



Source: Chit Thu Wai’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

ဆေးပစ္စည်းတွေကိုလည်း လှူဒါန်းနေသလို အိမ်ပြန်ချိန်တောင်မရှိတဲ့ ဆရာဝန်တွေအတွက် နေရေးစားရေးကအစ သေချာစဉ်းစားပေးနေတဲ့ ချစ်သုဝေ

နိုင်ငံကျော် သရုပ်ဆောင်နှင့်အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေ တို့ မောင်နှံနှစ်ဦးက အားပေးသူပရိသတ်အခိုင်အမာနဲ့ အချိန်ကြာကြာ ရပ်တည်နေနိုင်တဲ့ အနုပညာရှင်တွေပဲ ဖြစ်ကြပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေတို့ မောင်နှံနှစ်ဦးကတော့ သူတို့ချစ်တဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေရင်း တစ်ဖက်မှာလည်း အများသူငါ အကျိုးရှိစေမယ့် ပရဟိတအလုပ်တွေကို လုပ်ကိုင်နေလျက်ရှိပါတယ်။ လက်ရှိမှာလည်း ဇနီးမောင်နှံနှစ်ယောက်စလုံးက ခေတ်သစ်ဖောင်ဒေးရှင်းနဲ့အတူတူ အလှူရှင်တွေနဲ့ စုပေါင်းပြီး ကိုဗစ်တိုက်ဖျက်ရေးအတွက် လုပ်ငန်းစဉ်တွေကို တက်တက်ကြွကြွပါဝင်လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

အနုပညာရှင်လည်းဖြစ်သလို ဆရာဝန်တစ်ယောက်လည်းဖြစ်တဲ့ ချစ်သုဝေက သူမရဲ့ ခေတ်သစ်ဖောင်ဒေးရှင်းကနေတဆင့် လူနာတွေအပြင် ဆရာဝန်ကြီးတွေရဲ့ နေရေးစားရေးအစ သေချာစီစဉ်ပေးနေကြောင်းကို “တစ်ဖက်က အရေးကြီး ဆေးပစ္စည်းတွေလှူသလို.. ရှေ့တန်းမှာအလံမလဲ တချက်မ ညည်း တာဝန်ထမ်းဆောင်နေတဲ့ အိမ်တောင်မပြန်နိုင်တော့တဲ့ ဆရာဝန်တွေအဆင်ပြေစေဖို့ အသုံးအဆောင်အစားအသောက် တွေ တွေးပေး လှူပေးဖြစ်တယ်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေလာပါတယ်။

ချစ်သုဝေကတော့ တကယ့်ကို ထောင့်စေအောင် စီစဉ်တတ်သလို သူမကိုယ်တိုင်လည်း အပြောမဟုတ်ပဲ လူကိုယ်တိုင်လိုက်ပြီး လိုအပ်တာမှန်သမျှ ဖြည့်စည်းပေးနေတာပဲ ဖြစ်ပါတယ်။ စိတ်ထားကောင်းတဲ့ချစ်သုဝေတစ်ယောက် ဒီထက်မက အောင်မြင်ပြီး လူချစ်လူခင်ပေါများပါစေနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Chit Thu Wai’s fb
Bilie: Cele Connections

error: Alert: Content is protected !!