေဆာင္မႈမရိွတဲ့ပံုစံေလးကလည္း ပရိသတ္ေတြကို ဆြဲေဆာင္ထားနိုင္တဲ့ အခ်က္တစ္ခ်က္ပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ ေဘဘီေမာင္က မိသားစုရဲ့ သမီးၾကီးတစ္ေယာက္အျဖစ္နဲ့ မိဘအေပၚ အရမ္းရိုေသေလးစားျပီး ဂရုစိုက္တတ္သူတစ္ေယာက္ဆိုလည္း မမွားပါဘူး။

ဒီကေန့မွာေတာ့ ေဘဘီေမာင္က မိဘကိုအလုပ္အေကၽြးျပဳျပီး ေစတနာေကာင္းတဲ့အတြက္ ကံေကာင္းခဲ့တဲ့အေၾကာင္း ေျပာျပလာပါတယ္။ “မိဘကိုအလုပ္ေကြၽးျပဳပီး ေစတနာေကာင္းတဲ့အတြက္ ကံေကာင္းပါတယ္ေလ☺️ ဒီေန႔စိန္liveလႊင့္ေရာင္းတာေလးရဲ႕ စိန္ပိုင္ရွင္တီတီရဲ႕ နားဆြဲလက္ေဆာင္ေလးနဲ႔အႏုပညာေၾကးေလးပါ🙏🏻 မိဘကိုတစ္သက္လုံးအလုပ္ေကြၽးျပဳမယ္သမီးအလိမၼာေလးပါ🙏🏻🙏🏻” ဆိုျပီး အနုပညာေၾကး ေငြက်ပ္ (၁၀)သိန္းအျပင္ နားဆြဲေလးတစ္ခုပါ လက္ေဆာင္ရရိွခဲ့တဲ့အေၾကာင္း ေျပာျပလာပါတယ္။

ေဘဘီေမာင္ကေတာ့ မၾကာခင္မွာ သားဂန္းနဲ့ လက္ထပ္ဖို့စီစဥ္ထားေပမယ့္ အိမ္ေထာင္က်ျပီးသည့္တိုင္ေအာင္ မိဘကို အလုပ္အေကၽြးျပဳသြားမယ့္ သမီးအလိမၼာေလးတစ္ေယာက္ပဲ ျဖစ္ပါတယ္။ မိဘကို သိတတ္တဲ့ ေဘဘီေမာင္တစ္ေယာက္ ဒီထက္မက ကံေကာင္းျခင္းေတြကိုသာ ရရိွပိုင္ဆိုင္နိုင္ပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Baby Maung ‘s fb
Bilie: Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

မိဘကိုအလုပ်အကျွေးပြုပြီး စေတနာကောင်းတဲ့အတွက် ကံကောင်းခဲ့တဲ့အကြောင်း ပြောပြလာတဲ့ ဘေဘီမောင်

ဂစ်တာရှိတ်လေးလို ခန္ဓာကိုယ်ကောက်ကြောင်းအလှကြောင့် ပရိသတ်တွေကြား လူသိများလာခဲ့တဲ့ သရုပ်ဆောင် ဘေဘီမောင်ဟာဆိုရင် လူလေးလှရုံသာမက စိတ်သဘောထားလည်း ကောင်းမွန်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဘေဘီမောင်ရဲ့ စကားပြောပွင့်လင်းပြီး ဟန်ဆောင်မှုမရှိတဲ့ပုံစံလေးကလည်း ပရိသတ်တွေကို ဆွဲဆောင်ထားနိုင်တဲ့ အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဘေဘီမောင်က မိသားစုရဲ့ သမီးကြီးတစ်ယောက်အဖြစ်နဲ့ မိဘအပေါ် အရမ်းရိုသေလေးစားပြီး ဂရုစိုက်တတ်သူတစ်ယောက်ဆိုလည်း မမှားပါဘူး။

ဒီကနေ့မှာတော့ ဘေဘီမောင်က မိဘကိုအလုပ်အကျွေးပြုပြီး စေတနာကောင်းတဲ့အတွက် ကံကောင်းခဲ့တဲ့အကြောင်း ပြောပြလာပါတယ်။ “မိဘကိုအလုပ်ကျွေးပြုပီး စေတနာကောင်းတဲ့အတွက် ကံကောင်းပါတယ်လေ☺️ ဒီနေ့စိန်liveလွှင့်ရောင်းတာလေးရဲ့ စိန်ပိုင်ရှင်တီတီရဲ့ နားဆွဲလက်ဆောင်လေးနဲ့အနုပညာကြေးလေးပါ🙏🏻 မိဘကိုတစ်သက်လုံးအလုပ်ကျွေးပြုမယ်သမီးအလိမ္မာလေးပါ🙏🏻🙏🏻” ဆိုပြီး အနုပညာကြေး ငွေကျပ် (၁၀)သိန်းအပြင် နားဆွဲလေးတစ်ခုပါ လက်ဆောင်ရရှိခဲ့တဲ့အကြောင်း ပြောပြလာပါတယ်။

ဘေဘီမောင်ကတော့ မကြာခင်မှာ သားဂန်းနဲ့ လက်ထပ်ဖို့စီစဉ်ထားပေမယ့် အိမ်ထောင်ကျပြီးသည့်တိုင်အောင် မိဘကို အလုပ်အကျွေးပြုသွားမယ့် သမီးအလိမ္မာလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ မိဘကို သိတတ်တဲ့ ဘေဘီမောင်တစ်ယောက် ဒီထက်မက ကံကောင်းခြင်းတွေကိုသာ ရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Baby Maung ‘s fb
Bilie: Cele Connections

error: Alert: Content is protected !!