” ၃၁ ႏွစ္အတြင္း႐ိုက္ကူးခဲ့တဲ့ ေၾကာ္ျငာမ်ား၊ ဇာတ္ကားမ်ား ေပ်ာက္ဆုံးေနတာေၾကာင့္ Hard Disk အလုံး ၈၀ ကေနျပန္လည္စစ္ေဆးရွာေဖြေနတဲ့ စင္ေရာ္ေမာင္ေမာင္”

CeleConnections ပရိသတ္ႀကီးေရ ဒါ႐ိုက္တာစင္ေရာ္ေမာင္ေမာင္ကေတာ့ ႐ုပ္ရွင္ေလာကမွာ အကယ္ဒမီေတြမ်ားစြာပိုင္ဆိုင္ထားတဲ့ ဒါ႐ိုက္တာတစ္ေယာက္ပါ။ဇနီးေဟာင္း ေမသန္းႏုနဲ႔ သားေလးမင္းသန္႔ေမာင္ေမာင္ကိုလည္း အခ်ိန္ျပည့္ လိုအပ္တာေတြကို ေဘးကေနကာေဖးမေစာင့္ေရွာက္ေနတဲ့သူတစ္ေယာက္ပါ။

ဒီေန႔မွာေတာ့ ” စင္ေရာ္႐ုပ္ရွင္မွ ၁၉၈၉ မွ ၂၀၂၀ အတြင္း ႐ိုက္ကူးထုတ္လုပ္ခဲ့ေသာ ဇာတ္ကားမ်ားႏွင့္ တီဗြီေၾကာ္ညာမ်ားအား သိမ္းဆည္းသည့္ Hard Disk အလုံး ၈၀ အား စိတ္ခ်ရေသာ ကြပ္ကဲႏိုင္သူတစ္ဦးႏွင့္ တိက်စြာ စစ္ေဆးေပးႏိုင္ေသာ သူတစ္ဦးတို႔အား ငွါးရမ္းၿပီး စစ္ေဆးေနၿပီ ျဖစ္ပါသည္။ ေပ်ာက္ဆုံးေနေသာ ေၾကာ္ျငာမ်ား၊ ဇာတ္ကားမ်ား ျပန္လည္ရရွိေရးအတြက္ ဆုမြန္ေကာင္းမ်ား ေတာင္းေပးၾကပါရန္ ပန္ၾကားအပ္ပါသည္။ခ်စ္တဲ့ ေမာင္စင္ေရာ္”ဆိုတဲ့စာေလးနဲ႔ သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာမွာေဖာ္ျပခဲ့တာပါ။

တကယ့္ကိုအရင္ကေၾကာ္ျငာေတြကေတယ့ ပရိသတ္ေတြရင္ထဲကို အခုခ်ိန္ထိေနရာယူႏိုင္ေသးတယ္ဆိုရင္ တကယ္အမွန္ပါပဲေနာ္။ တန္ဖိုးရွိတဲ့ ျပန္မရႏိုင္ေတာ့တဲ့ တန္ဖိုးရွိတဲ့အႏုပညာလက္ရာအမွတ္တရေတြ အျမန္ဆုံးျပန္ေတြ႕ေစႏိုင္ဖို႔ဆုေတာင္းေပးခဲ့ပါဦးေနာ္။ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source : Zin Yaw Mg Mg
Candy –CeleConnections

ယူနီကုတ္ျဖင့္ဖတ္ရန္

” ၃၁ နှစ်အတွင်းရိုက်ကူးခဲ့တဲ့ ကြော်ငြာများ၊ ဇာတ်ကားများ ပျောက်ဆုံးနေတာကြောင့် Hard Disk အလုံး ၈၀ ကနေပြန်လည်စစ်ဆေးရှာဖွေနေတဲ့ စင်ရော်မောင်မောင်”

CeleConnections ပရိသတ်ကြီးရေ ဒါရိုက်တာစင်ရော်မောင်မောင်ကတော့ ရုပ်ရှင်လောကမှာ အကယ်ဒမီတွေများစွာပိုင်ဆိုင်ထားတဲ့ ဒါရိုက်တာတစ်ယောက်ပါ။ဇနီးဟောင်း မေသန်းနုနဲ့ သားလေးမင်းသန့်မောင်မောင်ကိုလည်း အချိန်ပြည့် လိုအပ်တာတွေကို ဘေးကနေကာဖေးမစောင့်ရှောက်နေတဲ့သူတစ်ယောက်ပါ။

ဒီနေ့မှာတော့ ” စင်ရော်ရုပ်ရှင်မှ ၁၉၈၉ မှ ၂၀၂၀ အတွင်း ရိုက်ကူးထုတ်လုပ်ခဲ့သော ဇာတ်ကားများနှင့် တီဗွီကြော်ညာများအား သိမ်းဆည်းသည့် Hard Disk အလုံး ၈၀ အား စိတ်ချရသော ကွပ်ကဲနိုင်သူတစ်ဦးနှင့် တိကျစွာ စစ်ဆေးပေးနိုင်သော သူတစ်ဦးတို့အား ငှါးရမ်းပြီး စစ်ဆေးနေပြီ ဖြစ်ပါသည်။ ပျောက်ဆုံးနေသော ကြော်ငြာများ၊ ဇာတ်ကားများ ပြန်လည်ရရှိရေးအတွက် ဆုမွန်ကောင်းများ တောင်းပေးကြပါရန် ပန်ကြားအပ်ပါသည်။ချစ်တဲ့ မောင်စင်ရော်”ဆိုတဲ့စာလေးနဲ့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြခဲ့တာပါ။

တကယ့်ကိုအရင်ကကြော်ငြာတွေကတေယ့ ပရိသတ်တွေရင်ထဲကို အခုချိန်ထိနေရာယူနိုင်သေးတယ်ဆိုရင် တကယ်အမှန်ပါပဲနော်။ တန်ဖိုးရှိတဲ့ ပြန်မရနိုင်တော့တဲ့ တန်ဖိုးရှိတဲ့အနုပညာလက်ရာအမှတ်တရတွေ အမြန်ဆုံးပြန်တွေ့စေနိုင်ဖို့ဆုတောင်းပေးခဲ့ပါဦးနော်။ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : Zin Yaw Mg Mg
Candy –CeleConnections

error: Alert: Content is protected !!