စိတ္မာ၊ အေၾကာမာတဲ့ သမီးေလး လဝန္းေမကို ပိုင္ဆိုင္ထားရတာ ကံေကာင္းျခင္းတစ္ခုပါလို့ ဖြင့္ဟေျပာျပလာတဲ့ သက္မြန္ျမင့္

ပရိသတ္ေတြအရမ္းခ်စ္ၾကတဲ့ ဝါရင့္အႏုပညာရွင္တစ္ဦးျဖစ္တဲ့ မင္းသမီးေခ်ာေလး သက္မြန္ျမင့္ကေတာ့ သူမကို အရမ္းခ်စ္တဲ့ ခင္ပြန္းျဖစ္သူရယ္၊ ခ်စ္စရာေကာင္းတဲ့ သားေလးနဲ႔ သမီးေလးရယ္နဲ႔အတူ ေပ်ာ္ရႊင္စရာေကာင္းတဲ့ မိသားစုဘဝေလးကို ပိုင္ဆိုင္ထားတာပဲ ျဖစ္ပါတယ္။ အိမ္ေထာင္ေရးမွာလည္း ကံေကာင္းမႈေတြရိွတဲ့ သက္မြန္ျမင့္က သားသမီးေတြ ပိုင္ဆိုင္လာခ်ိန္မွာလည္း သူမအေပၚ အရမ္းခ်စ္ျပီး သိတတ္လိမၼာတဲ့ သားသမီးေလးေတြအေၾကာင္း အခုလိုပဲ ေျပာလာပါတယ္။

“ကိုယ့္မွာ စိတ္မာ အေၾကာမာ အေမကို အရမ္းခ်စ္တဲ့ သမီးေလးရွိတာ ကံေကာင္းမႈထဲက တခုပါပဲ! ေနေတြမေကာင္း စိတ္က်ၿပီး ဝမ္းနည္းလို႔ မ်က္ရည္က်ခ်ိန္ ေမေမ ဘာလို႔ငိုတာလဲ။ သမီးဘာလုပ္ေပးရမလဲနဲ႔ တစ္ရႈးေျပးယူၿပီး သုတ္သုတ္ေပးတာ.. အာဘြားေတြ ေပးတာ.. သူတို႔ေလးေတြနဲ႔ ရွင္သန္ရတယ္။ သူတို႔ဘဝေလးေတြ လွပဖို႔ အေမတစ္ေယာက္ရဲ႕ တာဝန္ဝတၱရားေတြ ေက်ပြန္ဖို႔ ခ်စ္ျခင္းေမတၱာေတြနဲ႔ ျပဳစုပ်ိဳးေထာင္ေပးရဦးမယ္.. 💪🏻💪🏻💪🏻 ကပ္ႀကီး ျမန္ျမန္ၿပီးပါေစ ကမာၻႀကီး ျမန္ျမန္ က်န္းမာပါေစ။ ေနေလးထြက္လာတုန္း အပင္ေတြ အကုန္ ေနျပခ်ိန္ အျမန္ေျပး႐ိုက္ျခင္း အမွတ္တရ.. မိတ္ကပ္လိမ္းခ်ိန္ေတာင္မရ😂😂” ဆိုျပီး သူမတို့ သားအမိနွစ္ေယာက္ရဲ့ အမွတ္တရပံုေလးေတြကို မွ်ေဝေပးထားပါတယ္။

သက္မြန္ျမင့္ကေတာ့ သူမကို အရမ္းခ်စ္ျပီး မ်က္နွာတၾကည့္ၾကည့္ေနတတ္တဲ့ သမီးေလး လဝန္းေမကို ပိုင္ဆိုင္ထားရတာ ကံေကာင္းတယ္လို့ ဆုိသလို ရင့္က်က္ျပီး အေဖတူတဲ့ သားေလး အားခ်စ္ေၾကာင့္လည္း စိတ္ခ်မ္းသာရတာ အမွန္ပါပဲ။ သက္မြန္ျမင့္တို့ မိသားစုေလး ဒီထက္မက ေပ်ာ္ရႊင္မႈေတြ ရရိွပိုင္ဆိုင္နိုင္ပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Thet Mon Myint ‘s fb
Bilie: Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

စိတ်မာ၊ အကြောမာတဲ့ သမီးလေး လဝန်းမေကို ပိုင်ဆိုင်ထားရတာ ကံကောင်းခြင်းတစ်ခုပါလို့ ဖွင့်ဟပြောပြလာတဲ့ သက်မွန်မြင့်

ပရိသတ်တွေအရမ်းချစ်ကြတဲ့ ဝါရင့်အနုပညာရှင်တစ်ဦးဖြစ်တဲ့ မင်းသမီးချောလေး သက်မွန်မြင့်ကတော့ သူမကို အရမ်းချစ်တဲ့ ခင်ပွန်းဖြစ်သူရယ်၊ ချစ်စရာကောင်းတဲ့ သားလေးနဲ့ သမီးလေးရယ်နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ အိမ်ထောင်ရေးမှာလည်း ကံကောင်းမှုတွေရှိတဲ့ သက်မွန်မြင့်က သားသမီးတွေ ပိုင်ဆိုင်လာချိန်မှာလည်း သူမအပေါ် အရမ်းချစ်ပြီး သိတတ်လိမ္မာတဲ့ သားသမီးလေးတွေအကြောင်း အခုလိုပဲ ပြောလာပါတယ်။

“ကိုယ့်မှာ စိတ်မာ အကြောမာ အမေကို အရမ်းချစ်တဲ့ သမီးလေးရှိတာ ကံကောင်းမှုထဲက တခုပါပဲ! နေတွေမကောင်း စိတ်ကျပြီး ဝမ်းနည်းလို့ မျက်ရည်ကျချိန် မေမေ ဘာလို့ငိုတာလဲ။ သမီးဘာလုပ်ပေးရမလဲနဲ့ တစ်ရှုးပြေးယူပြီး သုတ်သုတ်ပေးတာ.. အာဘွားတွေ ပေးတာ.. သူတို့လေးတွေနဲ့ ရှင်သန်ရတယ်။ သူတို့ဘဝလေးတွေ လှပဖို့ အမေတစ်ယောက်ရဲ့ တာဝန်ဝတ္တရားတွေ ကျေပွန်ဖို့ ချစ်ခြင်းမေတ္တာတွေနဲ့ ပြုစုပျိုးထောင်ပေးရဦးမယ်.. 💪🏻💪🏻💪🏻 ကပ်ကြီး မြန်မြန်ပြီးပါစေ ကမ္ဘာကြီး မြန်မြန် ကျန်းမာပါစေ။ နေလေးထွက်လာတုန်း အပင်တွေ အကုန် နေပြချိန် အမြန်ပြေးရိုက်ခြင်း အမှတ်တရ.. မိတ်ကပ်လိမ်းချိန်တောင်မရ😂😂” ဆိုပြီး သူမတို့ သားအမိနှစ်ယောက်ရဲ့ အမှတ်တရပုံလေးတွေကို မျှဝေပေးထားပါတယ်။

သက်မွန်မြင့်ကတော့ သူမကို အရမ်းချစ်ပြီး မျက်နှာတကြည့်ကြည့်နေတတ်တဲ့ သမီးလေး လဝန်းမေကို ပိုင်ဆိုင်ထားရတာ ကံကောင်းတယ်လို့ ဆိုသလို ရင့်ကျက်ပြီး အဖေတူတဲ့ သားလေး အားချစ်ကြောင့်လည်း စိတ်ချမ်းသာရတာ အမှန်ပါပဲ။ သက်မွန်မြင့်တို့ မိသားစုလေး ဒီထက်မက ပျော်ရွှင်မှုတွေ ရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Thet Mon Myint ‘s fb
Bilie: Cele Connections

error: Alert: Content is protected !!