သူမေနထိုင္ရာ ၾသစေတးလ်နိုင္ငံ၊ မဲလ္ဘုန္းျမိဳ့ၾကီးမွာ လူသူမရိွပဲ ေျခာက္ကပ္တိတ္ဆိတ္သြားတဲ့ျမင္ကြင္းကို ျပသလာခဲ့တဲ့ ယြန္းဝတီလြင္မိုး

ယြန္းဝတီလြင္မိုးကေတာ့ မ်က္လံုးမ်က္ခံုးေကာင္းေကာင္းေလးနဲ့ နိုင္ငံျခားသူေလးတစ္ေယာက္လို ဘိုဆန္တဲ့ အလွကို ပိုင္ဆိုင္ထားတာေၾကာင့္ ငယ္စဥ္ကတည္းက ပရိသတ္ေတြရဲ့ ခ်စ္ခင္မႈကို အျပည့္အဝရရိွထားသူတစ္ေယာက္ ျဖစ္ပါတယ္။ ယြန္းဝတီလြင္မိုးက Photo Model တစ္ေယာက္အျဖစ္ အနုပညာေလာကထဲကို ဝင္ေရာက္လာခဲ့ျပီး (၂၀၂၀) နွစ္စမွာေတာ့ ဒါရိုက္တာ ပြင့္သိဂႌေဇာ္ရိုက္ကူးတဲ့ “ေရႊဖူးစာေလး ခ်ာခ်ာလည္” ရုပ္ရွင္ဇာတ္ကားၾကီးမွာ ပိုင္တံခြန္၊ ေကာင္းျမတ္စံ၊ ေဖြးေဖြးတို့နဲ့အတူတူ ပထမဦးဆံုးအၾကိမ္ သရုပ္ေဆာင္ခဲ့ပါေသးတယ္။

လက္ရိွမွာေတာ့ ယြန္းဝတီလြင္မိုးက သူမရဲ့ မျပီးဆံုးေသးတဲ့ ပညာေရးကို ဆက္လက္သင္ၾကားဖို့ ၾသစေတးလ်နိုင္ငံ၊ မဲလ္ဘုန္းျမိဳ့မွာ ခင္ပြန္းျဖစ္သူ ကိုထက္ဦးလိႈင္နဲ့အတူတူ ေနထိုင္ေနတာပဲ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ ယြန္းဝတီလြင္မိုးက Covid-19 ကပ္ေရာဂါေၾကာင့္ တိတ္ဆိတ္ျပီး လူသူမရိွ ေျခာက္ကပ္သြားခဲ့တဲ့ မဲလ္ဘုန္းျမိဳ့ၾကီးရဲ့ ျမင္ကြင္းကို ျပသလာခဲ့ပါတယ္။

ယြန္းဝတီလြင္မိုးကေတာ့ ေက်ာင္းသြားတက္ဖို့ ၾသစေတးလ်နိုင္ငံကို ျပန္သြားခဲ့ေပမယ့္ ကပ္ေရာဂါအေျခအေနေၾကာင့္ ေနအိမ္မွပဲ Online Learning လုပ္ေနရတာပဲ ျဖစ္ပါတယ္။ ကမၻာၾကီးကို တိတ္ဆိတ္ေျခာက္ကပ္သြားေစတဲ့ ေရာဂါဆိုးၾကီးလည္း အျမန္ဆံုး ေပ်ာက္ကင္းဖို့ ဆႏၵျပဳပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Yun Wady Lwin Moe’s ig
Bilie: Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

သူမနေထိုင်ရာ သြစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့ကြီးမှာ လူသူမရှိပဲ ခြောက်ကပ်တိတ်ဆိတ်သွားတဲ့မြင်ကွင်းကို ပြသလာခဲ့တဲ့ ယွန်းဝတီလွင်မိုး

ယွန်းဝတီလွင်မိုးကတော့ မျက်လုံးမျက်ခုံးကောင်းကောင်းလေးနဲ့ နိုင်ငံခြားသူလေးတစ်ယောက်လို ဘိုဆန်တဲ့ အလှကို ပိုင်ဆိုင်ထားတာကြောင့် ငယ်စဉ်ကတည်းက ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားသူတစ်ယောက် ဖြစ်ပါတယ်။ ယွန်းဝတီလွင်မိုးက Photo Model တစ်ယောက်အဖြစ် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး (၂၀၂၀) နှစ်စမှာတော့ ဒါရိုက်တာ ပွင့်သိင်္ဂီဇော်ရိုက်ကူးတဲ့ “ရွှေဖူးစာလေး ချာချာလည်” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပိုင်တံခွန်၊ ကောင်းမြတ်စံ၊ ဖွေးဖွေးတို့နဲ့အတူတူ ပထမဦးဆုံးအကြိမ် သရုပ်ဆောင်ခဲ့ပါသေးတယ်။

လက်ရှိမှာတော့ ယွန်းဝတီလွင်မိုးက သူမရဲ့ မပြီးဆုံးသေးတဲ့ ပညာရေးကို ဆက်လက်သင်ကြားဖို့ သြစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့မှာ ခင်ပွန်းဖြစ်သူ ကိုထက်ဦးလှိုင်နဲ့အတူတူ နေထိုင်နေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ယွန်းဝတီလွင်မိုးက Covid-19 ကပ်ရောဂါကြောင့် တိတ်ဆိတ်ပြီး လူသူမရှိ ခြောက်ကပ်သွားခဲ့တဲ့ မဲလ်ဘုန်းမြို့ကြီးရဲ့ မြင်ကွင်းကို ပြသလာခဲ့ပါတယ်။

ယွန်းဝတီလွင်မိုးကတော့ ကျောင်းသွားတက်ဖို့ သြစတေးလျနိုင်ငံကို ပြန်သွားခဲ့ပေမယ့် ကပ်ရောဂါအခြေအနေကြောင့် နေအိမ်မှပဲ Online Learning လုပ်နေရတာပဲ ဖြစ်ပါတယ်။ ကမ္ဘာကြီးကို တိတ်ဆိတ်ခြောက်ကပ်သွားစေတဲ့ ရောဂါဆိုးကြီးလည်း အမြန်ဆုံး ပျောက်ကင်းဖို့ ဆန္ဒပြုပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Yun Wady Lwin Moe’s ig
Bilie: Cele Connections

error: Alert: Content is protected !!