” တက်တူး​အပြည့်နဲ့ ခပ်မိုက်မိုက်ပုံစံဖြစ်နေတဲ့ ခင်ပွန်းသည်ရွှေထူးကို ချစ်မဝဖြစ်ကာဂိုဏ်းစတားလို့ အရွှန်း​ဖောက်စနောက်ခဲ့တဲ့ ရွှေမှုံရတီ”




Source: Shwe Hmone Yati
ယူနီကုတ်ဖြင့်ဖတ်ရန်

” တက်တူး​အပြည့်နဲ့ ခပ်မိုက်မိုက်ပုံစံဖြစ်နေတဲ့ ခင်ပွန်းသည်ရွှေထူးကို ချစ်မဝဖြစ်ကာ.ဂိုဏ္းစတားလို့ အရွှန်း​ေဖာက်စနောက်ခဲ့တဲ့ ရွှေမှုံရတီ”

CeleConnections ပရိသတ်ကြီးရေ ရွှေမှုံရတီကတော့ အသက်ငယ်ငယ်လေးထဲက အနုပညာလော
ကထဲကိုဝင်ရောက်ခဲ့သူပဲ ဖြစ်ပါတယ် ။ အသက်ငယ်ပေမယ့်လည်း တကယ့်ကို သရုပ်ဆောင်ပီပြင်ကောင်းမွန်ပြီး အမြဲချေမိုးနေတဲ့ စတိုင်လေးကလည်း သူများနဲ့မတူတဲ့ထူးခြားတဲ့ သူမရဲ့စတိုင်ဆိုလည်းမမှားပါဘူးနော်။

အဆိုတော်ရွှေထူးနဲ့ အိမ်ထောင်ကျကာ ရွှေစုံတွဲလို့ ပရိသတ်တွေ ချစ်စနိုးခေါ်ကြကာ မြင်သူတိုင်း ကြည်နူးအောင် အမြဲတမ်း ရိုနေတဲ့ စုံတွဲဆိုတာ ပရိသတ်တွေလည်း သိပြီးဖြစ်မှာပါနော် ။ သူတို့စုံတွဲဟာ အမှတ်တရနေ့တွေမှာလည်း တစ်ယောက်ကို တစ်ယောက် အပြန်လှန် Surprise တွေလုပ်ပြီးသူများတွေ အားကျရလောက်အောင် တစ်ယောက်နဲ့တစ်ယောက်အရမ်းချစ်ကြောင်းသက်သေပြလေ့ရှိကြတာပါပဲနော်။

ဒီနေ့မှာလည်း ” ကျွန်မယောကျာ်း …..ဂိုဏ်းစတား ”ဆိုတဲ့စာလေးနဲ့ ဇနီးမောင်နှံနှစ်ယောက်ရဲ့ပုံလေးတွေကိုဝေမျှခဲ့တာပါ။ ယောကျာ်းဖြစ်သူရဲ့တက်တူးတွေအပြည့်နဲ့ ခပ်မိုက်မိုက်ပုံစံကို ချစ်မဝဖြစ်ကာ စနောက်ပြီး ပြောလာခဲ့တဲ့ ရွှေ​နှစ်ရွှေစုံတွဲကတော့ ဘယ်ချိန်ကြည့်ကြည့်ကြည်နူးစရာကောင်းနေတာပါပဲနော်။ CeleConnections ပရိသတ်တွေအတွက် ရွှေမှုံရတီ တို့ဇနီးမောင်နှံရဲ့လိုက်ဖက်ညီတဲ့ စုံတွဲပုံရိပ်လေးတွေကို ကြည့်ပြီး သဘောကျရင်မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။ဖတ်ရှုပေးကြတဲ့ CeleConnections ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Shwe Hmone Yati
Candy -CeleConnections

error: Alert: Content is protected !!