ညအိပ္ရာဝင္ခါနီးအခ်ိန္မွာ ဘြားဘြားေျပာတာနဲ့ ခ်က္ခ်င္းထျပီး ဘုရားရိွခိုးတဲ့ ယြန္းဝတီလြင္မိုးသားေလး Liam ရဲ့ ခ်စ္စဖြယ္ဗီဒီယို

ပရိသတ္ေတြရဲ႕ခ်စ္ျခင္းေမတၱာကို အျပည့္အဝရရွိထားတဲ့ ဝါရင့္သရုပ္ေဆာင္ၾကီး လြင္မိုးရဲ႕ သမီးၾကီး ယြန္းဝတီလြင္မိုးေလးကေတာ့ ဖခင္​ျဖစ္​သူနဲ႔တူလို႔ အႏုပညာကို​ေရာ၊ စီးပြား​ေရးပိုင္​းမွာပါ ဝါသနာပါသူ​ေလးပဲ ျဖစ္​ပါတယ္​။ ခ်စ္ရသူနဲ႔လက္ထပ္ျပီး သာယာေပ်ာ္ရႊင္တဲ့ မိသားစုဘဝေလးကို ဖန္တီးတည္ေဆာက္ထားတဲ့ ယြန္းဝတီလြင္မိုးကေတာ့ အခုဆိုရင္ ခ်စ္စရာေကာင္းတဲ့ သားသားေလး Liam (လြင္ထက္) ကိုလည္း ပိုင္ဆိုင္ထားျပီပဲ ျဖစ္ပါတယ္။ ယြန္းဝတီလြင္မိုးရဲ့သားေလး Liam ကလည္း ဘိုးဘိုး၊ ေမေမတို့နဲ့တူျပီး ေမြးခါစအရြယ္ကတည္းက ပရိသတ္ေတြရဲ့ ခ်စ္ခင္ျခင္းခံခဲ့ရသူေလးပဲ ျဖစ္ပါတယ္။

လက္ရိွမွာေတာ့ Liam ေလးက သူ့ရဲ့ ဘိုးဘိုး ဘြားဘြားေတြနဲ့အတူတူ ေနထိုင္ေနတာျဖစ္ျပီး ေကာင္းေကာင္းမြန္မြန္နဲ့ ၾကီးျပင္းေနတာပဲ ျဖစ္ပါတယယ္။ ဒီကေန့မွာလည္း ဘြားဘြားေမသူက ညအိပ္ရာဝင္ခါနီးအခ်ိန္မွာ ဘုရားရိွခိုးျပီး သာဓုလို့တဖြဖြေျပာေနတဲ့ Liam ေလးရဲ့ ဗီဒီယိုကို သူမရဲ့ ေဖ့စ္ဘုတ္ My Day ကေနျပီး အခုလိုပဲ မွ်ေဝေပးထားပါတယ္။

Liam ေလးကေတာ့ ဘာသာေရးအရမ္းလုပ္တဲ့ ဘိုးဘိုး၊ ဘြားဘြားေတြေၾကာင့္ ဒီအရြယ္ေလးနဲ့ အရမ္းကို သိတတ္လိမၼာေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း Liam ေလးရဲ့ ဗီဒီယိုေလးကိုၾကည့္ျပီး အခ်စ္ပိုေနၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: May Thu’s fb
Bilie: Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ညအိပ်ရာဝင်ခါနီးအချိန်မှာ ဘွားဘွားပြောတာနဲ့ ချက်ချင်းထပြီး ဘုရားရှိခိုးတဲ့ ယွန်းဝတီလွင်မိုးသားလေး Liam ရဲ့ ချစ်စဖွယ်ဗီဒီယို

ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာကို အပြည့်အဝရရှိထားတဲ့ ဝါရင့်သရုပ်ဆောင်ကြီး လွင်မိုးရဲ့ သမီးကြီး ယွန်းဝတီလွင်မိုးလေးကတော့ ဖခင်ဖြစ်သူနဲ့တူလို့ အနုပညာကိုရော၊ စီးပွားရေးပိုင်းမှာပါ ဝါသနာပါသူလေးပဲ ဖြစ်ပါတယ်။ ချစ်ရသူနဲ့လက်ထပ်ပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားတဲ့ ယွန်းဝတီလွင်မိုးကတော့ အခုဆိုရင် ချစ်စရာကောင်းတဲ့ သားသားလေး Liam (လွင်ထက်) ကိုလည်း ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။ ယွန်းဝတီလွင်မိုးရဲ့သားလေး Liam ကလည်း ဘိုးဘိုး၊ မေမေတို့နဲ့တူပြီး မွေးခါစအရွယ်ကတည်းက ပရိသတ်တွေရဲ့ ချစ်ခင်ခြင်းခံခဲ့ရသူလေးပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ Liam လေးက သူ့ရဲ့ ဘိုးဘိုး ဘွားဘွားတွေနဲ့အတူတူ နေထိုင်နေတာဖြစ်ပြီး ကောင်းကောင်းမွန်မွန်နဲ့ ကြီးပြင်းနေတာပဲ ဖြစ်ပါတယယ်။ ဒီကနေ့မှာလည်း ဘွားဘွားမေသူက ညအိပ်ရာဝင်ခါနီးအချိန်မှာ ဘုရားရှိခိုးပြီး သာဓုလို့တဖွဖွပြောနေတဲ့ Liam လေးရဲ့ ဗီဒီယိုကို သူမရဲ့ ဖေ့စ်ဘုတ် My Day ကနေပြီး အခုလိုပဲ မျှဝေပေးထားပါတယ်။

Liam လေးကတော့ ဘာသာရေးအရမ်းလုပ်တဲ့ ဘိုးဘိုး၊ ဘွားဘွားတွေကြောင့် ဒီအရွယ်လေးနဲ့ အရမ်းကို သိတတ်လိမ္မာနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း Liam လေးရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး အချစ်ပိုနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: May Thu’s fb
Bilie: Cele Connections

error: Alert: Content is protected !!