ကိုယ္တိုင္လည္း အဘြားရိွသူမို့ မသန္စြမ္း အဘိုးအဘြားမ်ားအတြက္ တစ္သိန္းမကတဲ့ အလွဴေငြေတြလွဴဒါန္းျဖစ္ခဲ့တယ္ဆိုတဲ့ စမိုင္းလ္

စမိုင္းလ္ကေတာ့ လူေလးလွသလို စိတ္ထားေလးလည္းေကာင္းမြန္ျပီး သူတစ္ပါးကို ကူညီခ်င္စိတ္အျပည့္အဝရိွသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ အဆင္းေရာ အခ်င္းပါျပည့္စံုတဲ့ စမိုင္းလ္ကို လူၾကီး၊ လူငယ္ပရိသတ္ေတြမေရြး ခ်စ္ခင္အားေပးၾကျပီး တစ္နိုင္ငံလံုးအတိုင္းအတာနဲ့ အားေပးမႈကို ရရိွေနတာပဲ ျဖစ္ပါတယ္။ အလွဴေရစက္ လက္နဲ့မကြာ လွဴဒါန္းတဲ့ စမိုင္းလ္တို့မိသားစုက လက္ရိွမွာလည္း ကိုျပည့္ေမာင္ရဲ့ ေမြးေန့အလွဴအျဖစ္ အခက္အခဲျဖစ္ေနသူေတြကို တစ္ရက္လွ်င္ (၁) သိန္းက်နႈန္းနဲ့ လူအေယာက္ (၂၂) ေယာက္ကို လွဴဒါန္းမႈေတြ ျပဳလုပ္ေနလ်က္ရိွပါတယ္။

ဒီကေန့မွာလည္း စမိုင္းလ္က သူမဆီအကူအညီေတာင္းခံတဲ့ သန္လ်င္ျမိဳ့ သဘာဝတရားရိပ္သာအတြက္ တစ္သိန္းမကတဲ့ အလွဴေငြမ်ား လွဴဒါန္းခဲ့ေၾကာင္း အခုလိုပဲ ေျပာလာပါတယ္။ “၄ရက္ေန႔ကုသိုလ္ သန္လ်င္ကသဘာဝတရားရိပ္သာမွာရွိတဲ့ မသန္စြမ္းအဖိုးအဖြားမ်ားအတြက္ တစ္သိန္းနဲ႔မေလာက္ႏိုင္မွန္းသိလို႔ ၁၀သိန္းလႈခဲ့ပါတယ္။ ကိုယ္တိုင္လည္းအဖြားရွိသူမို႔ကိုယ္ခ်င္းစာပါတယ္ ဖိုးဖြားမ်ားအဆင္ေျပၾကပါေစ🙏🏼” ဆိုျပီး သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ မွ်ေဝထားပါတယ္။

စမိုင္းလ္တို့မိသားစုကေတာ့ ေအာက္တိုဘာလ (၂၂) ရက္ေန့ (ကိုျပည့္ေမာင္ရဲ့ ေမြးေန့)အထိ သူမတို့ဆီ အခက္အခဲျဖစ္လို့ လာေရာက္အကူအညီေတာင္းခံတဲ့ လူ(၂၂) ေယာက္ကို တစ္ဦးလွ်င္ တစ္သိန္းစီ လွဴဒါန္းဖို့ စီစဥ္ထားတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: စမိုင္းလ္ Smile’s fb
Bilie: Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ကိုယ်တိုင်လည်း အဘွားရှိသူမို့ မသန်စွမ်း အဘိုးအဘွားများအတွက် တစ်သိန်းမကတဲ့ အလှူငွေတွေလှူဒါန်းဖြစ်ခဲ့တယ်ဆိုတဲ့ စမိုင်းလ်

စမိုင်းလ်ကတော့ လူလေးလှသလို စိတ်ထားလေးလည်းကောင်းမွန်ပြီး သူတစ်ပါးကို ကူညီချင်စိတ်အပြည့်အဝရှိသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အဆင်းရော အချင်းပါပြည့်စုံတဲ့ စမိုင်းလ်ကို လူကြီး၊ လူငယ်ပရိသတ်တွေမရွေး ချစ်ခင်အားပေးကြပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အားပေးမှုကို ရရှိနေတာပဲ ဖြစ်ပါတယ်။ အလှူရေစက် လက်နဲ့မကွာ လှူဒါန်းတဲ့ စမိုင်းလ်တို့မိသားစုက လက်ရှိမှာလည်း ကိုပြည့်မောင်ရဲ့ မွေးနေ့အလှူအဖြစ် အခက်အခဲဖြစ်နေသူတွေကို တစ်ရက်လျှင် (၁) သိန်းကျနှုန်းနဲ့ လူအယောက် (၂၂) ယောက်ကို လှူဒါန်းမှုတွေ ပြုလုပ်နေလျက်ရှိပါတယ်။

ဒီကနေ့မှာလည်း စမိုင်းလ်က သူမဆီအကူအညီတောင်းခံတဲ့ သန်လျင်မြို့ သဘာဝတရားရိပ်သာအတွက် တစ်သိန်းမကတဲ့ အလှူငွေများ လှူဒါန်းခဲ့ကြောင်း အခုလိုပဲ ပြောလာပါတယ်။ “၄ရက်နေ့ကုသိုလ် သန်လျင်ကသဘာဝတရားရိပ်သာမှာရှိတဲ့ မသန်စွမ်းအဖိုးအဖွားများအတွက် တစ်သိန်းနဲ့မလောက်နိုင်မှန်းသိလို့ ၁၀သိန်းလှုခဲ့ပါတယ်။ ကိုယ်တိုင်လည်းအဖွားရှိသူမို့ကိုယ်ချင်းစာပါတယ် ဖိုးဖွားများအဆင်ပြေကြပါစေ🙏🏼” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေထားပါတယ်။

စမိုင်းလ်တို့မိသားစုကတော့ အောက်တိုဘာလ (၂၂) ရက်နေ့ (ကိုပြည့်မောင်ရဲ့ မွေးနေ့)အထိ သူမတို့ဆီ အခက်အခဲဖြစ်လို့ လာရောက်အကူအညီတောင်းခံတဲ့ လူ(၂၂) ယောက်ကို တစ်ဦးလျှင် တစ်သိန်းစီ လှူဒါန်းဖို့ စီစဉ်ထားတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: စမိုင်းလ် Smile’s fb
Bilie: Cele Connections

error: Alert: Content is protected !!