ခ်စ္သူေလး စုစုေဝ အလွျပင္ေပးသမွ်ကို ဘာတစ္ခြန္းမွမေျပာပဲ စိတ္ရွည္ရွည္နဲ႔ ခံခဲ့တဲ့ Mikis ရဲ႕ ဗီဒီယို

အခ်စ္ဆိုတဲ့အရာကေတာ့ ရုပ္ရည္၊ ခႏၶာကိုယ္၊ လူမ်ိဳး၊ ဆင္းရဲ၊ ခ်မ္းသာ ဘာကိုမွကို အေျခမခံပဲ တစ္ဦးေပၚတစ္ဦးထားရိွတဲ့ ေမတၱာကေနသာ ေပါက္ဖြားလာတာမ်ိဳး ျဖစ္ပါတယ္။ ျမန္မာနိုင္ငံသူေလး စုစုေဝနဲ့ ဂ်ာမနီနိုင္ငံသားေလး Mikis တို့ကလည္း လူမ်ိဳး၊ ဘာသာခ်င္းမတူညီၾကေပမယ့္ တူညီတဲ့ အခ်စ္တစ္ခုနဲ့သာ တစ္ေယာက္ကိုတစ္ေယာက္ လက္တြဲလာခဲ့ၾကတာပဲ ျဖစ္ပါတယ္။ မတူညီတဲ့အရာေတြေပါင္းစပ္ထားေပမယ့္ နားလည္မႈရိွတဲ့ စုစုေဝနဲ့ Mikis တို့အတြဲေလးကေတာ့ ပရိသတ္ေတြကို အားက်ေစတဲ့ ဆယ္လီစံုတြဲေလးတစ္တြဲပဲ ျဖစ္ပါတယ္။

ပရိသတ္ေတြနဲ့ မၾကာခဏ စကားေတြေျပာဖို့ Live လႊင့္ေလ့ရိွတဲ့ Mikis နဲ့ စုစုေဝတို့ ခ်စ္သူနွစ္ေယာက္က မေန့က စက္တင္ဘာလ (၆) ရက္ေန့မွာလည္း ပရိသတ္ေတြနဲ့ ရင္းရင္းနွီးနွီးစကားေတြ ေျပာလာခဲ့ပါတယ္။ ထို Live ဗီဒီယိုမွာေတာ့ စုစုေဝက Mikis ကို Skin Care ဖို့ အလွျပင္ပစၥည္းေတြမ်ားစြာလိမ္းေပးခဲ့ျပီး Mikis ကလည္း စုစုေဝျပဳသမွ်ကို စိတ္ရွည္ရွည္နဲ့ နုခဲ့ေၾကာင္း အခုလိုပဲ ေတြ့ရပါတယ္။

Mikis နဲ့ စုစုေဝတို့ကေတာ့ နွစ္ဘက္လူၾကီးမိဘေတြ သေဘာတူၾကည္ျဖဴထားၾကသူမ်ားျဖစ္ျပီး မၾကာခင္မွာလည္း မဂၤလာပြဲကို ဆင္ႏႊဲေတာ့မွာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ခ်စ္စရာေကာင္းတဲ့ Mikis နဲ့ စုစုေဝတို့ရဲ့ ဗီဒီယိုေလးကိုၾကည့္ျပီး သေဘာက်ၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Mikis Weber ‘s fb
Bilie: Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ချစ်သူလေး စုစုဝေ အလှပြင်ပေးသမျှကို ဘာတစ်ခွန်းမှမပြောပဲ စိတ်ရှည်ရှည်နဲ့ ခံခဲ့တဲ့ Mikis ရဲ့ ဗီဒီယို

အချစ်ဆိုတဲ့အရာကတော့ ရုပ်ရည်၊ ခန္ဓာကိုယ်၊ လူမျိုး၊ ဆင်းရဲ၊ ချမ်းသာ ဘာကိုမှကို အခြေမခံပဲ တစ်ဦးပေါ်တစ်ဦးထားရှိတဲ့ မေတ္တာကနေသာ ပေါက်ဖွားလာတာမျိုး ဖြစ်ပါတယ်။ မြန်မာနိုင်ငံသူလေး စုစုဝေနဲ့ ဂျာမနီနိုင်ငံသားလေး Mikis တို့ကလည်း လူမျိုး၊ ဘာသာချင်းမတူညီကြပေမယ့် တူညီတဲ့ အချစ်တစ်ခုနဲ့သာ တစ်ယောက်ကိုတစ်ယောက် လက်တွဲလာခဲ့ကြတာပဲ ဖြစ်ပါတယ်။ မတူညီတဲ့အရာတွေပေါင်းစပ်ထားပေမယ့် နားလည်မှုရှိတဲ့ စုစုဝေနဲ့ Mikis တို့အတွဲလေးကတော့ ပရိသတ်တွေကို အားကျစေတဲ့ ဆယ်လီစုံတွဲလေးတစ်တွဲပဲ ဖြစ်ပါတယ်။

ပရိသတ်တွေနဲ့ မကြာခဏ စကားတွေပြောဖို့ Live လွှင့်လေ့ရှိတဲ့ Mikis နဲ့ စုစုဝေတို့ ချစ်သူနှစ်ယောက်က မနေ့က စက်တင်ဘာလ (၆) ရက်နေ့မှာလည်း ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးစကားတွေ ပြောလာခဲ့ပါတယ်။ ထို Live ဗီဒီယိုမှာတော့ စုစုဝေက Mikis ကို Skin Care ဖို့ အလှပြင်ပစ္စည်းတွေများစွာလိမ်းပေးခဲ့ပြီး Mikis ကလည်း စုစုဝေပြုသမျှကို စိတ်ရှည်ရှည်နဲ့ နုခဲ့ကြောင်း အခုလိုပဲ တွေ့ရပါတယ်။

Mikis နဲ့ စုစုဝေတို့ကတော့ နှစ်ဘက်လူကြီးမိဘတွေ သဘောတူကြည်ဖြူထားကြသူများဖြစ်ပြီး မကြာခင်မှာလည်း မင်္ဂလာပွဲကို ဆင်နွှဲတော့မှာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ Mikis နဲ့ စုစုဝေတို့ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Mikis Weber ‘s fb
Bilie: Cele Connections

error: Alert: Content is protected !!