မင္းေသြးဆံုးတဲ့ ည (၁၁း၂၀) တိတိ အခ်ိန္မွာပဲ မင္းေသြးကို သတိရတဲ့အေၾကာင္းေတြေျပာလာတဲ့ ေက်ာ္ေက်ာ္ဗိုလ္

ျပည္သူခ်စ္ အနုပညာရွင္တစ္ေယာက္ျဖစ္တဲ့ သရုပ္ေဆာင္၊ အဆိုေတာ္ မင္းေသြးကေတာ့ သူ့ကိုခ်စ္တဲ့သူ ဘယ္သူ့ကိုမွ နႈတ္မဆက္ပဲ ရုတ္တရက္ နႈတ္ဆက္ထြက္ခြာထားတာ (၂) နွစ္ေတာင္ရိွခဲ့ျပီပဲ ျဖစ္ပါတယ္။ စိတ္ထားေကာင္းျပီး ဘာသာေရးကုိင္းရိႈင္းတဲ့ မင္းေသြးကေတာ့ ေကာင္းရာအရပ္မွာ ေအးေအးခ်မ္းခ်မ္း အနားယူေနေလာက္ျပီျဖစ္ေပမယ့္ က်န္ရစ္ခဲ့သူေတြကေတာ့ ဒီေန့ဒီအခ်ိန္ထိ သတိရေနၾကျပီး မင္းေသြးရယ္လို့ တဖြဖြ ေျပာက်န္ရစ္ေနဆဲ ျဖစ္ပါတယ္။

သရုပ္ေဆာင္ အကယ္ဒမီ ေက်ာ္ေက်ာ္ဗိုလ္ကလည္း ေနတိုးနဲ့ အရမ္းခင္မင္ရင္းနွီးသလို ေနတိုးရဲ့ညီ မင္းေသြးကိုလည္း သူ့ရဲ့ ညီအရင္းေလးတစ္ေယာက္လို ခ်စ္ခင္ရွာသူပဲ ျဖစ္ပါတယ္။ ေက်ာ္ေက်ာ္ဗိုလ္ကက မင္းေသြးကြယ္လြန္ျခင္း (၂)နွစ္ျပည့္ေန့မွွာ “ဒီေန႔ေလ…ဒီအခ်ိန္ေပါ့ 😔 သတိရတယ္ငါ့ညီေရ…မင္းကေတာ့ေအးခ်မ္းသြားၿပီ…ငါတို႔ဆီမွာေတာ့…ေလာဘေပါင္းစုံ၊ေဒါသေပါင္းစုံ၊ေမာဟေပါင္းစုံ၊ေရာဂါဘယေပါင္းစုံ နဲ႔ ပရမ္းပတာေတြျဖစ္လို႔ေကာင္းေနၾကတုန္း… ” ဆိုျပီး သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ သတိရေၾကာင္း ေရးထားပါတယ္။

ေက်ာ္ေက်ာ္ဗုိလ္ေျပာသလိုပဲ လူ့ေလာကမွာေတာ့ ေရာဂါေပါင္းစံုနဲ့ ပရမ္းပတာျဖစ္ေနၾကတုန္းမွာ မင္းေသြးကေတာ့ ေကာင္းရာ အရပ္မွာ ေအးခ်မ္းစြာ အနားယူေနမယ္ဆိုတာ ေသခ်ာပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Kyaw Kyaw Bo’s fb
Bilie: Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

မင်းသွေးဆုံးတဲ့ ည (၁၁း၂၀) တိတိ အချိန်မှာပဲ မင်းသွေးကို သတိရတဲ့အကြောင်းတွေပြောလာတဲ့ ကျော်ကျော်ဗိုလ်

ပြည်သူချစ် အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်၊ အဆိုတော် မင်းသွေးကတော့ သူ့ကိုချစ်တဲ့သူ ဘယ်သူ့ကိုမှ နှုတ်မဆက်ပဲ ရုတ်တရက် နှုတ်ဆက်ထွက်ခွာထားတာ (၂) နှစ်တောင်ရှိခဲ့ပြီပဲ ဖြစ်ပါတယ်။ စိတ်ထားကောင်းပြီး ဘာသာရေးကိုင်းရှိုင်းတဲ့ မင်းသွေးကတော့ ကောင်းရာအရပ်မှာ အေးအေးချမ်းချမ်း အနားယူနေလောက်ပြီဖြစ်ပေမယ့် ကျန်ရစ်ခဲ့သူတွေကတော့ ဒီနေ့ဒီအချိန်ထိ သတိရနေကြပြီး မင်းသွေးရယ်လို့ တဖွဖွ ပြောကျန်ရစ်နေဆဲ ဖြစ်ပါတယ်။

သရုပ်ဆောင် အကယ်ဒမီ ကျော်ကျော်ဗိုကလည်း နေတိုးနဲ့ အရမ်းခင်မင်ရင်းနှီးသလို နေတိုးရဲ့ညီ မင်းသွေးကိုလည်း သူ့ရဲ့ ညီအရင်းလေးတစ်ယောက်လို ချစ်ခင်ရှာသူပဲ ဖြစ်ပါတယ်။ ကျော်ကျော်ဗိုကလည်း မင်းသွေးကွယ်လွန်ခြင်း (၂)နှစ်ပြည့်နေ့မှာ “ဒီနေ့လေ…ဒီအချိန်ပေါ့ 😔 သတိရတယ်ငါ့ညီရေ…မင်းကတော့အေးချမ်းသွားပြီ…ငါတို့ဆီမှာတော့…လောဘပေါင်းစုံ၊ဒေါသပေါင်းစုံ၊မောဟပေါင်းစုံ၊ရောဂါဘယပေါင်းစုံ နဲ့ ပရမ်းပတာတွေဖြစ်လို့ကောင်းနေကြတုန်း… ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ သတိရကြောင်း ရေးထားပါတယ်။

ကျော်ကျော်ဗိုလ်ပြောသလိုပဲ လူ့လောကမှာတော့ ရောဂါပေါင်းစုံနဲ့ ပရမ်းပတာဖြစ်နေကြတုန်းမှာ မင်းသွေးကတော့ ကောင်းရာ အရပ်မှာ အေးချမ်းစွာ အနားယူနေမယ်ဆိုတာ သေချာပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Kyaw Kyaw Bo’s fb
Bilie: Cele Connections

error: Alert: Content is protected !!