တကၠသိုလ္ေက်ာင္းမွာ ၾကိဳက္တဲ့ေကာင္ေလးနဲ့ သူငယ္ခ်င္းကို ေအာင္သြယ္ခိုင္းမိရာမွ ေအာင္သြယ္နဲ့ညားသြားတဲ့အေၾကာင္း ဟာသေျပာလာတဲ့ ညီညီေမာင္(စမ္းေခ်ာင္း)

နိုင္ငံေက်ာ္ မိတ္ကပ္ပညာရွင္တစ္ေယာက္ျဖစ္တဲ့ ညီညီေမာင္(စမ္းေခ်ာင္း)က ေပ်ာ္ေပ်ာ္ေနတတ္ျပီး ပြင့္လင္းစြာေနထိုင္တတ္သူမို့ ပရိသတ္ေတြရဲ့ အားေပးမႈကို ရရိွပိုင္ဆိုင္ထားသူ ျဖစ္ပါတယ္။ ညီညီေမာင္(စမ္းေခ်ာင္း)က ပရိသတ္ေတြ ေပ်ာ္ရႊင္ေစဖို့ ဟာသဗီဒီယိုေလးေတြကို မွ်ေဝေပးေလ့ရိွသလို သူ့ဘဝမွာ ၾကံဳေတြ့ရတဲ့ အလြဲေတြကိုလည္း အမွတ္တရေလးေတြ ေျပာေပးေလ့ရိွတာပဲ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ ညီညီေမာင္(စမ္းေခ်ာင္း)က တကၠသိုလ္ေက်ာင္းမွာ ျဖစ္တဲ့အမွတ္တရအေၾကာင္းေလးကို အခုလိုပဲ ေျပာျပလာပါတယ္။

“ဆယ္တန္းေအာင္လို တကၠသိုလ္တက္ရမယ္ဆိုေတာ စာေမးပြဲေျဖရာနယ္ေျမေတြ နဲ႔ တကၠသိုလ္ေနရာခြဲေတာ့ သန္လ်င္ အေရွ႕ပိုင္းတကၠသိုလ္မွာတက္ဖို႔ ခြဲတမ္းထဲပါသြားပါေလေရာ။ ကိုယ္ေတြကလည္း ဘယ္မွာတက္ရတက္ရ ေက်ာင္းတက္ရၿပီးေရာေလ။ ဆယ္တန္းေအာင္ၿပီး ဘြဲ့တစ္ခုမွမရရင္ မိသားစုမွာတစ္သတ္လုံး အဝုန္းထိမွာဆိုေတာ့ ျမန္တက္ျမန္ျမန္ဘြဲ့ရမွ အဝုန္းလြတ္မယ္ေလ။ အေဝးသင္ဆိုေတာ့ (၂၀၀၁) ဝန္းက်င္ေလာက္က Botany ဆိုေတာ့ စေန တနဂၤေႏြပဲတက္ရတာ ဝတ္စားကိုလဲ စိတ္ႀကိဳက္ဝတ္ခြင့္ရွိတယ္ဆိုေတာ့ကာ ဂ်င္းေဘာင္းဘီဖင္က်ပ္၊ လက္ကိုင္းတစ္ႀကိဳးအက်၊ႌ ႀကီးမားတဲ့ေယာက်ာ္း ပခုံးအုပ္ဖို အဲ့ေခတ္က ေခတ္စားတဲ့ ေအေကသား အေပၚထပ္ေလးဝတ္၊ စလင္းဘတ္ကိုလြယ္၊ လက္မွာေတာ့ စာအုပ္ပိုက္၊ တကၠသိုလ္ေက်ာင္းသူမႀကီးပါေပါ့ ေဘးအျမင္မွာေတာ့ေတာ္ေတာ္မေထာ္မွာေနာ္😁”

“တာဝေက်ာင္းေတာ္ႀကီးရဲ႕ အလွအပက ကိုယ္လိုပဲထင္ခဲ့တာ။ အဲ့အခ်ိန္အခါက တစ္ေက်ာင္းလုံး အေျခာက္ဆိုလို့ ကိုယ္ပဲရွိေတာ့ ကိုယ္ေတြ စာသင္ခ်ိန္ ပရယ္တီကယ္ခ်ိန္ဆို တျခားအတန္းက အေမာင္ ေက်ာင္းသားေတြလာၾကည့္ၾကတာ (သူတို႔ကေတာ့ အေျခာက္မို႔ေနမွာပါ)ကိုယ္ကေတာ့ ကိုယ္လွလို႔ပဲ စိတ္ထဲသြင္းထားတာ။ အပ်ိဳေဘာ္ဝင္ မိန္းမလ်ာတစ္ဦးအေနနဲ့ သူစိမ္းေယာက်ာ္းတေယာက္ကိုရင္ခုန္တာ ဆန္းသလားရွင္။ ကၽြန္မအတြက္ေတာ့ ဆန္းေနတယ္။ က်ဴရွင္ေတြတက္ေတာ့ ကၽြန္မရင္ခုန္တဲ့ ေကာင္ေလး နဲ႔ ကၽြန္မက်ဴရွင္ အတူတူပဲ။ ကၽြန္မလည္း က်ဴရွင္ဆင္းတာနဲ႔ ဘယ္ရမလဲ။ အဲေကာင္ေလးကို ရည္းစားစာလိုက္ေပးတာ။ ကၽြန္မဘဝရဲ႕စြန႔္စားမႈ႕ေပါ့ေနာ္။ သူ့ခဗ်ာ ကၽြန္မကိုေတြရင္ေပးၿပီ သူနဲ႔ကၽြန္မ မသိရင္ လမ္းေလ်ာက္ၿပိဳင္ပြဲဝင္ေနသလိုပဲ😂 ”

“တစ္ပတ္ကေန ႏွစ္ပတ္ေလာက္ၾကာလာေတာ့ ကၽြန္မသူငယ္ခ်င္း အစစ္မ (ခုစာေရးေနတဲ့အခ်ိန္ထိ ခ်စ္တုန္းကပဲ) အဲလိုမလုပ္ရဘူး မိန္းကေလးဆိုတာ ေနတက္ရတယ္။ ၿငိမ္ေန ငါလုပ္ျပမယ္ဆိုၿပီး ကူညီမလိုနဲ႔ သူက ေအာင္သြယ္လိုဘာလို လုပ္ရင္း သူနဲ႔ ခ်စ္သူ ျဖစ္သြားပါေလေရာ (စံပယ္ရယ္ သူငယ္ခ်င္းေတြမို႔ေပါ့)အခ်စ္ဆုံးသူငယ္ခ်င္းျဖစ္ေနေတာ့ ေျပာရလည္းခက္ ကိုယ္လည္းေျခတလွမ္းေနာက္ဆုတ္လိုက္ပါတယ္။ အခုေတာ့ လက္စားေျခလိုရေတာ့မယ္။ သူငယ္ခ်င္း မ ေရာ က်မေကာင္ေလးေရာ ေနာင္တရေစရမယ္။ သူတို႔မွာ ခ်စ္စရာေကာင္းၿပီးေခ်ာတဲ့ သားေလးႏွစ္ေယာက္ေမြးထားတယ္ ဘယ္သူရရ ရေအာင္ယူ ၿပီး က်မ က ေယာကၡမႀကီးလို႔ကို အားရပါးရ ေခၚ ခ်လိုက္ဦးမွာ” ဆိုျပီး သူ့ရဲ့ အျဖစ္ေလးကို ဟာသေျပာလာတာပဲ ျဖစ္ပါတယ္။

ညီညီေမာင္ (စမ္းေခ်ာင္း) ကေတာ့ တကၠသိုလ္ေက်ာင္းမွာ သူငယ္ခ်င္းကို ၾကိဳက္တဲ့ေကာင္ေလးနဲ့ ေအာင္သြယ္ခိုင္းမိရာမွ ေအာင္သြယ္နဲ့ညားသြားတဲ့အေၾကာင္းကို အမွတ္တရေလး ေျပာလာတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Nyi Nyi Maung’s fb
Bilie: Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

တက္ကသိုလ်ကျောင်းမှာ ကြိုက်တဲ့ကောင်လေးနဲ့ သူငယ်ချင်းကို အောင်သွယ်ခိုင်းမိရာမှ အောင်သွယ်နဲ့ညားသွားတဲ့အကြောင်း ဟာသပြောလာတဲ့ ညီညီမောင်(စမ်းချောင်း)

နိုင်ငံကျော် မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ ညီညီမောင်(စမ်းချောင်း)က ပျော်ပျော်နေတတ်ပြီး ပွင့်လင်းစွာနေထိုင်တတ်သူမို့ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ညီညီမောင်(စမ်းချောင်း)က ပရိသတ်တွေ ပျော်ရွှင်စေဖို့ ဟာသဗီဒီယိုလေးတွေကို မျှဝေပေးလေ့ရှိသလို သူ့ဘဝမှာ ကြုံတွေ့ရတဲ့ အလွဲတွေကိုလည်း အမှတ်တရလေးတွေ ပြောပေးလေ့ရှိတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ညီညီမောင်(စမ်းချောင်း)က တက္ကသိုလ်ကျောင်းမှာ ဖြစ်တဲ့အမှတ်တရအကြောင်းလေးကို အခုလိုပဲ ပြောပြလာပါတယ်။

“ဆယ်တန်းအောင်လို တက္ကသိုလ်တက်ရမယ်ဆိုတော စာမေးပွဲဖြေရာနယ်မြေတွေ နဲ့ တက္ကသိုလ်နေရာခွဲတော့ သန်လျင် အရှေ့ပိုင်းတက္ကသိုလ်မှာတက်ဖို့ ခွဲတမ်းထဲပါသွားပါလေရော။ ကိုယ်တွေကလည်း ဘယ်မှာတက်ရတက်ရ ကျောင်းတက်ရပြီးရောလေ။ ဆယ်တန်းအောင်ပြီး ဘွဲ့တစ်ခုမှမရရင် မိသားစုမှာတစ်သတ်လုံး အဝုန်းထိမှာဆိုတော့ မြန်တက်မြန်မြန်ဘွဲ့ရမှ အဝုန်းလွတ်မယ်လေ။ အဝေးသင်ဆိုတော့ (၂၀၀၁) ဝန်းကျင်လောက်က Botany ဆိုတော့ စနေ တနင်္ဂနွေပဲတက်ရတာ ဝတ်စားကိုလဲ စိတ်ကြိုက်ဝတ်ခွင့်ရှိတယ်ဆိုတော့ကာ ဂျင်းဘောင်းဘီဖင်ကျပ်၊ လက်ကိုင်းတစ်ကြိုးအကျ၊ႌ ကြီးမားတဲ့ယောကျာ်း ပခုံးအုပ်ဖို အဲ့ခေတ်က ခေတ်စားတဲ့ အေကေသား အပေါ်ထပ်လေးဝတ်၊ စလင်းဘတ်ကိုလွယ်၊ လက်မှာတော့ စာအုပ်ပိုက်၊ တက္ကသိုလ်ကျောင်းသူမကြီးပါပေါ့ ဘေးအမြင်မှာတော့တော်တော်မထော်မှာနော်😁”

“တာဝကျောင်းတော်ကြီးရဲ့ အလှအပက ကိုယ်လိုပဲထင်ခဲ့တာ။ အဲ့အချိန်အခါက တစ်ကျောင်းလုံး အခြောက်ဆိုလို့ ကိုယ်ပဲရှိတော့ ကိုယ်တွေ စာသင်ချိန် ပရယ်တီကယ်ချိန်ဆို တခြားအတန်းက အမောင် ကျောင်းသားတွေလာကြည့်ကြတာ (သူတို့ကတော့ အခြောက်မို့နေမှာပါ)ကိုယ်ကတော့ ကိုယ်လှလို့ပဲ စိတ်ထဲသွင်းထားတာ။ အပျိုဘော်ဝင် မိန်းမလျာတစ်ဦးအနေနဲ့ သူစိမ်းယောကျာ်းတယောက်ကိုရင်ခုန်တာ ဆန်းသလားရှင်။ ကျွန်မအတွက်တော့ ဆန်းနေတယ်။ ကျူရှင်တွေတက်တော့ ကျွန်မရင်ခုန်တဲ့ ကောင်လေး နဲ့ ကျွန်မကျူရှင် အတူတူပဲ။ ကျွန်မလည်း ကျူရှင်ဆင်းတာနဲ့ ဘယ်ရမလဲ။ အဲကောင်လေးကို ရည်းစားစာလိုက်ပေးတာ။ ကျွန်မဘဝရဲ့စွန့်စားမှု့ပေါ့နော်။ သူ့ခဗျာ ကျွန်မကိုတွေရင်ပေးပြီ သူနဲ့ကျွန်မ မသိရင် လမ်းလျောက်ပြိုင်ပွဲဝင်နေသလိုပဲ😂 ”

“တစ်ပတ်ကနေ နှစ်ပတ်လောက်ကြာလာတော့ ကျွန်မသူငယ်ချင်း အစစ်မ (ခုစာရေးနေတဲ့အချိန်ထိ ချစ်တုန်းကပဲ) အဲလိုမလုပ်ရဘူး မိန်းကလေးဆိုတာ နေတက်ရတယ်။ ငြိမ်နေ ငါလုပ်ပြမယ်ဆိုပြီး ကူညီမလိုနဲ့ သူက အောင်သွယ်လိုဘာလို လုပ်ရင်း သူနဲ့ ချစ်သူ ဖြစ်သွားပါလေရော (စံပယ်ရယ် သူငယ်ချင်းတွေမို့ပေါ့)အချစ်ဆုံးသူငယ်ချင်းဖြစ်နေတော့ ပြောရလည်းခက် ကိုယ်လည်းခြေတလှမ်းနောက်ဆုတ်လိုက်ပါတယ်။ အခုတော့ လက်စားခြေလိုရတော့မယ်။ သူငယ်ချင်း မ ရော ကျမကောင်လေးရော နောင်တရစေရမယ်။ သူတို့မှာ ချစ်စရာကောင်းပြီးချောတဲ့ သားလေးနှစ်ယောက်မွေးထားတယ် ဘယ်သူရရ ရအောင်ယူ ပြီး ကျမ က ယောက္ခမကြီးလို့ကို အားရပါးရ ခေါ် ချလိုက်ဦးမှာ” ဆိုပြီး သူ့ရဲ့ အဖြစ်လေးကို ဟာသပြောလာတာပဲ ဖြစ်ပါတယ်။

ညီညီမောင် (စမ်းချောင်း) ကတော့ တက္ကသိုလ်ကျောင်းမှာ သူငယ်ချင်းကို ကြိုက်တဲ့ကောင်လေးနဲ့ အောင်သွယ်ခိုင်းမိရာမှ အောင်သွယ်နဲ့ညားသွားတဲ့အကြောင်းကို အမှတ်တရလေး ပြောလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Nyi Nyi Maung’s fb
Bilie: Cele Connections

error: Alert: Content is protected !!