တစ္နိုင္ငံလံုးကခ်စ္ၾကတဲ့မင္းသမီး သက္မြန္ျမင့္ရဲ့အလွအပကို စကားလံုးေတြနဲ့ ေဖာ္ျပျပီး ခ်ီးက်ဴးလိုက္တဲ့ မိုးစက္ဝိုင္

ျမင့္မားတဲ့အရပ္နဲ႔ ခ်ိဳသာတဲ့ အျပံဳေလးေတြရဲ႕ပိုင္႐ွင္ မုိးစက္ဝိုင္ကေတာ့ Miss Universe Myanmar (2013) ဆုရွင္တစ္ေယာက္ျဖစ္သလို ရုရွားနိုင္ငံ၊ ေမာ္စကိုျမိဳ့မွာ က်င္းပတဲ့ Miss Universe အလွမယ္ျပိဳင္ပြဲကို ျမန္မာနိုင္ငံကိုယ္စားျပဳအျဖစ္ သြားေရာက္ယွဥ္ျပိဳင္ခဲ့သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ အလွမယ္ဘဝထဲက ပရိသတ္ေတြရဲ႕ ခ်စ္ခင္အားေပးမႈေတြ ရရိွခဲ့တဲ့ မိုးစက္ဝိုင္က ေနာက္ပိုင္းမွာ ႐ုပ္႐ွင္ဇာတ္ကားႀကီးေတြမွာပါ ပါဝင္သရုပ္ေဆာင္ေနျပီပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ မိုးစက္ဝုိင္က သူမရဲ့ ကိုယ္တိုင္တံဆိပ္နဲ့ အလွကုန္လုပ္ငန္းတစ္ခုကိုလည္း ေအာင္ေအာင္ျမင္ျမင္တည္ေထာင္ထားတဲ့ စီးပြားေရးလုပ္ငန္းရွင္တစ္ေယာက္အျဖစ္ ရပ္တည္ေနလ်က္ရိွပါတယ္။

ဒီကေန့မွာေတာ့ မိုးစက္ဝိုင္က သူမရဲ့ Mozey နႈတ္ခမ္းနီေလးနဲ့ လွခ်င္တိုင္းလွေနတဲ့ မင္းသမီးေခ်ာေလး သက္မြန္ျမင့္ရဲ့အလွအပကို ခ်ီးက်ဴးစကားဆိုထားတာကို ေတြ့ရပါတယ္။ မိုးစက္ဝုိင္က “ခ်စ္လွစြာေသာ မမသက္မြန္.. အရယ္သန္ေသာ ေအးခ်မ္းေသာ မ်က္နွာပိုင္ရွင္ မမသက္မြန္ အရမ္းခ်စ္” ဆိုျပီး သက္မြန္ျမင့္ရဲ့ အလွအပေတြကို ခ်ီးက်ဴးျပီး အရမ္းခ်စ္တဲ့အေၾကာင္းေတြကို ေျပာထားတာပဲ ျဖစ္ပါတယ္။

သက္မြန္ျမင့္ကေတာ့ ေအးခ်မ္းတဲ့မ်က္နွာေလးကို ပိုင္ဆိုင္တာမို့ ပရိသတ္ေတြသာမက အနုပညာရွင္အခ်င္းခ်င္းကပါ ခ်စ္ၾကသူေလးတစ္ေယာက္ပဲ ျဖစ္ပါတယ္။ သက္မြန္ျမင့္လည္း မိုးစက္ရဲ့ စကားေလးေၾကာင့္ ၾကည္နူးေနမိမွာ ေသခ်ာပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Moe Sett Wine’s fb
Bilie: Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

တစ်နိုင်ငံလုံးကချစ်ကြတဲ့မင်းသမီး သက်မွန်မြင့်ရဲ့အလှအပကို စကားလုံးတွေနဲ့ ဖော်ပြပြီး ချီးကျူးလိုက်တဲ့ မိုးစက်ဝိုင်

မြင့်မားတဲ့အရပ်နဲ့ ချိုသာတဲ့ အပြုံလေးတွေရဲ့ပိုင်ရှင် မိုးစက်ဝိုင်ကတော့ Miss Universe Myanmar (2013) ဆုရှင်တစ်ယောက်ဖြစ်သလို ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ကျင်းပတဲ့ Miss Universe အလှမယ်ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အလှမယ်ဘဝထဲက ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေ ရရှိခဲ့တဲ့ မိုးစက်ဝိုင်က နောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ပါဝင်သရုပ်ဆောင်နေပြီပဲ ဖြစ်ပါတယ်။ ဒါ့အပြင် မိုးစက်ဝိုင်က သူမရဲ့ ကိုယ်တိုင်တံဆိပ်နဲ့ အလှကုန်လုပ်ငန်းတစ်ခုကိုလည်း အောင်အောင်မြင်မြင်တည်ထောင်ထားတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်အဖြစ် ရပ်တည်နေလျက်ရှိပါတယ်။

ဒီကနေ့မှာတော့ မိုးစက်ဝိုင်က သူမရဲ့ Mozey နှုတ်ခမ်းနီလေးနဲ့ လှချင်တိုင်းလှနေတဲ့ မင်းသမီးချောလေး သက်မွန်မြင့်ရဲ့အလှအပကို ချီးကျူးစကားဆိုထားတာကို တွေ့ရပါတယ်။ မိုးစက်ဝိုင်က “ချစ်လှစွာသော မမသက်မွန်.. အရယ်သန်သော အေးချမ်းသော မျက်နှာပိုင်ရှင် မမသက်မွန် အရမ်းချစ်” ဆိုပြီး သက်မွန်မြင့်ရဲ့ အလှအပတွေကို ချီးကျူးပြီး အရမ်းချစ်တဲ့အကြောင်းတွေကို ပြောထားတာပဲ ဖြစ်ပါတယ်။

သက်မွန်မြင့်ကတော့ အေးချမ်းတဲ့မျက်နှာလေးကို ပိုင်ဆိုင်တာမို့ ပရိသတ်တွေသာမက အနုပညာရှင်အချင်းချင်းကပါ ချစ်ကြသူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ သက်မွန်မြင့်လည်း မိုးစက်ရဲ့ စကားလေးကြောင့် ကြည်နူးနေမိမှာ သေချာပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Moe Sett Wine’s fb
Bilie: Cele Connections

error: Alert: Content is protected !!