



Source: Htoo Khant’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

မြင့်မြတ်နဲ့ K ညီတို့ ဈေးရောင်းတာကိုကြည့်ပြီး သဘောကျရယ်မောရကြောင်း ပွင့်ပွင့်လင်းလင်းပြောလာတဲ့ ရွှေထူး

ပရိသတ်တွေရဲ့ ခံစားချက်နဲ့ တိုက်ဆိုက်တဲ့ သီချင်းကောင်းလေးတွေကို သီဆိုတတ်တဲ့ အဆိုတော်တစ်ဦးဖြစ်တဲ့ ရွှေထူးက အမြို့မြို့အနယ်နယ်က ပရိသတ်တွေရဲ့ အားပေးခြင်းကို ခံရသူတစ်ဦး ဖြစ်ပါတယ်။ ရွှေထူးက လက်ရှိမှာလည်း သီချင်းအသစ်တွေ ဖန်တီးရင်း မင်းသမီးချောလေး ရွှေမှုံရတီနဲ့အတူတူ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ရွှေထူးကတော့ ရုပ်ရှင်သရုပ်ဆောင်အဖြစ်လည်း ရပ်တည်နေပြီဆိုပေမယ့် လက်ရှိမှာတော့ ရုပ်ရှင်ရိုက်ကူးခြင်းတွေရပ်နားကာ အိမ်မှာပဲ သီချင်းသစ်တွေကို ဖန်တီးပေးနေတာပဲ ဖြစ်ပါတယ်။

အိမ်ထဲမှာနေရင်း အနုပညာရှင်အချင်းချင်း အားပေးဝန်းရံဖြစ်နေတဲ့ ရွှေထူးက ဒီတစ်ခေါက်မှာလည်း မြင့်မြတ်၊ K ညီ၊ ထူးခြားတို့ရဲ့ အွန်လိုင်းပေါ်မှာ ဈေးရောင်းပုံလေးကိုကြည့်ပြီး သဘောကျနေပြန်တာပဲ ဖြစ်ပါတယ်။ ရွှေထူးက မြင့်မြတ်တို့ ဈေးရောင်းနေတဲ့ ပို့စ်လေးကို သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ Share ပြီး “ကိုမြင့်မြတ်တို့ ဈေးရောင်းတာကြည့်ပြီး ရယ်နေရတယ်” ဆိုပြီး ပွင့်ပွင့်လင်းလင်းပြောဆိုထားတာပဲ ဖြစ်ပါတယ်။

ရွှေထူးရဲ့ ဇနီး ရွှေမှုံရတီနဲ့ မြင့်မြတ်ကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေ တော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အပြင်မှာလည်း ခင်မင်ရင်းနှီးကြတဲ့ အနုပညာညီအစ်ကို မောင်နှမများ ဖြစ်ကြပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Htoo Khant’s fb
Bilie: Cele Connections

error: Alert: Content is protected !!