

လှူဒါန်းခဲ့တာပါ။


ယူနီကုတ်ဖြင့်ဖတ်ရန်

” Covid 19ကြောင့်အသက်ဆုံးရှုံးသွားတဲ့ဖခင်အတွက်ရည်စူးပြီးတန်ဖိုးငွေ၆၀၀,၀၀၀/-(ခြောက်သိန်း)ခန့်ရှိသော ကုတင် (၁၀)လုံး အားFortune Plaza – We Love Yangon Happy Covid Center သို့ လှူဒါန်းခဲ့တဲ့ ဒါရိုက်တာ ထူးပိုင်ဇော်ဦး”

CeleConnections ပရိသတ်ကြီးရေ ဒါရိုက်တာ ထူးပိုင်ဇော်ဦးကတော့ပရိသတ်တွေရင်ထဲကို ရောက်ရှိအောင်ရိုက်ကူးနိုင်တဲ့ဒါရိုက်တာတစ်ဦးပါ။လက်ရှိဖြစ်ပွားနေတဲ့ Covid19ကြောင့် အဖေဖြစ်သူ ဆုံးသွားခဲ့တာကြောင့်လည်း ပရိသတ်တွေနဲ့ အနုပညာရှင်တွေအံ့သြစိတ်မကောင်းဖြစ်ခဲ့ကြရတာပါ။

အခုချိန်မှာ မိခင်ဖြစ်သူရော သူကိုယ်တိုင်ပါQuarantineဝင်နေရတာ ဖြစ်ပြီး အမေဖြစ်သူရဲ့ဆေးစစ်ချက်ကို အလွန်စိုးရိမ်နေတာပဲ ဖြစ်ပါတယ်။လက်ရှိမှာလည်း Fortune Plaza – We Love Yangon Happy Covid Center သို့Covid-19 ကာကွယ်၊ ကုသရန် လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန်အတွက်တန်ဖိုးငွေ ၆၀၀,၀၀၀/-(ခြောက်သိန်း)ခန့်ရှိသော ကုတင် (၁၀)လုံး အား ဖခင်အတွက်ရည်စူးပြီးလှူဒါန်းခဲ့တာပါ။

CeleConnections ပရိသတ်ကြီးလည်း ဒါရိုက်တာထူးပိုင်ဇော်ဦးရဲ့အလှူအတွက်သာဓုခေါ်ခဲ့ပါဦးနော်။ ဖတ်ရှုပေးကြတဲ့ CeleConnections ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : Htoo paing zaw oo
Candy – CeleConnections

error: Alert: Content is protected !!