ေဆးရံုတက္ေနစဥ္အတြင္း လူနာအခ်င္းခ်င္းတတ္နိုင္သေလာက္ေလး ကူညီေပးခဲ့တာေတြေၾကာင့္ ဧရာဝတီေဖာင္ေဒးရွင္းက အသိအမွတ္ျပဳလက္ေဆာင္ရရိွခဲ့တဲ့ ေမာင္

သရုပ္ေဆာင္ ေမာင္ကေတာ့ တူ၊ တူမေတြနဲ့ Hotel Quarantine ဝင္ေနရင္း Covid-19 ေရာဂါပိုး ကူးစက္ခံခဲ့ရတာပဲ ျဖစ္ပါတယ္။ ေမာင္က ဧရာဝတီစင္တာမွာ ေဆးကုသမႈခံယူခဲ့ရျပီး ေဆးရံုတက္ေနစဥ္ကာလမွာလည္း သူကိုယ္တိုင္ ဆရာဝန္တစ္ေယာက္ျဖစ္တာေၾကာင့္ ေဘးအနီးအနားက လူနာေတြအတြက္ သူတတ္ကၽြမ္းထားတဲ့ ေဆးပညာနဲ့ ကူညီေပးခဲ့တာမ်ိဳးေတြရိွခဲ့ပါတယ္။ အခုဆိုရင္ ေမာင္က က်န္းမာေရးျပည္လည္ေကာင္းမြန္လာခဲ့ျပီး ေရာဂါေပ်ာက္ကင္းသြားတာေၾကာင့္ ေဆးရံုက ဆင္းခြင့္ရခဲ့ျပီပဲ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ ေမာင္က သူတတ္ခဲ့တဲ့ ဧရာဝတီစင္တာကေန ေပးပို့တဲ့ အမွတ္တရလက္ေဆာင္ေလးကို ရရိွခဲ့ေၾကာင္း ေျပာျပလာပါတယ္။

“ကြၽန္ေတာ္ေဆး႐ုံတတ္စဥ္ ဝိုင္းကူေပးခဲ့တာေၾကာင့္ ဧရာဝတီေဖာင္ေဒးရွင္းကေန ဒီ နာမည္ထိုးထားတဲ့အက်ႌလက္ေဆာင္ေလး ပို႔ေပးလာပါတယ္။ တကယ္ေတာ့ ကြၽန္ေတာ္လုပ္ေပးခဲ့တာ မေျပာပေလာက္ပါဘူး။ ဒါေပမယ့္ ခုလို အသိမွတ္ျပဳခံရေတာ့ တကယ္ကို surprise ပါပဲ။ အရမ္းဝမ္းသာမိပါတယ္။ စီစဥ္ေပးတဲ့ အန္တီျမတ္ျမတ္ဦးကိုလည္းေက်းဇူးပါ။ (မွတ္ခ်က္ -ရီရီကေတာ့ ကပ္ေျမႇာင္ေလးပါ🤪)” ဆိုျပီး ဧရာဝတီေဖာင္ေဒးရွင္းက အသိအမွတ္ျပဳလက္ေဆာင္ရခဲ့တဲ့အေၾကာင္း ဝမ္းသာစြာနဲ့ ေျပာျပလာပါတယ္။

ေမာင္ကေတာ့ သူကိုယ္တိုင္လည္း ဆရာဝန္တစ္ေယာက္ျဖစ္တာေၾကာင့္ ေဆးရံုတက္ေနစဥ္အတြင္းမွာ လွဲေလ်ာင္းစိတ္ဓာတ္က်ေနျခင္းမရိွပဲ တက္တက္ၾကြၾကြနဲ့ အခန္းနီးခ်င္း လူနာေတြကိုလည္း ကူညီေပးခဲ့သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: SEIN PHYO & YI’s fb
Bilie: Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ဆေးရုံတက်နေစဉ်အတွင်း လူနာအချင်းချင်းတတ်နိုင်သလောက်လေး ကူညီပေးခဲ့တာတွေကြောင့် ဧရာဝတီဖောင်ဒေးရှင်းက အသိအမှတ်ပြုလက်ဆောင်ရရှိခဲ့တဲ့ မောင်

သရုပ်ဆောင် မောင်ကတော့ တူ၊ တူမတွေနဲ့ Hotel Quarantine ဝင်နေရင်း Covid-19 ရောဂါပိုး ကူးစက်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ မောင်က ဧရာဝတီစင်တာမှာ ဆေးကုသမှုခံယူခဲ့ရပြီး ဆေးရုံတက်နေစဉ်ကာလမှာလည်း သူကိုယ်တိုင် ဆရာဝန်တစ်ယောက်ဖြစ်တာကြောင့် ဘေးအနီးအနားက လူနာတွေအတွက် သူတတ်ကျွမ်းထားတဲ့ ဆေးပညာနဲ့ ကူညီပေးခဲ့တာမျိုးတွေရှိခဲ့ပါတယ်။ အခုဆိုရင် မောင်က ကျန်းမာရေးပြည်လည်ကောင်းမွန်လာခဲ့ပြီး ရောဂါပျောက်ကင်းသွားတာကြောင့် ဆေးရုံက ဆင်းခွင့်ရခဲ့ပြီပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ မောင်က သူတတ်ခဲ့တဲ့ ဧရာဝတီစင်တာကနေ ပေးပို့တဲ့ အမှတ်တရလက်ဆောင်လေးကို ရရှိခဲ့ကြောင်း ပြောပြလာပါတယ်။

“ကျွန်တော်ဆေးရုံတတ်စဉ် ဝိုင်းကူပေးခဲ့တာကြောင့် ဧရာဝတီဖောင်ဒေးရှင်းကနေ ဒီ နာမည်ထိုးထားတဲ့အင်္ကျီလက်ဆောင်လေး ပို့ပေးလာပါတယ်။ တကယ်တော့ ကျွန်တော်လုပ်ပေးခဲ့တာ မပြောပလောက်ပါဘူး။ ဒါပေမယ့် ခုလို အသိမှတ်ပြုခံရတော့ တကယ်ကို surprise ပါပဲ။ အရမ်းဝမ်းသာမိပါတယ်။ စီစဉ်ပေးတဲ့ အန်တီမြတ်မြတ်ဦးကိုလည်းကျေးဇူးပါ။ (မှတ်ချက် -ရီရီကတော့ ကပ်မြှောင်လေးပါ🤪)” ဆိုပြီး ဧရာဝတီဖောင်ဒေးရှင်းက အသိအမှတ်ပြုလက်ဆောင်ရခဲ့တဲ့အကြောင်း ဝမ်းသာစွာနဲ့ ပြောပြလာပါတယ်။

မောင်ကတော့ သူကိုယ်တိုင်လည်း ဆရာဝန်တစ်ယောက်ဖြစ်တာကြောင့် ဆေးရုံတက်နေစဉ်အတွင်းမှာ လှဲလျောင်းစိတ်ဓာတ်ကျနေခြင်းမရှိပဲ တက်တက်ကြွကြွနဲ့ အခန်းနီးချင်း လူနာတွေကိုလည်း ကူညီပေးခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: SEIN PHYO & YI’s fb
Bilie: Cele Connections

error: Alert: Content is protected !!