အလုပ္ေတြမလုပ္ရပဲ အိမ္တြင္းေအာင္းေနရတဲ့အခ်ိန္မွာ ေမြးရပ္ေျမထားဝယ္ၿမိဳ႕ကို သတိရေနတဲ့ ဝင့္ယမုံႏိုင္

မ်က္ႏွာဝိုင္းဝိုင္းေလးနဲ႔ အရမ္းလွတဲ့ မင္းသမီးေခ်ာေလး ဝင့္ယမုံႏိုင္ကေတာ့ ျမန္မာ့႐ုပ္သံဇာတ္လမ္းတြဲေတြရဲ႕ ပထမဦးဆုံးမင္းသမီးလို႔တင္ တင္စားလို႔ရႏိုင္ပါတယ္။ “အခ်စ္သေကၤတ” ဇာတ္လမ္းတြဲမွာကတည္းက ေအာင္ျမင္မႈရရွိခဲ့တဲ့ ဝင့္ယမုံႏိုင္က “စိတ္၏ေျခရာ”၊ “အခန္းနံပါတ္”၊ “ကြၽန္မက မေဟသီ” စတဲ့ ဇာတ္လမ္းတြဲေတြမွာလည္း တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ အားေပးမႈကို အခိုင္အမာရရွိပိုင္ဆိုင္ခဲ့တာ ျဖစ္ပါတယ္။ ေနာက္ပိုင္းမွာလည္း ဝင့္ယမုံႏိုင္က ပရိသတ္ေတြ အားေပးရက်ိဳးနပ္မယ့္ ဇာတ္လမ္းတြဲေတြကို ဆက္လက္႐ိုက္ကူးေနလ်က္ရွိပါတယ္။

လက္ရွိမွာ ကပ္ေရာဂါအေျခအေနေတြေၾကာင့္ ဇာတ္ကား႐ိုက္ကူးမႈေတြကို ရပ္နားထားရတဲ့ ဝင့္ယမုံႏိုင္က အႏုပညာလႈပ္ရွားမႈေတြမရွိပဲ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ လမ္းၫႊန္ခ်က္အတိုင္း အိမ္မွာပဲ ေနေနရတာပဲ ျဖစ္ပါတယ္။ အလုပ္ေတြမရွိပဲ အိမ္တင္းေအာင္းေနရတဲ့အခ်ိန္မွာေတာ့ ဝင့္ယမုံႏိုင္က သူမရဲ႕ ဇာတိေျမေလးျဖစ္တဲ့ ထားဝယ္ၿမိဳ႕ကို သြားခ်င္တဲ့အေၾကာင္း ရင္ဖြင့္ေျပာလာခဲ့ပါတယ္။

ဝင့္ယမုံႏိုင္ကေတာ့ ထားဝယ္ၿမိဳ႕မွာေမြးၿပီး ထားဝယ္ၿမိဳ႕မွာႀကီးတဲ့ ထားဝယ္သူေလးအစစ္ျဖစ္ၿပီး အႏုပညာအလုပ္ေတြကိုလုပ္ဖို႔ ရန္ကုန္ၿမိဳ႕မွာ ေနထိုင္ေနတာပဲ ျဖစ္ပါတယ္။ ေရာဂါကပ္ဆိုးႀကီးလည္း မၾကာခင္ၿပီးဆုံးၿပီး ဝင့္ယမုံႏိုင္လည္း ထားဝယ္ၿမိဳ႕ေလးကို ျပန္သြားခြင့္ရပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Wint Yamone Naing’s fb
Bilie: Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

အလုပ်တွေမလုပ်ရပဲ အိမ်တွင်းအောင်းနေရတဲ့အချိန်မှာ မွေးရပ်မြေထားဝယ်မြို့ကို သတိရနေတဲ့ ဝင့်ယမုံနိုင်

မျက်နှာဝိုင်းဝိုင်းလေးနဲ့ အရမ်းလှတဲ့ မင်းသမီးချောလေး ဝင့်ယမုံနိုင်ကတော့ မြန်မာ့ရုပ်သံဇာတ်လမ်းတွဲတွေရဲ့ ပထမဦးဆုံးမင်းသမီးလို့တင် တင်စားလို့ရနိုင်ပါတယ်။ “အချစ်သင်္ကေတ” ဇာတ်လမ်းတွဲမှာကတည်းက အောင်မြင်မှုရရှိခဲ့တဲ့ ဝင့်ယမုံနိုင်က “စိတ်၏ခြေရာ”၊ “အခန်းနံပါတ်”၊ “ကျွန်မက မဟေသီ” စတဲ့ ဇာတ်လမ်းတွဲတွေမှာလည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အားပေးမှုကို အခိုင်အမာရရှိပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း ဝင့်ယမုံနိုင်က ပရိသတ်တွေ အားပေးရကျိုးနပ်မယ့် ဇာတ်လမ်းတွဲတွေကို ဆက်လက်ရိုက်ကူးနေလျက်ရှိပါတယ်။

လက်ရှိမှာ ကပ်ရောဂါအခြေအနေတွေကြောင့် ဇာတ်ကားရိုက်ကူးမှုတွေကို ရပ်နားထားရတဲ့ ဝင့်ယမုံနိုင်က အနုပညာလှုပ်ရှားမှုတွေမရှိပဲ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်အတိုင်း အိမ်မှာပဲ နေနေရတာပဲ ဖြစ်ပါတယ်။ အလုပ်တွေမရှိပဲ အိမ်တင်းအောင်းနေရတဲ့အချိန်မှာတော့ ဝင့်ယမုံနိုင်က သူမရဲ့ ဇာတိမြေလေးဖြစ်တဲ့ ထားဝယ်မြို့ကို သွားချင်တဲ့အကြောင်း ရင်ဖွင့်ပြောလာခဲ့ပါတယ်။

ဝင့်ယမုံနိုင်ကတော့ ထားဝယ်မြို့မှာမွေးပြီး ထားဝယ်မြို့မှာကြီးတဲ့ ထားဝယ်သူလေးအစစ်ဖြစ်ပြီး အနုပညာအလုပ်တွေကိုလုပ်ဖို့ ရန်ကုန်မြို့မှာ နေထိုင်နေတာပဲ ဖြစ်ပါတယ်။ ရောဂါကပ်ဆိုးကြီးလည်း မကြာခင်ပြီးဆုံးပြီး ဝင့်ယမုံနိုင်လည်း ထားဝယ်မြို့လေးကို ပြန်သွားခွင့်ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Wint Yamone Naing’s fb
Bilie: Cele Connections

error: Alert: Content is protected !!