



Source:Moe Hay Ko
ယူနီကုတ်ဖြင့်ဖတ်ရန်

” ပရိသတ်တွေပေးပို့ခဲ့တဲ့စာလွှာလေးတွေကိုတစ်ခုမကျန်ဖတ်ကာ Fanတွေနဲ့အမြန်ဆုံးဆုံချင်နေပြီဆိုတဲ့ မိုးဟေကို ”

Cele Connections ပရိသတ်ကြီးရေ မိုးဟေကိုကတော့ အချိန်အတော်ကြာ ရပ်တည်နေခဲ့တဲ့ နာမည်ကြီးထိပ်တန်း မော်ဒယ်လ်မင်းသမီးတစ်လက်ဖြစ်ပါတယ်။ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကိုလည်း ရိုက်ကူးခဲ့ပြီး အခုချိန်မှာတော့ ရုပ်ရှင်ဇာတ်ကားတွေ​ရိုက်ကူးမှုကြဲသွားပေမယ့်လည်း ပရိသတ်တွေကအားပေးလျက်ရှိဆဲပါ။

မကြာသေးမီကလည်း ပရိသတ်တွေအတွက် ​လတ်တလောကူးစက်မှုတွေပြန်လည်ဖြစ်ပွားလာတဲ့ Covid 19​ကူးစက်ရောဂါကာကွယ်ဖို့ Maskတပ်ဖို့သတိပေးခဲ့ပြီး လေ့ကျင့်ခန်းတွေပြုလုပ်ဖို့ တိုက်တွန်းလျက်ရှိတာပါ။ ဒီနေ့မှာတော့ “မိုးနဲ့မိုးမိသားစုအားလုံးနေကောင်းကြပါတယ်။မိုးလဲရှင်တို့လေးတွေကို အရမ်းလွမ်းနေပါပြီမကြာမီပြန်ဆုံကြမယ်”ဆိုတဲ့စာလေးနဲ့ အတူ သူမရဲ့ပရိသတ်တွေ ပေးတဲ့စာလွှာလေးတွေကို သူမရဲ့my dayမှာတင်လာခဲ့တာပါ။

မင်းသမီးတစ်လက်ဖြစ်ပေမယ့် သူမရဲ့Fanတွေအပေါ်အလေးထားချက်ကတော့ အံ့မခန်းပါပဲနော်။ CeleConnections ပရိသတ်ကြီးထဲမှာရော မိုးဟေကိုရဲ့ပရိသတ်တွေရှိရင်မှတ်ချက်ပေးခဲ့ပါဦးနော်။ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source:Moe Hay Ko
Candy -CeleConnections

error: Alert: Content is protected !!