ယူနီကုဒ်ဖြင့်ဖတ်ရန်
စမ်းချောင်းသူတစ်ယောက်ပီပီ စမ်းချောင်းမြို့နယ် Q Center မှာ နေ့လည်စာတွေ လှူဒါန်းဖြစ်ခဲ့တယ်ဆိုတဲ့ ညီညီမောင် (စမ်းချောင်း)
မိတ်ကပ် ညီညီမောင် (စမ်းချောင်း) ကတော့ အလှဖန်တီးရှင်တစ်ယောက်ဖြစ်ပေမယ့် အနုပညာလောကနဲ့ မစိမ်းသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ညီညီမောင် (စမ်းချောင်း) က ဖေ့စ်ဘုတ်စာမျက်နှာမှာ ဟာသဗီဒီယိုလေးတွေနဲ့ ပရိသတ်အားပေးမှုကို ရရှိထားသလို ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ကြော်ငြာတွေမှာ ပါဝင်သရုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ညီညီမောင်(စမ်းချောင်း)ရဲ့ ဖြစ်တည်မှုကို အားပေးကာ တကယ့် အနုပညာရှင်တစ်ယောက်လို အားပေးချစ်ခင်ကြတာပဲ ဖြစ်ပါတယ်။
သဘောကောင်းသလို စိတ်ထားလည်းကောင်းတဲ့ ညီညီမောင် (စမ်းချောင်း) က ဒီကနေ့မှာလည်း “ကာလဒါန အဟာရဒါန.. စမ်းချောင်းမြို့နယ်ရဲ့ ငယ်မွေးခြံပေါက်ဖြစ်တဲ့ ကျွန်မ ဒီနေ့မှာတော့ စမ်းချောင်း Q center 2 မှာ နေ့လည်စာ အဟာရဒါန ရွေပုမှ ထမင်း၊ ကြက်ပေါင်း၊ အရွက်ကြော် (၁၂၅) ဘူးမှာပြီး လှူဖြစ်ပါတယ်။ သု မိသားစုနဲ့ တပည့်တွေ အလှုပါ။။ ထပ်လှူနိုင်အောင်လည်းကြိုးစားပါဦးမယ်။ ဒီအချိန်မှာက မျိုးစေ့ပြုတ်စားနေရချိန်မို့ နိုင်သလောက်အလှူလေးပါ။ ကိုဗစ်ရောဂါဆိုးကြီး အမြန်ဆုံးပပျောက်ပြီး မြန်မာနိုင်ငံသူနိုင်ငံသား ကမ္ဘာသူ /သား များ ကျန်မာခြင်းဆိုတဲ့ ဆု ပဲတောင်းမိပါတယ်။ ဒီအလှူအတွက်ရင်ထဲကနေပြီး။ အားတင်းထားပါ စည်းကမ်းလိုက်နာကြပါ။ တစ်ဦးကိုတစ်ဦး လက်တွဲ ကူညီကြရင်း တောက်ပ၊ ကောင်းမွန်ရောဂါ ကင်းစင်တဲ့နေ့သစ်များကို အတူ ကျော်ဖြတ်ကြမယ်နော် 😘” ဆိုပြီး သူ့ရဲ့အလှူလေးကို ပြောလာတာပဲ ဖြစ်ပါတယ်။
ညီညီမောင် (စမ်းချောင်း)ကတော့ အခုလို အားလုံး အခက်အခဲဖြစ်နေကြတဲ့အချိန်မှာ သူတတ်နိုင်တဲ့ဘက်ကနေ ကူညီပြီး ကုသိုလ်ယူခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ညီညီမောင် (စမ်းချောင်း)ရဲ့ ကုသိုလ်လေးကို သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source: Nyi Nyi Mg- Sanchaung’s fb
Bilie: Cele Connections
error: Alert: Content is protected !!