ပင္လယ္ကမ္းစပ္က ေနဝင္ခ်ိန္ေလးမွာ ခ်စ္သူဆီက လက္ထပ္ခြင့္ေတာင္းခံခဲ့ရတဲ့ ၾကည္နူးစရာဗီဒီယိုေလးကို မွ်ေဝေပးလာတဲ့ အမြန္း

သီခ်င္းဆိုေကာင္းရံုသာမက အသားအရည္ညိဳစိမ့္စိမ့္ေလးနဲ့ လွတဲ့ အမြန္းဟာ နိုင္ငံျခားေမာ္ဒယ္ေတြေတာင္ အရႈံးေပးရေလာက္တဲ့ ကိုယ္ပိုင္စတိုင္လ္ရိွသူတစ္ေယာက္ပါ။ အမြန္းက သူမရဲ့ အတြင္းေရးနဲ့ ပက္သတ္ျပီး လွ်ိဳ့ဝွက္ဖံုးကြယ္ထားျခင္းမရိွသလို သူမရဲ့ အိမ္ေထာင္ေရးနဲ့ ပက္သတ္ျပီးလည္း ပရိသတ္ေတြကို ပြင့္ပြင့္လင္းလင္း ခ်ျပထားသူတစ္ေယာက္ ျဖစ္ပါတယ္။ အမြန္းက ျပီးခဲ့တဲ့ (၂၀၂၀) ဇန္နဝါရီလအတြင္းကပဲ သူမရဲ့ခ်စ္သူ နိုင္ငံျခားသားေလးဆီက လက္ထပ္ခြင့္ေတာင္းခံထားရေၾကာင္း လူမႈကြန္ယက္စာမ်က္နွာကေနတဆင့္ ပရိသတ္ေတြအားလံုးကို အသိေပးထားတာပဲ ျဖစ္ပါတယ္။

ေစ့စပ္ေၾကာင္းလမ္းျပီးျပီျဖစ္ျပီး မၾကာခင္အခ်ိန္အတြင္းမွာ လက္ထပ္ေတာ့မယ့္ အမြန္းက ဒီကေန့မွာေတာ့ သူမရဲ့ ခင္ပြန္းေလာင္းဆီမွာ လက္ထပ္ခြင့္ေတာင္းခံရတဲ့ ဗီဒီယိုေလးကို မွ်ေဝေပးလာပါတယ္။ အမြန္းက ျပီးခဲ့တဲ့ (၂၀၁၉)ခုနွစ္ ၾသဂုတ္လမွာ ပင္လယ္ကမ္းေျခတစ္ခုက စားေသာက္ဆိုင္မွာပဲ ခ်စ္သူဆီကေန ဒူးေထာက္ျပီး လက္ထပ္ခြင့္ေတာင္းခံရတဲ့ ၾကည္နူးစရာ အမွတ္တရေလးကို အခုလိုပဲ ခ်ျပလာခဲ့တာ ျဖစ္ပါတယ္။

အမြန္းတို့ ခ်စ္သူနွစ္ေယာက္ကေတာ့ လူမ်ိဳးခ်င္းမတူ၊ ေနထိုင္ရာ နိုင္ငံေဒသေတြမတူေပမယ့္ တူညီတဲ့ အခ်စ္စစ္ အခ်စ္မွန္တစ္ခုတည္းနဲ့ လက္တြဲခဲ့တာ ခ်စ္သူသက္တမ္း (၄) နွစ္ေက်ာ္ေတာင္ရိွျပီပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း အမြန္းရဲ့ ဗီဒီယိုေလးကိုၾကည့္ျပီး အေပ်ာ္ေတြကူးစက္သြားမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Ah Moon’s fb
Bilie: Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ပင်လယ်ကမ်းစပ်က နေဝင်ချိန်လေးမှာ ချစ်သူဆီက လက်ထပ်ခွင့်တောင်းခံခဲ့ရတဲ့ ကြည်နူးစရာဗီဒီယိုလေးကို မျှဝေပေးလာတဲ့ အမွန်း

သီချင်းဆိုကောင်းရုံသာမက အသားအရည်ညိုစိမ့်စိမ့်လေးနဲ့ လှတဲ့ အမွန်းဟာ နိုင်ငံခြားမော်ဒယ်တွေတောင် အရှုံးပေးရလောက်တဲ့ ကိုယ်ပိုင်စတိုင်လ်ရှိသူတစ်ယောက်ပါ။ အမွန်းက သူမရဲ့ အတွင်းရေးနဲ့ ပက်သတ်ပြီး လျှို့ဝှက်ဖုံးကွယ်ထားခြင်းမရှိသလို သူမရဲ့ အိမ်ထောင်ရေးနဲ့ ပက်သတ်ပြီးလည်း ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ချပြထားသူတစ်ယောက် ဖြစ်ပါတယ်။ အမွန်းက ပြီးခဲ့တဲ့ (၂၀၂၀) ဇန်နဝါရီလအတွင်းကပဲ သူမရဲ့ချစ်သူ နိုင်ငံခြားသားလေးဆီက လက်ထပ်ခွင့်တောင်းခံထားရကြောင်း လူမှုကွန်ယက်စာမျက်နှာကနေတဆင့် ပရိသတ်တွေအားလုံးကို အသိပေးထားတာပဲ ဖြစ်ပါတယ်။

စေ့စပ်ကြောင်းလမ်းပြီးပြီဖြစ်ပြီး မကြာခင်အချိန်အတွင်းမှာ လက်ထပ်တော့မယ့် အမွန်းက ဒီကနေ့မှာတော့ သူမရဲ့ ခင်ပွန်းလောင်းဆီမှာ လက်ထပ်ခွင့်တောင်းခံရတဲ့ ဗီဒီယိုလေးကို မျှဝေပေးလာပါတယ်။ အမွန်းက ပြီးခဲ့တဲ့ (၂၀၁၉)ခုနှစ် သြဂုတ်လမှာ ပင်လယ်ကမ်းခြေတစ်ခုက စားသောက်ဆိုင်မှာပဲ ချစ်သူဆီကနေ ဒူးထောက်ပြီး လက်ထပ်ခွင့်တောင်းခံရတဲ့ ကြည်နူးစရာ အမှတ်တရလေးကို အခုလိုပဲ ချပြလာခဲ့တာ ဖြစ်ပါတယ်။

အမွန်းတို့ ချစ်သူနှစ်ယောက်ကတော့ လူမျိုးချင်းမတူ၊ နေထိုင်ရာ နိုင်ငံဒေသတွေမတူပေမယ့် တူညီတဲ့ အချစ်စစ် အချစ်မှန်တစ်ခုတည်းနဲ့ လက်တွဲခဲ့တာ ချစ်သူသက်တမ်း (၄) နှစ်ကျော်တောင်ရှိပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အမွန်းရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Ah Moon’s fb
Bilie: Cele Connections

error: Alert: Content is protected !!