



Source: Thansin Maung
ယူနီကုတ်ဖြင့်ဖတ်ရန်

” အဖေဖြစ်သူရဲ့မွေးနေ့ကို ပျော်ပျော်ရွှင်ရွှင်မိသားစုလိုက်ဖြတ်သန်းနေတဲ့ပုံရိပ်တွေနဲ့ အတူမွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့တဲ့ သံစဉ်မောင်ရဲ့ ဗီဒီယိုဖိုင် ”

CeleConnections ပရိသတ်ကြီးရေ သံစဉ်မောင်ကတော့ နာမည်ကြီးသရုပ်ဆောင်မင်းသမီး ဘေဘီမောင်ရဲ့ညီမလေးဖြစ်ပါတယ်။ သံစဉ်မောင်ကတော့မကြာသေးမီက တရားရင်ဆိုင်မှုဖြစ်ထားတဲ့ မင်းသားနေဒွေးနဲ့အမှုကိုတရားကျေအေးပေးခံပြီး လက်ရှိမှာ အေးချမ်းတည်ငြိမ်စွာနဲ့ အနုပညာအလုပ်တွေကိုလုပ်ကိုင်နေတဲ့အပြင် မိသားစုနဲ့လည်း ပျော်ရွှင်အေးချမ်းစွာဘဝကိုဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။

အမြဲပျော်ပျော်နေတတ်ပြီး သူမရဲ့အကောင့်ကနေ ပျော်ရွှင်ဖွယ်ကောင်းတဲ့မိသားစုပုံရိပ်တွေကို Liveလွှင့်လေ့လည်းရှိပါသေးတယ်။ ဒီနေ့မှာလည်း ” Happy birthday ပါဖေကြီးရေ 🎂ချစ်ရတဲ့ သမီးတို့ မောင်နှမ သုံးယောက်နဲ့အတူ
အသက်ရာကျော်ရှည်စွာ နေထိုင်နိုင်ပါစေ ❤️Love you so much my daddy ” ဆိုတဲ့စာလေးနဲ့ သူမရဲ့ဖေဖေအတွက်ဆုတောင်းပေးခဲ့တာပါ။

ဒီနေ့မှာကျရောက်တဲ့ သံစဉ်မောင်နဲ့ဘေဘီမောင်တို့ရဲ့ အဖေအတွက် မွေးနေ့ဆုတောင်းစကားလေးပြောပေးခဲ့ပါဦး CeleConnections ပရိသတ်ကြီးရေ ။ ဖတ်ရှုပေးကြတဲ့ CeleConnections ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Thansin Maung
Candy – CeleConnections

error: Alert: Content is protected !!