” Stay Homeကာလမှာ မိန်းက​လေးပရိသတ်တွေအတွက် မပျင်းရဘဲ အကျိုးရှိစေမယ့်အရာလေးတစ်ခုကို ပြုလုပ်ပေးမယ့်အကြောင်း ပြောလာတဲ့ ပက်ထရစ်ရှာ”




Source : Sue Sha Naing

ယူနီကုတ်ဖြင့်ဖတ်ရန်

” Stay Homeကာလမှာ မိန်းက​ေလးပရိသတ်တွေအတွက် မပျင်းရဘဲ အကျိုးရှိစေမယ့်အရာလေးတစ်ခုကို ပြုလုပ်ပေးမယ့်အကြောင်း ပြောလာတဲ့ ပက်ထရစ်ရှာ”

CeleConnections ပရိသတ်ကြီးရေ စူးရှနိုင်ရဲ့ အနုပညာနာမည်လေးကတော့ ပက်ထရစ်ရှာ ဆိုတဲ့နာမည်ဆန်းဆန်းလေးဖြစ်ပြီး ပရိသတ်တွေရင်ထဲ နေရာအပြည့်ယူထားတဲ့ မင်းသမီးလေးပဲ ဖြစ်ပါတယ်။နာမည်ဆန်းဆန်းလေးနဲ့ လိုက်တဲ့ ဘိုဆန်ဆန် မျက်နှာပေါက်ဆန်းဆန်းလေးကြောင့် ပရိသတ်တွေ အထူးသတိထားမိလာတဲ့ မင်သမီးလေးဆိုလည်း မှားမယ်မထင်ပါဘူးနော်။

ငယ်စဥ်တည်းက အနုပညာနဲ့မစိမ်းတဲ့မင်းသမီးလေးဖြစ်ပြီးအခုချိန်မှာရုပ်ရှင်ဇာတ်ကားတွေပါရိုက်ကူးနေပြီပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ချစ်စနိုးနဲ့ရှာရှာလို့ ခေါ်​လေ့ရှိကြပါသေးတယ်။ ရှာရှာကတော့ လှပပြေပြစ်တဲ့ ခန္ဓာကိုယ်ကောက်ကြောင်း အပြင် ရှတတ အသံလေးနဲ့ အမျိုးသားပရိသတ်တွေကို ဆွဲဆောင်ထားနိုင်သူလေးပါ။

အခုလို Covid ကာလ Stay Homeနေနေကြတဲ့အချိန်မှာ ” Hello!! Good evening ပါStay Home နေရလို့ ပျင်းနေကြပြီလား??? ☺️
♥️ အသဲလေးတို့အတွက် သတင်းကောင်းလေး လာပြောပြပေးမလို့…အိမ်မှာပျင်းမနေရအောင် ရှာရှာနဲ့အတူ Make Up တူတူလိမ်းကြည့်ကြမယ်လေနော် 😍အားလုံးပဲ Stay Home, Stay Pretty ပါ”ဆ်တဲ့စာလေးနဲ့ ပရိသတ်တွေမပျင်းရအောင်Liveလွှင့်ကာ Make upလိမ်းပြမယ့်အစီအစဥ်လေးကိုပြောပြခဲ့တာပါ။ ဖတ်ရှုပေးကြတဲ့ CeleConnections ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : Sue Sha Naing
Candy – CeleConnections

error: Alert: Content is protected !!