ဘဝမွာ မ်က္နွာၾကီးေတြမို့အစ္တဲ့အထိ အဝလြန္ခဲ့လို့ ကိုယ့္ကိုကိုယ္ စိတ္နာခဲ့ဖူးတယ္ဆိုတဲ့ လြင္မိုး

တနသၤာရီတိုင္း ျမိတ္ျမိဳ့မွာ ေမြးဖြားခဲ့တဲ့ ျမိတ္သားၾကီး လြင္မိုးကေတာ့ ရုပ္ရွင္ခ်စ္ ပရိသတ္တိုင္း အားေပးျပီးသား ျဖစ္မွာပါ။ လြင္မိုးဟာ တစ္ေခတ္တစ္ခါက ရုပ္ရွင္နဲ့ ဗီဒီယိုဇာတ္ကားေတြမွာ မ်ားစြာ ေနရာယူနိုင္ခဲ့ျပီး လွ်မ္းလွ်မ္းေတာက္ေအာင္ျမင္ခဲ့သလုိ ဒီေန့ဒီအခ်ိန္ထိလည္း သူ့ရဲ့ ရုပ္ရွင္ဇာတ္ကားေကာင္းေတြက ပရိသတ္ေတြရင္ထဲမွာ လႊမ္းမိုးေနဆဲ ျဖစ္ပါတယ္။ အကယ္ဒမီဆုၾကီး (၃) ဆုကို လက္ဝယ္ပိုင္ဆိုင္ထားတဲ့ လြင္မိုးကေတာ့ အသက္အရြယ္တစ္ခုေရာက္ရိွလာခ်ိန္မွာ အနုပညာအလုပ္ေတြထက္ စီးပြားေရးကိုသာ ပိုမိုအာရံုစိုက္လာတာပဲ ျဖစ္ပါတယ္။

လက္ရိွအခ်ိန္မွာေတာ့ အနုပညာလႈပ္ရွားမႈမရိွသလို အိမ္ထဲမွာပဲ အလုပ္ကိစၥေတြ လုပ္ကိုင္ေနတဲ့ လြင္မိုးဟာ သူ့ရဲ့ အားလပ္ခ်ိန္ကို အလွဴအတန္းေတြလုပ္လိုက္၊ အမွတ္တရေဟာင္းေတြေျပာလိုက္နဲ့ပဲ ျဖတ္သန္းေနလ်က္ရိွပါတယ္။ ဒီကေန့မွာလည္း လြင္မိုးက သူ့ရဲ့ ဘဝတစ္ေလွ်ာက္မွာ မ်က္နွာၾကီးေတြ မို့အစ္ခဲ့တဲ့အထိ အဝလြန္ခဲ့တဲ့ အခ်ိန္ေတြမွာ စိတ္နာခဲ့ဖူးျပီး လက္ရိွမွာေတာ့ ေလ့က်င့္ခန္းေတြပံုမွန္လုပ္တာေၾကာင့္ လူနဲ့တူလာျပီး ဆိုျပီး သူ့ကိုယ္သူ ေျပာလာပါတယ္။

မင္းသားၾကီး လြင္မိုးကေတာ့ အသက္ငါးဆယ္ေက်ာ္အရြယ္ကို ေရာက္ရိွေနျပီျဖစ္ေပမယ့္ အားကစားလုပ္လိုက္၊ မိသားစုနဲ့အခ်ိန္ကုန္လိုက္နဲ့ ဘဝကို ေပါ့ေပါ့ပါးပါးသာ ျဖတ္သန္းေနလ်က္ရိွပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Lwin Moe’s fb
Bilie: Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ဘဝမှာ မျက်နှာကြီးတွေမို့အစ်တဲ့အထိ အဝလွန်ခဲ့လို့ ကိုယ့်ကိုကိုယ် စိတ်နာခဲ့ဖူးတယ်ဆိုတဲ့ လွင်မိုး

တနင်္သာရီတိုင်း မြိတ်မြို့မှာ မွေးဖွားခဲ့တဲ့ မြိတ်သားကြီး လွင်မိုးကတော့ ရုပ်ရှင်ချစ် ပရိသတ်တိုင်း အားပေးပြီးသား ဖြစ်မှာပါ။ လွင်မိုးဟာ တစ်ခေတ်တစ်ခါက ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ များစွာ နေရာယူနိုင်ခဲ့ပြီး လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့သလို ဒီနေ့ဒီအချိန်ထိလည်း သူ့ရဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတွေက ပရိသတ်တွေရင်ထဲမှာ လွှမ်းမိုးနေဆဲ ဖြစ်ပါတယ်။ အကယ်ဒမီဆုကြီး (၃) ဆုကို လက်ဝယ်ပိုင်ဆိုင်ထားတဲ့ လွင်မိုးကတော့ အသက်အရွယ်တစ်ခုရောက်ရှိလာချိန်မှာ အနုပညာအလုပ်တွေထက် စီးပွားရေးကိုသာ ပိုမိုအာရုံစိုက်လာတာပဲ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ အနုပညာလှုပ်ရှားမှုမရှိသလို အိမ်ထဲမှာပဲ အလုပ်ကိစ္စတွေ လုပ်ကိုင်နေတဲ့ လွင်မိုးဟာ သူ့ရဲ့ အားလပ်ချိန်ကို အလှူအတန်းတွေလုပ်လိုက်၊ အမှတ်တရဟောင်းတွေပြောလိုက်နဲ့ပဲ ဖြတ်သန်းနေလျက်ရှိပါတယ်။ ဒီကနေ့မှာလည်း လွင်မိုးက သူ့ရဲ့ ဘဝတစ်လျှောက်မှာ မျက်နှာကြီးတွေ မို့အစ်ခဲ့တဲ့အထိ အဝလွန်ခဲ့တဲ့ အချိန်တွေမှာ စိတ်နာခဲ့ဖူးပြီး လက်ရှိမှာတော့ လေ့ကျင့်ခန်းတွေပုံမှန်လုပ်တာကြောင့် လူနဲ့တူလာပြီး ဆိုပြီး သူ့ကိုယ်သူ ပြောလာပါတယ်။

မင်းသားကြီး လွင်မိုးကတော့ အသက်ငါးဆယ်ကျော်အရွယ်ကို ရောက်ရှိနေပြီဖြစ်ပေမယ့် အားကစားလုပ်လိုက်၊ မိသားစုနဲ့အချိန်ကုန်လိုက်နဲ့ ဘဝကို ပေါ့ပေါ့ပါးပါးသာ ဖြတ်သန်းနေလျက်ရှိပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Lwin Moe’s fb
Bilie: Cele Connections

error: Alert: Content is protected !!