



ယူနီကုဒ်ဖြင့်ဖတ်ရန်

ခရီးပြန်ထွက်လို့ရတဲ့အခါ ပဲရစ်ကိုပဲပြန်သွားပြီး နာမည်ကြီး ဒီဇိုင်နာတွေရဲ့ပစ္စည်းတွေကို အကြိမ်ကြိမ်ဝယ်နေမိဦးမှာဆိုတဲ့ နေခြည်ဦး

နိုင်ငံကျော် ဆယ်လီ မင်းသမီးလေး နေခြည်ဦးကတော့ အောင်မြင်တဲ့ Beauty Blogger နဲ့ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ နေခြည်ဦးက Social Influencer တစ်ယောက်ပီပီ ပစ္စည်းပေါင်းများစွာကို ပရိသတ်တွေအတွက် မိတ်ဆက်ပေးရသလို သူမကိုယ်တိုင်လည်း ကြော့ကြော့မော့မော့လေးနေသူတစ်ယောက် ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ နေခြည်ဦးက ပြီးခဲ့တဲ့နှစ် ဒီလိုအချိန်မှာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကိုရောက်ရှိခဲ့တဲ့ အမှတ်တရတွေကို မျှဝေရင်း အခုလိုပဲ ပြောလာတာကို တွေ့ရပါတယ်။

“Emily in Paris ကအခုလုံးဝ HIT ဖြစ်နေတော့ Paris throwback version post လေးပြန် share ရင်း အခုအချိန်သာ Paris မှာဆိုရင် ဘယ်လောက်တောင် ပျော်နေမလဲမသိဘူးလို့ တွေးမိတယ်။ နေခြည့်အတွက်တော့ Paris ဟာ Fashion and Luxury Lifestyle မြို့တော်ကြီးပါ။ Eiffel Tower အပေါ်ကို မရောက်ဖူးသေးတာပဲကြည့်တော့။ ခရီးပြန်ထွက်လို့ရတဲ့အခါ paris ကိုပဲ ပြန်သွားဖို့ ထပ်ခါထပ်ခါ ရွေးမိနေဦးမှာပဲ ပြီးရင်လည်း ကိုယ့်စိတ်ကြိုက် designer collections တွေ အကြိမ်ကြိမ် ဝယ်ဝတ်နေဦးမှာပဲလို့ တွေးနေရင်း တစ်ချိန်က Paris ပေါ့။” ဆိုပြီး သူမရဲ့ ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်က အမှတ်တရတွေကို မျှဝေပေးလာပါတယ်။

နေခြည်ဦးကတော့ သူမကိုယ်တိုင်လည်း အပျော်ခရီးစဉ်အဖြစ် နိုင်ငံရပ်ခြားကို မကြာခဏသွားရောက်လည်ပတ်သလို အလုပ်ကိစ္စတွေနဲ့လည်း အာရှနိုင်ငံတွေနဲ့ ဥရောပခရီးစဉ်တွေကို မကြာခဏသွားရောက်ခဲ့ဖူးသူတစ်ယောက်မို့ အခုလိုအချိန်မှာ သူမလည်ပတ်ဖူးတဲ့ အမှတ်တရတွေကို ပြန်လည် သတိရနေတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: beautybynaychi’s fb
Bilie: Cele Connections

error: Alert: Content is protected !!