



Source: Nay Chi Oo’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

ထက်ထက်မိုးဦးရောင်းပေးတဲ့ (၄၂၄) သိန်းဖိုး စိန်ထည်ပစ္စည်းတွေကိုကြည့်ပြီး နောက်ဆိုရင် ပိုက်ဆံအိတ်တွေမဝယ်တော့ပဲ လက်ဝတ်ရတနာတွေပဲ စုတော့မယ်ဆိုတဲ့ နေခြည်ဦး

နိုင်ငံကျော်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ နေခြည်ဦးကတော့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တာ မကြာသေးဘူးဆိုပေမယ့် အလုပ်အပေါ်ကြိုးစားပြီး သွက်လက်ချက်ချာတာကြောင့် အချိန်တိုအတွင်း အောင်မြင်မှုရရှိပိုင်ဆိုင်လာတာ ဖြစ်ပါတယ်။ နေခြည်ဦးကတော့ သူမဝါသနာပါရာ အနပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်း သူမ စတင်လျှောက်လှမ်းခဲ့တဲ့ Beauty Blogger တစ်ယောက်အဖြစ်လည်း အချိန်ပေး လုပ်ကိုင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ နေခြည်ဦးက သရုပ်ဆောင် အကယ်ဒမီ ထက်ထက်မိုးဦး Live လွှင့်ပြီး ရောင်းပေးခဲ့တဲ့ စိန်ထည်လက်ဝတ်ရတနာတွေကို ထုတ်ပြလာခဲ့ပါတယ်။ နေခြည်ဦးက “နေခြည်ဦး ပိုက်ဆံအိတ်တွေ မကြိုက်တော့ဘူး။ လက်ဝတ်ရတနာဘဲ ဝယ်စုတော့မယ် 💎💎💎 မထက်ပြောသလို ရတနာရှိရာ ရတနာလာပါစေ ♥️♥️♥️” ဆိုပြီး သူမရဲ့ အသစ်စက်စက် လက်ဝတ်ရတနာတွေကို ထုတ်ပြရင်း နောက်ဆိုရင် တန်ဖိုးရှိတဲ့ လက်ဝတ်ရတနာတွေကိုပဲ စုဆောင်းတော့မယ့်အကြောင်း ပြောလာပါတယ်။

နေခြည်ဦးကတော့ လူငယ်တစ်ယောက်ပီပီ လက်ကိုင်အိတ်၊ ဖိနပ်၊ နာရီ၊ အဝတ်အစားစတဲ့ တန်ဖိုးကြီးပစ္စည်းတွေကို စုဆောင်းတတ်ပြီး လက်ဝတ်ရတနာတွေတော့ သိပ်ပြီးမဝတ်ဖြစ်တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် နေခြည်ကတော့ ထက်ထက်ရဲ့ အပြောတွေကြောင့် လက်ဝတ်ရတနာတွေကိုပဲ စုဆောင်းတော့မှာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Nay Chi Oo’s fb
Bilie: Cele Connections

error: Alert: Content is protected !!