ေရႊထူးရယ္လို့ နာမည္တစ္လံုးနဲ့ ဂီတလမ္းေၾကာင္းေပၚေရာက္ရိွလာတာ ေဝလနဲ့ ရသအျပင္ မိတ္ေဆြေကာင္းေတြရဲ့ ေက်းဇူးေၾကာင့္ပါဆုိတဲ့ ေရႊထူး

နိုင္ငံေက်ာ္ အဆိုေတာ္ ေရႊထူးကေတာ့ ပရိသတ္ေတြ ခံစားခ်က္နဲ့ ထပ္တူက်တဲ့ သီခ်င္းေကာင္းေလးေတြကို ကိုယ္တိုင္ေရး ကိုယ္တိုင္သီဆိုရင္း ေအာင္ျမင္လာခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ အနုပညာေလာကမွာ က်င္လည္လာခဲ့တာ ဆယ္စုနွစ္တစ္စုတိုင္ရိွေနျပီျဖစ္တဲ့ ေရႊထူးက ဒီတစ္ေခါက္မွာေတာ့ သူ့ကို ဂီတလမ္းေၾကာင္းမွာ အခုလို ေအာင္ျမင္လာဖို့အတြက္ ေက်းဇူးရိွခဲ့တဲ့ သင္ဆရာ၊ ၾကားဆရာ၊ ျမင္ဆရာမ်ားအေၾကာင္းကို အခုလိုပဲ ထုတ္ေဖာ္ေျပာျပရင္း ေက်းဇူးတင္စကားေျပာလာခဲ့ပါတယ္။

“ဘယ္နယ္ပယ္မွာမဆို လူေတာ္ေတာ္မ်ားမ်ားမွာ ဆရာဆိုတာရွိၾကတယ္။ ကြၽန္ေတာ့္မွာေရာ ဆရာရွိလားေမးၾကလို႔ ေျဖခ်င္လာလို႔ပါ။ ဆရာေတာ့ရွိပါတယ္။ တပည့္ေတာ့ကြၽန္ေတာ့္မွာမရွိပါဘူး။ ထားရေလာက္တဲ့အထိလည္းခုခ်ိန္ထိဘာေကာင္မွမဟုတ္ပါဘူး။ ကြၽန္ေတာ့္ဂီတသက္တမ္း ၁၀ ႏွစ္ေက်ာ္ပါၿပီ။ ၁၀ တန္းထဲကသီခ်င္းေလးေတြမေတာက္တေခါက္စေရးေနပါၿပီ။ International မွာဆို West Life တို႔ Green Day တို႔ Eminem etc… တို႔ေတြကိုနားေထာင္တယ္။ Local မွာဆို Acid၊ ကိုတြိရယ္ ကိုဘာဘူရဲ႕ ( ၿပိဳင္ဘက္အေခြ )၊ ကိုရသ၊ ကိုေဂ်မီ၊ ကိုစိုင္းစိုင္းခမ္းလိႈင္တို႔ကိုနားေထာင္သူတစ္ေယာက္အေနနဲ႔စတင္နားေထာင္ခဲ့တယ္။ ၿပီးေတာ ကိုေဂ်ာက္ဂ်က္၊ ကိုေက်ာ္ႀကီး… etc ေပါ့”

“အထူးသျဖင့္ ကိုရသကေတာ့ ကြၽန္ေတာ့္ရဲ႕ပထမဆုံးေသာၾကားဆရာပါ။ ေနာက္မွျမင္ဖူးၿပီးျမင္ဆရာပါထပ္ျဖစ္ခဲ့တာပါ။ ( သူ႔ကိုမေလးစားတဲ့လူအခ်ိဳ႕ဟာလည္း သူ႔အႏုပညာအေၾကာင္းေသခ်ာမသိသလို၊ သူ႔သီခ်င္းကိုလည္းေသခ်ာနားမေထာင္ဖူးသူျဖစ္မယ္ထင္ပါတယ္။ ဒါမွမဟုတ္လည္းဇြတ္မေလးစားတဲ့လူလည္းျဖစ္ခ်င္ျဖစ္မွာပါ ) ဒါဟာလည္းသူ႔တို႔ရဲ႕လြတ္လပ္ခြင့္ပါ။ လြတ္လပ္စြာေျပာဆိုႏိုင္ေသာေခတ္လည္းေရာက္ၿပီဆိုေတာ့ဗ်ာ။ ၿပီးေတာ့ဘယ္နယ္ပယ္မွာမဆို အႏုပညာစိတ္ရွိမွလည္းအႏုပညာသမားကိုေလးစားတတ္မွာပါ… 😊 အဲ့လိုေျပာလို႔မင္းရသ သီခ်င္းဘယ္ ၂ ပုဒ္သိလည္း၊ ရသအေၾကာင္းဘာသိလဲေမးရင္ ဘာမွမသိဘူးပဲေျဖလိုက္မွာပါ ( ျမန္မာသီခ်င္းကိုစစခ်င္းနားထဲ ေခ်ာေခ်ာေမြ႕ေမြ႕စနားေထာင္တတ္တာသူေၾကာင့္ပါ)”

“ဂီတကို ၁၀ တန္းမေျဖခ်င္ေလာက္ေအာင္ထိ႐ူးသြပ္သြားခဲ့တယ္။ တစ္ေန႔ငါစင္ေပၚမွာပရိသတ္အမ်ားႀကီးကိုေဖ်ာ္ေျဖႏိုင္ရမယ္ဆိုတဲ့စိတ္နဲ႔ႀကိဳးစားခဲ့တယ္။ ခံယူခ်က္လည္းျပင္းျပင္းထားခဲ့တယ္။ ျဖစ္ေအာင္လည္းလုပ္ႏိုင္ခဲ့ပါတယ္။ ခုခ်ိန္ထိကြၽန္ေတာ့္ရဲ႕ သင္ဆရာဆိုၿပီးလက္ညိဳးထိုးျပရမယ့္ သင္ဆရာအခ်ိဳ႕ေတာ့ရွိခဲ့ပါတယ္။ သူတို႔ကေတာ့ တစ္ခါမွ ငါ့တပည့္ဆိုၿပီး မေျပာေပမယ့္ ကြၽန္ေတာ့္ဘက္က ေလးစားလြန္းလို႔ကိုရင္ထဲကကိုဆရာတင္ထားတာပါ။ ဘဝရဲဲ့ပထမဆုံးသင္ဆရာတစ္ေယာက္ကေတာ့ ဒိုးပတ္ျဖစ္ပါတယ္။ ေသခ်ာ သီခ်င္းေရးတတ္ေအာင္၊ သီခ်င္းတီးတတ္ေအာင္၊ သီခ်င္းဆိုတတ္ေအာင္ စတင္သင္ျပေပးခဲ့ေသာဆရာပါ။ တစ္ခါမွလည္းဂုဏ္မေမာက္တတ္တဲ့သူ႔အက်င့္ကိုလည္းထပ္ၿပီးေလးစားခဲ့ရပါတယ္။ လူတိုင္းကိုခြင့္လႊတ္ၿပီးအေနေအးတဲ့သူ႔ Type ကိုလည္းထပ္ေလးစားခဲ့ရပါတယ္။ကြၽန္ေတာ္ဒီေနရာထိေရာက္လာတာ သူကစတင္ေပးခဲ့တဲ့သူဆိုလည္းမမွားပါဘူး…🙏”

“ဒုတိယဆရာကေတာ့ WinKyawGtx ပါ။ Studio ေၾကးပိုက္ဆံမရွိတဲ့ကာလေတြမွာ ေငြစကားဆိုတာကိုမေျပာပဲ အလကားဆိုတာမ်ားပါတယ္။ အသံကိုအေကာင္းဆုံးခ်ိန္ေပးတယ္။ ဆိုဟန္ေလးေတြသင္ျပခဲ့တယ္။ ဆုံးမစကားေတြေျပာေပးခဲ့တယ္။ ဒီေလာကထဲမွာလမ္းေကာင္းေကာင္းေလွ်ာက္တတ္ေအာင္ သြယ္ဝိုက္ေသာနည္းမ်ားစြာျဖင့္သင္ျပေပးခဲ့တယ္။ တတိယဆရာကေတာ့။ ကိုေဝလပါ။ တစ္ရပ္ကြက္ထဲေနခဲ့တုန္းက မင္းရဲ႕ပရိသတ္သီခ်င္းကို ဂစ္တာနဲ႔ေရးေတာ့ ဒုတိယအပိုဒ္ကိုေရးဖို႔ ကိုေဝလက သူ႔အိမ္ကိုေခၚၿပီးစဥ္းစားကူေပးခဲ့ပါတယ္။ အားလုံးကေတာ့ကြၽန္ေတာ္ေရးတာပါ။ (ကိုေဝလနာမည္ဘာလို႔မထိုးလဲဆိုၿပီးလာမေျပာၾကပါနဲ႔ )ၿပီးေတာ့ကြၽန္ေတာ့္အတြက္ပထမဆုံးအေခြမွာလက္ေဆာင္ဆိုတဲ့သီခ်င္းေလးကိုေရးေပးဝင္ဆိုေပးခဲ့ပါတယ္။ ကြၽန္ေတာ့္အတြက္ေတာ့အဖိုးမျဖတ္ႏိုင္တဲ့အမွတ္တရပါ။ ၿပီးေတာ့သီခ်င္းေရးရာမွာလိုအပ္တဲ့ အေတြးအေခၚအခ်ိဳ႕အထားအသိုအခ်ိဳ႕ကိုလည္းသင္ျပေပးခဲ့ပါတယ္… 🙏”

“ကိုေဇ ျဖစ္ပါတယ္။ လမ္းေၾကာင္းေပၚေ႐ႊထူးဆိုၿပီးေသခ်ာေရာက္လာခဲ့တဲ့အခ်ိန္မွာ ေစတနာမ်ားစြာျဖင့္ သူ႔ရဲ႕ ညီအကိုရင္းခ်ာတစ္ေယာက္လို Music ပိုင္းဆိုင္ရာ၊ အေရးအသားပိုင္းဆိုင္ရာ ကြၽန္ေတာ့္လိုေဒါသႀကီးတဲ့ေကာင္ရဲ႕စိတ္ဓာတ္ပိုင္းဆိုင္ရာ အေသးစိတ္ကအစ Professional ပီသေအာင္သင္ေပးခဲ့ေသာဆရာပါ။ ကြၽန္ေတာ့္ ေရွ႕ေတြမွာဆိုခဲ့တဲ့သီခ်င္းေတြေပါက္ေရာက္ခဲ့တယ္။ လူအမ်ားစုႏွစ္သက္လက္ခံေပးၾကတာ ဒီဆရာေလးေယာက္ရဲ႕ အရိပ္ေအာက္က ကြၽန္ေတာ္မလြတ္ပါဘူး။ ေရွ႕ေလွ်ာက္ထြက္မယ့္သီခ်င္းမ်ားစြာရွိပါေသးတယ္။ သီခ်င္းေတြေကာင္းတယ္ဆိုရင္ သူတို္႔ေၾကာင့္ျဖစ္ၿပီး သီခ်င္းေတြမေကာင္းဘူးဆို ကြၽန္ေတာ့္ေၾကာင့္သာျဖစ္ပါတယ္ခင္ဗ်ာ… 😊”

“ေနာက္ဆုံးအေရးအႀကီးဆုံးလူအမ်ားႀကီးရွိပါေသးတယ္ခင္ဗ်ာ။ အဲ့တာကေတာ့ ပရိသတ္ပါ။ နားဆင္သူအားေပးသူမရွိပဲ ကြၽန္ေတာ္ဒီေနရာကိုမေရာက္လာႏိုင္ပါ။ အႏုပညာနဲ႔ Personal ကြဲကဲြဲျပားျပားသိၿပီး Artist ေတြကို ကိုယ့္ရဲ႕ေခြၽးနည္းစာ မုန္႔ဖိုး လုပ္အားခမ်ားနဲ႔အားေပးၾကတဲ့ပရိသတ္မ်ားကိုလည္းေလးစားလ်က္ပါ။ ေက်းဇူးတင္ထိုက္တဲ့ပရိသတ္အားလုံးကိုလည္းဒီေနရာမွေက်းဇူးတင္ပါတယ္ခင္ဗ်ာ။ ကြၽန္ေတာ့အေပၚ ေကာင္းျခင္းျဖစ္ျဖစ္ ဆိုးျခင္းျဖစ္ျဖစ္ဒီေနရာထိေရာက္ေအာင္​အျခားေသာ Support ေပးခဲ့ၾကတဲ့ လူတိုင္းကိုလည္းေက်းဇူးအမ်ားႀကီးတင္ပါတယ္ခင္ဗ်ာ 😊ေရးရတာလည္းအေတာ္ေျငာင္းသလိုဖတ္ရတာလည္းအေတာ္ေမာေလာက္ၿပီထင္ေသာေၾကာင္ ဒီစာကိုဒီမွာတင္နိဂုံးခ်ဳပ္လိုက္ပါတယ္ခင္ဗ်ာ… 😊” ဆိုျပီး ေျပာလာခဲ့တာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Shwe Htoo ‘s fb
Bilie: Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ရွှေထူးရယ်လို့ နာမည်တစ်လုံးနဲ့ ဂီတလမ်းကြောင်းပေါ်ရောက်ရှိလာတာ ဝေလနဲ့ ရသအပြင် မိတ်ဆွေကောင်းတွေရဲ့ ကျေးဇူးကြောင့်ပါဆိုတဲ့ ရွှေထူး

နိုင်ငံကျော် အဆိုတော် ရွှေထူးကတော့ ပရိသတ်တွေ ခံစားချက်နဲ့ ထပ်တူကျတဲ့ သီချင်းကောင်းလေးတွေကို ကိုယ်တိုင်ရေး ကိုယ်တိုင်သီဆိုရင်း အောင်မြင်လာခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ အနုပညာလောကမှာ ကျင်လည်လာခဲ့တာ ဆယ်စုနှစ်တစ်စုတိုင်ရှိနေပြီဖြစ်တဲ့ ရွှေထူးက ဒီတစ်ခေါက်မှာတော့ သူ့ကို ဂီတလမ်းကြောင်းမှာ အခုလို အောင်မြင်လာဖို့အတွက် ကျေးဇူးရှိခဲ့တဲ့ သင်ဆရာ၊ ကြားဆရာ၊ မြင်ဆရာများအကြောင်းကို အခုလိုပဲ ထုတ်ဖော်ပြောပြရင်း ကျေးဇူးတင်စကားပြောလာခဲ့ပါတယ်။

“ဘယ်နယ်ပယ်မှာမဆို လူတော်တော်များများမှာ ဆရာဆိုတာရှိကြတယ်။ ကျွန်တော့်မှာရော ဆရာရှိလားမေးကြလို့ ဖြေချင်လာလို့ပါ။ ဆရာတော့ရှိပါတယ်။ တပည့်တော့ကျွန်တော့်မှာမရှိပါဘူး။ ထားရလောက်တဲ့အထိလည်းခုချိန်ထိဘာကောင်မှမဟုတ်ပါဘူး။ ကျွန်တော့်ဂီတသက်တမ်း ၁၀ နှစ်ကျော်ပါပြီ။ ၁၀ တန်းထဲကသီချင်းလေးတွေမတောက်တခေါက်စရေးနေပါပြီ။ International မှာဆို West Life တို့ Green Day တို့ Eminem etc… တို့တွေကိုနားထောင်တယ်။ Local မှာဆို Acid၊ ကိုတွိရယ် ကိုဘာဘူရဲ့ ( ပြိုင်ဘက်အခွေ )၊ ကိုရသ၊ ကိုဂျေမီ၊ ကိုစိုင်းစိုင်းခမ်းလှိုင်တို့ကိုနားထောင်သူတစ်ယောက်အနေနဲ့စတင်နားထောင်ခဲ့တယ်။ ပြီးတော ကိုဂျောက်ဂျက်၊ ကိုကျော်ကြီး… etc ပေါ့”

“အထူးသဖြင့် ကိုရသကတော့ ကျွန်တော့်ရဲ့ပထမဆုံးသောကြားဆရာပါ။ နောက်မှမြင်ဖူးပြီးမြင်ဆရာပါထပ်ဖြစ်ခဲ့တာပါ။ ( သူ့ကိုမလေးစားတဲ့လူအချို့ဟာလည်း သူ့အနုပညာအကြောင်းသေချာမသိသလို၊ သူ့သီချင်းကိုလည်းသေချာနားမထောင်ဖူးသူဖြစ်မယ်ထင်ပါတယ်။ ဒါမှမဟုတ်လည်းဇွတ်မလေးစားတဲ့လူလည်းဖြစ်ချင်ဖြစ်မှာပါ ) ဒါဟာလည်းသူ့တို့ရဲ့လွတ်လပ်ခွင့်ပါ။ လွတ်လပ်စွာပြောဆိုနိုင်သောခေတ်လည်းရောက်ပြီဆိုတော့ဗျာ။ ပြီးတော့ဘယ်နယ်ပယ်မှာမဆို အနုပညာစိတ်ရှိမှလည်းအနုပညာသမားကိုလေးစားတတ်မှာပါ… 😊 အဲ့လိုပြောလို့မင်းရသ သီချင်းဘယ် ၂ ပုဒ်သိလည်း၊ ရသအကြောင်းဘာသိလဲမေးရင် ဘာမှမသိဘူးပဲဖြေလိုက်မှာပါ ( မြန်မာသီချင်းကိုစစချင်းနားထဲ ချောချောမွေ့မွေ့စနားထောင်တတ်တာသူကြောင့်ပါ)”

“ဂီတကို ၁၀ တန်းမဖြေချင်လောက်အောင်ထိရူးသွပ်သွားခဲ့တယ်။ တစ်နေ့ငါစင်ပေါ်မှာပရိသတ်အများကြီးကိုဖျော်ဖြေနိုင်ရမယ်ဆိုတဲ့စိတ်နဲ့ကြိုးစားခဲ့တယ်။ ခံယူချက်လည်းပြင်းပြင်းထားခဲ့တယ်။ ဖြစ်အောင်လည်းလုပ်နိုင်ခဲ့ပါတယ်။ ခုချိန်ထိကျွန်တော့်ရဲ့ သင်ဆရာဆိုပြီးလက်ညိုးထိုးပြရမယ့် သင်ဆရာအချို့တော့ရှိခဲ့ပါတယ်။ သူတို့ကတော့ တစ်ခါမှ ငါ့တပည့်ဆိုပြီး မပြောပေမယ့် ကျွန်တော့်ဘက်က လေးစားလွန်းလို့ကိုရင်ထဲကကိုဆရာတင်ထားတာပါ။ ဘဝရဲ့ပထမဆုံးသင်ဆရာတစ်ယောက်ကတော့ ဒိုးပတ်ဖြစ်ပါတယ်။ သေချာ သီချင်းရေးတတ်အောင်၊ သီချင်းတီးတတ်အောင်၊ သီချင်းဆိုတတ်အောင် စတင်သင်ပြပေးခဲ့သောဆရာပါ။ တစ်ခါမှလည်းဂုဏ်မမောက်တတ်တဲ့သူ့အကျင့်ကိုလည်းထပ်ပြီးလေးစားခဲ့ရပါတယ်။ လူတိုင်းကိုခွင့်လွှတ်ပြီးအနေအေးတဲ့သူ့ Type ကိုလည်းထပ်လေးစားခဲ့ရပါတယ်။ကျွန်တော်ဒီနေရာထိရောက်လာတာ သူကစတင်ပေးခဲ့တဲ့သူဆိုလည်းမမှားပါဘူး…🙏”

“ဒုတိယဆရာကတော့ WinKyawGtx ပါ။ Studio ကြေးပိုက်ဆံမရှိတဲ့ကာလတွေမှာ ငွေစကားဆိုတာကိုမပြောပဲ အလကားဆိုတာများပါတယ်။ အသံကိုအကောင်းဆုံးချိန်ပေးတယ်။ ဆိုဟန်လေးတွေသင်ပြခဲ့တယ်။ ဆုံးမစကားတွေပြောပေးခဲ့တယ်။ ဒီလောကထဲမှာလမ်းကောင်းကောင်းလျှောက်တတ်အောင် သွယ်ဝိုက်သောနည်းများစွာဖြင့်သင်ပြပေးခဲ့တယ်။ တတိယဆရာကတော့။ ကိုဝေလပါ။ တစ်ရပ်ကွက်ထဲနေခဲ့တုန်းက မင်းရဲ့ပရိသတ်သီချင်းကို ဂစ်တာနဲ့ရေးတော့ ဒုတိယအပိုဒ်ကိုရေးဖို့ ကိုဝေလက သူ့အိမ်ကိုခေါ်ပြီးစဉ်းစားကူပေးခဲ့ပါတယ်။ အားလုံးကတော့ကျွန်တော်ရေးတာပါ။ (ကိုဝေလနာမည်ဘာလို့မထိုးလဲဆိုပြီးလာမပြောကြပါနဲ့ )ပြီးတော့ကျွန်တော့်အတွက်ပထမဆုံးအခွေမှာလက်ဆောင်ဆိုတဲ့သီချင်းလေးကိုရေးပေးဝင်ဆိုပေးခဲ့ပါတယ်။ ကျွန်တော့်အတွက်တော့အဖိုးမဖြတ်နိုင်တဲ့အမှတ်တရပါ။ ပြီးတော့သီချင်းရေးရာမှာလိုအပ်တဲ့ အတွေးအခေါ်အချို့အထားအသိုအချို့ကိုလည်းသင်ပြပေးခဲ့ပါတယ်… 🙏”

“ကိုဇေ ဖြစ်ပါတယ်။ လမ်းကြောင်းပေါ်ရွှေထူးဆိုပြီးသေချာရောက်လာခဲ့တဲ့အချိန်မှာ စေတနာများစွာဖြင့် သူ့ရဲ့ ညီအကိုရင်းချာတစ်ယောက်လို Music ပိုင်းဆိုင်ရာ၊ အရေးအသားပိုင်းဆိုင်ရာ ကျွန်တော့်လိုဒေါသကြီးတဲ့ကောင်ရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာ အသေးစိတ်ကအစ Professional ပီသအောင်သင်ပေးခဲ့သောဆရာပါ။ ကျွန်တော့် ရှေ့တွေမှာဆိုခဲ့တဲ့သီချင်းတွေပေါက်ရောက်ခဲ့တယ်။ လူအများစုနှစ်သက်လက်ခံပေးကြတာ ဒီဆရာလေးယောက်ရဲ့ အရိပ်အောက်က ကျွန်တော်မလွတ်ပါဘူး။ ရှေ့လျှောက်ထွက်မယ့်သီချင်းများစွာရှိပါသေးတယ်။ သီချင်းတွေကောင်းတယ်ဆိုရင် သူတို့်ကြောင့်ဖြစ်ပြီး သီချင်းတွေမကောင်းဘူးဆို ကျွန်တော့်ကြောင့်သာဖြစ်ပါတယ်ခင်ဗျာ… 😊”

“နောက်ဆုံးအရေးအကြီးဆုံးလူအများကြီးရှိပါသေးတယ်ခင်ဗျာ။ အဲ့တာကတော့ ပရိသတ်ပါ။ နားဆင်သူအားပေးသူမရှိပဲ ကျွန်တော်ဒီနေရာကိုမရောက်လာနိုင်ပါ။ အနုပညာနဲ့ Personal ကွဲကွဲပြားပြားသိပြီး Artist တွေကို ကိုယ့်ရဲ့ချွေးနည်းစာ မုန့်ဖိုး လုပ်အားခများနဲ့အားပေးကြတဲ့ပရိသတ်များကိုလည်းလေးစားလျက်ပါ။ ကျေးဇူးတင်ထိုက်တဲ့ပရိသတ်အားလုံးကိုလည်းဒီနေရာမှကျေးဇူးတင်ပါတယ်ခင်ဗျာ။ ကျွန်တော့အပေါ် ကောင်းခြင်းဖြစ်ဖြစ် ဆိုးခြင်းဖြစ်ဖြစ်ဒီနေရာထိရောက်အောင်အခြားသော Support ပေးခဲ့ကြတဲ့ လူတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ 😊ရေးရတာလည်းအတော်ငြောင်းသလိုဖတ်ရတာလည်းအတော်မောလောက်ပြီထင်သောကြောင် ဒီစာကိုဒီမှာတင်နိဂုံးချုပ်လိုက်ပါတယ်ခင်ဗျာ… 😊” ဆိုပြီး ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Shwe Htoo ‘s fb
Bilie: Cele Connections

error: Alert: Content is protected !!