



ယူနီကုဒ်ဖြင့်ဖတ်ရန်

အပြင်မထွက်ရတာကြာပြီလို့ပြောတဲ့ မေမေ စိတ်ကျေနပ်အောင် အမျိုးတစ်သိုက်နဲ့ နေရာစုံလိုက်ပို့ပေးခဲ့တဲ့ ဖြူဖြူထွေးရဲ့ အခွီဗီဒီယို

ပရိသတ်တွေကို ရယ်မောပျော်ရွှင်ရအောင် ဗီဒီယိုလေးတွေ တင်ဆက်ပေးတတ်တဲ့ ဖြူဖြူထွေးကတော့ ကျေးရွာလေးတစ်ရွာကနေ ရန်ကုန်မြို့မှာ ကျောင်းလာတက်ရင်း မထင်မှတ်ပဲ နာမည်ကြီးလာခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဖြူဖြူထွေးက ရိုးသားကြိုးစားပြီး ဟန်ဆောင်မှုမရှိတဲ့ ပုံစံလေးက ပရိသတ်တွေသာမက စီးပွားရေးလုပ်ငန်းရှင်တွေကပါ သဘောကျကြတာကြောင့် အခုဆိုရင် အွန်လိုင်းကြော်ငြာတွေကို လက်မလည်ရအောင် ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။

ကြော်ငြာဗီဒီယိုလေးတွေလည်း ရိုက်ကူးနေသလို ပရိသတ်တွေအတွက်လည်း ရယ်မောစရာ ဗီဒီယိုလေးတွေ ရိုက်ကူးပေးလေ့ရှိတဲ့ ဖြူဖြူထွေးက ဒီတစ်ခေါက်မှာတော့ ထူးထူးခြားခြားအနေနဲ့ သူမတို့ တစ်အိမ်သားလုံးနဲ့ ဗီဒီယိုလေး ရိုက်ကူးလာတာ တွေ့ရပါတယ်။ ဖြူဖြူထွေးက “အမေ — သမီး အမေ မိသားစုတို့ဘယ်မှမသွားရတာကြာပြီ။ Me — ရသလောက်တော့လိုက်ပို့ပေးလိုက်သည်” ဆိုပြီး အပြင်မထွက်ရတာကြာပြီလို့ပြောတဲ့ မေမေ့ကို စိတ်ကျေနပ်အောင် အမျိုးတစ်သိုက်နဲ့ နေရာစုံလိုက်ပို့ပေးခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။

ဖြူဖြူထွေးကတော့ ပရိသတ်တွေကို ရယ်မောစေချင်တဲ့ စိတ်ကြောင့် တစ်အိမ်သားလုံးနဲ့ ဗီဒီယိုလေးရိုက်ပြီး ထူးထူးခြားခြားလေး တင်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဖြူဖြူထွေးတို့ မိသားစုတွေရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး ခတ္တခဏတော့ ဘဝအမောတွေပြေပျောက်သွားမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Phyu Phyu Htwe ‘s fb
Bilie: Cele Connections

error: Alert: Content is protected !!