” အားနည္းခ်က္ကိုလာႏွိမ္ၿပီး ဖိႏွိပ္ေျပာေနတဲ့သူေတြကို မေစာ္ကားကားဖို႔ အႀကီးအက်ယ္သတိေပးလိုက္တဲ့ သုသု”

CeleConnections ပရိသတ္ႀကီးေရမိတ္ကပ္ပညာရွင္ ညီညီေမာင္ ( စမ္းေခ်ာင္း ) ကေတာ့ မိတ္ကပ္နဲ႔ပတ္သက္လာရင္ အႏုပညာအသိုင္းအဝိုင္းမွာတင္မကဘဲ ပရိသတ္ေတြပါ အားထားရတဲ့ မိတ္ကပ္ဖန္တီးရွင္တစ္ေယာက္ပါပဲေနာ္။ ခ်စ္တဲ့ပရိသတ္ေတြနဲ႔ အႏုပညာရွင္ေတာ္ေတာ္မ်ားမ်ားက ခ်စ္စႏိုးနဲ႔ သုသုလို႔ ေခၚေလ့ရွိၾကတာပဲ ျဖစ္ပါတယ္။ ေအာင္ျမင္တဲ့ မိတ္ကပ္ပညာရွင္ျဖစ္ေပမယ့္ ဟိတ္ဟန္ေတြမရွိဘဲ အၿမဲ ေပါ့ေပါပါးပါး ပြင့္ပြင့္လင္းလင္းေနတတ္သူဆိုလည္း မမွားပါဘူးေနာ္ ။

သုသုပါဝင္ထားတဲ့ ” က်ားက်ားႀကိဳက္ႀကိဳက္” ႐ုပ္ရွင္ဇာတ္ကားႀကီးကေတာ့ ပရိသတ္ေတြ တခဲနက္အားေပးခဲ့ၾကတယ္လို႔ ဆိုရမွာပါ။မၾကာခင္မွာလည္း သုသုပါဝင္ထားတဲ့႐ုပ္ရွင္ဇာတ္ကားသစ္ေတြ ထပ္မံေပၚထြက္လာဦးမယ္လို႔ သိရပါတယ္။ေပ်ာ္ေပ်ာ္ေနတတ္တဲ့ သုသုကေတာ့ ဟာသဗီဒီယိုေလးေတြကို သူ႔ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာမွာ မၾကာမၾကာ တင္ေလ့ရွိတဲ့သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။

ဒီေန႔မွာေတာ့ ” အာ႐ုံေနာက္လို႔ ပို႔စ္ဖ်က္လိုက္ပါတယ္ ျပန္ေျပာတာမခံခ်င္မန႔္ေတြမွာ စလာၿပီးမေစာ္ကားပါနဲ႔က်မ ဆယ္လီလဲမဟုတ္ပါဘူး က်မ တရာသမားလဲမဟုတ္ပါဘူး က်မကိုေျပာရင္ ျပန္ေျပာတက္ပါတယ္ ႏွစ္ဆနာေအာင္ အားနည္းခ်က္ကိုလာႏွိမ္ရင္ပိုေျပာတက္ပါတယ္ ေပ်ာ္ရ​ေအာင္ ဗိ႐ီုေတြတင္တာပါ ေစာ္ကားဖို႔မဟုတ္ပါဘူးရွင္ မေက်နပ္လို႔ ဘေလာ့ပါတယ္ ေစာ္ကားရင္ျပန္ေျပာပါတယ္ ခုလို မြန္းၾကပ္ေနခ်ိန္မွာ လာေစာ္ကားရင္ျပန္႐ိုင္းပါတယ္က်မ လူသား ထဲက လူပါ မေက်နပ္ မၾကည့္နဲ႔ေက်ာ္သြားပါ ဘယ္သူမွဂုတ္ဆြဲ မၾကည့္ခိုင္းပါဘူး က်မ သာမန္လူ ပါ Ok ”ဆိုတဲ့စာေလးနဲ႔ သူ႔ရဲ႕ခံစားခ်က္ေတြကို ရင္ဖြင့္ခဲ့တာပါ။အၿမဲေပ်ာ္ေပ်ာ္ေနတတ္တဲ့ သုသုကေတာ့ဒီတစ္ခါအရမ္းကိုစိတ္ဆိုးသြားပုံ​ပါပဲေနာ္။ သူ႔ရဲ႕ အေပ်ာ္ဗီဒီယိုဖိုင္ေလးကိုလည္း ဖ်က္ပစ္ခဲ့တာပါ။ဖတ္ရႈေပးၾကတဲ့ CeleConnections ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source – Nyi Nyi Maung
Candy -CeleConnections
ယူနီကုတ္ျဖင့္ဖတ္ရန္

” အားနည်းချက်ကိုလာနှိမ်ပြီး ဖိနှိပ်ပြောနေတဲ့သူတွေကို မစော်ကားကားဖို့ အကြီးအကျယ်သတိပေးလိုက်တဲ့ သုသု”

CeleConnections ပရိသတ်ကြီးရေမိတ်ကပ်ပညာရှင် ညီညီမောင် ( စမ်းချောင်း ) ကတော့ မိတ်ကပ်နဲ့ပတ်သက်လာရင် အနုပညာအသိုင်းအဝိုင်းမှာတင်မကဘဲ ပရိသတ်တွေပါ အားထားရတဲ့ မိတ်ကပ်ဖန်တီးရှင်တစ်ယောက်ပါပဲနော်။ ချစ်တဲ့ပရိသတ်တွေနဲ့ အနုပညာရှင်တော်တော်များများက ချစ်စနိုးနဲ့ သုသုလို့ ခေါ်လေ့ရှိကြတာပဲ ဖြစ်ပါတယ်။ အောင်မြင်တဲ့ မိတ်ကပ်ပညာရှင်ဖြစ်ပေမယ့် ဟိတ်ဟန်တွေမရှိဘဲ အမြဲ ပေါ့ပေါပါးပါး ပွင့်ပွင့်လင်းလင်းနေတတ်သူဆိုလည်း မမှားပါဘူးနော် ။

သုသုပါဝင်ထားတဲ့ ” ကျားကျားကြိုက်ကြိုက်” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ပရိသတ်တွေ တခဲနက်အားပေးခဲ့ကြတယ်လို့ ဆိုရမှာပါ။မကြာခင်မှာလည်း သုသုပါဝင်ထားတဲ့ရုပ်ရှင်ဇာတ်ကားသစ်တွေ ထပ်မံပေါ်ထွက်လာဦးမယ်လို့ သိရပါတယ်။ပျော်ပျော်နေတတ်တဲ့ သုသုကတော့ ဟာသဗီဒီယိုလေးတွေကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ မကြာမကြာ တင်လေ့ရှိတဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ” အာရုံနောက်လို့ ပို့စ်ဖျက်လိုက်ပါတယ် ပြန်ပြောတာမခံချင်မန့်တွေမှာ စလာပြီးမစော်ကားပါနဲ့ကျမ ဆယ်လီလဲမဟုတ်ပါဘူး ကျမ တရာသမားလဲမဟုတ်ပါဘူး ကျမကိုပြောရင် ပြန်ပြောတက်ပါတယ် နှစ်ဆနာအောင် အားနည်းချက်ကိုလာနှိမ်ရင်ပိုပြောတက်ပါတယ် ပျော်ရ​အောင် ဗိရီုတွေတင်တာပါ စော်ကားဖို့မဟုတ်ပါဘူးရှင် မကျေနပ်လို့ ဘလော့ပါတယ် စော်ကားရင်ပြန်ပြောပါတယ် ခုလို မွန်းကြပ်နေချိန်မှာ လာစော်ကားရင်ပြန်ရိုင်းပါတယ်ကျမ လူသား ထဲက လူပါ မကျေနပ် မကြည့်နဲ့ကျော်သွားပါ ဘယ်သူမှဂုတ်ဆွဲ မကြည့်ခိုင်းပါဘူး ကျမ သာမန်လူ ပါ Ok ”ဆိုတဲ့စာလေးနဲ့ သူ့ရဲ့ခံစားချက်တွေကို ရင်ဖွင့်ခဲ့တာပါ။အမြဲပျော်ပျော်နေတတ်တဲ့ သုသုကတော့ဒီတစ်ခါအရမ်းကိုစိတ်ဆိုးသွားပုံ​ပါပဲနော်။ သူ့ရဲ့ အပျော်ဗီဒီယိုဖိုင်လေးကိုလည်း ဖျက်ပစ်ခဲ့တာပါ။ဖတ်ရှုပေးကြတဲ့ CeleConnections ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source – Nyi Nyi Maung
Candy -CeleConnections

error: Alert: Content is protected !!