ခ်စ္အေျဖရတဲ့ (၄) နွစ္ျပည့္ေန့မွာေတာင္ ဝါသနာအတိုင္း ခ်စ္ဇနီးေလး ျမတ္ရတနာေက်ာ္ကို စေနာက္က်ီစယ္ခဲ့တဲ့ Ah Boy

နိုင္ငံေက်ာ္ အဆိုေတာ္တစ္ေယာက္ျဖစ္တဲ့ Ah Boy ကေတာ့ Rap သီခ်င္းေတြကို သီဆိုရင္း အနုပညာေလာကထဲကို ဝင္ေရာက္လာခဲ့သူ ျဖစ္ပါတယ္။ Ah Boy က ျပီးခဲ့တဲ့နွစ္ေတြ ေတာ္ေတာ္မ်ားမ်ားမွာေတာ့ စီးပြားေရးအလုပ္ေတြကို ဦးစားေပးေနခဲ့တာေၾကာင့္ အနုပညာေလာကနဲ့ အေတာ္ေလး အဆက္အသြယ္ျပတ္ေတာက္သြားခဲ့ေသးတာ ျဖစ္ပါတယ္။ ဒါေပမယ့္ Ah Boy က ျပီးခဲ့တဲ့ လပိုင္းေလာက္က ခ်မ္းေျမ့ေမာင္ခ်ိဳနဲ့အတူတူ “အေငြ့အသက္မ်ား” သီခ်င္းကို ထုတ္လုပ္ခဲ့ျပီး အနုပညာေလာကထဲကို ဒုတိယအၾကိမ္ေျမာက္ ျပန္လည္ ဝင္ေရာက္လာခဲ့တာ ျဖစ္ပါတယ္။

ခ်စ္စရာေကာင္းတဲ့ ဇနီးေခ်ာ၊ လိမၼာေရးျခားရိွတဲ့ သမီးသံုးေယာက္နဲ့ သာယာေအးခ်မ္းတဲ့ မိသားစုဘဝေလးကို တည္ေဆာက္ထားတဲ့ Ah Boy ကေတာ့ ေပ်ာ္ေပ်ာ္ေနတတ္သူတစ္ေယာက္ပီပီ ဒီကေန့က်ေရာက္တဲ့ သူတို့ဇနီးေမာင္နွံရဲ့ ခ်စ္သူသက္တမ္း (၄) နွစ္ျပည့္ေန့ေလးမွာ ျမတ္ရတနာေက်ာ္ကို စေနာက္က်ီစယ္ထားပါတယ္။ Ah Boy က “ဒီေန႔ကေတာ့ ကၽြန္ေတာ္သူ႔ကို အေျဖျပန္ေပးလိုက္လို႔ ခ်စ္သူေတြျဖစ္သြားခဲ့တဲ့ေန႔ေလးေပါ့။ Happy 4th Year Anniversary မိန္းမ ❤️❤️❤️” ဆိုျပီး ေျပာခဲ့တာေၾကာင့္ ပရိသတ္ေတြ သေဘာက်မဆံုးျဖစ္ခဲ့ရတာပဲ ျဖစ္ပါတယ္။

Ah Boy ကေတာ့ သူ့ရဲ့ ဇနီး ျမတ္ရတနာေက်ာ္ကို အဆိုေတာ္ လႊမ္းပိုင္ရဲ့ သီခ်င္း MV မွာ သရုပ္ေဆာင္ထားတာကို ေတြ့ရိွျပီး သေဘာက်ခဲ့တာျဖစ္တယ္လို့ ပြင့္ပြင့္လင္းလင္းဆိုထားသူ ျဖစ္ပါတယ္။ Ah Boy နဲ့ ျမတ္ရတနာေက်ာ္တို့ ေနာက္ထပ္ နွစ္ပတ္လည္ေပါင္းမ်ားစြာမွာ ဒီထက္မက ေပ်ာ္ရႊင္ခ်မ္းေျမ့ရပါေစလို ့ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Kyaw Phyo Tun’s fb
Bilie: Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ချစ်အဖြေရတဲ့ (၄) နှစ်ပြည့်နေ့မှာတောင် ဝါသနာအတိုင်း ချစ်ဇနီးလေး မြတ်ရတနာကျော်ကို စနောက်ကျီစယ်ခဲ့တဲ့ Ah Boy

နိုင်ငံကျော် အဆိုတော်တစ်ယောက်ဖြစ်တဲ့ Ah Boy ကတော့ Rap သီချင်းတွေကို သီဆိုရင်း အနုပညာလောကထဲကို ဝင်ရောက်လာခဲ့သူ ဖြစ်ပါတယ်။ Ah Boy က ပြီးခဲ့တဲ့နှစ်တွေ တော်တော်များများမှာတော့ စီးပွားရေးအလုပ်တွေကို ဦးစားပေးနေခဲ့တာကြောင့် အနုပညာလောကနဲ့ အတော်လေး အဆက်အသွယ်ပြတ်တောက်သွားခဲ့သေးတာ ဖြစ်ပါတယ်။ ဒါပေမယ့် Ah Boy က ပြီးခဲ့တဲ့ လပိုင်းလောက်က ချမ်းမြေ့မောင်ချိုနဲ့အတူတူ “အငွေ့အသက်များ” သီချင်းကို ထုတ်လုပ်ခဲ့ပြီး အနုပညာလောကထဲကို ဒုတိယအကြိမ်မြောက် ပြန်လည် ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ ဇနီးချော၊ လိမ္မာရေးခြားရှိတဲ့ သမီးသုံးယောက်နဲ့ သာယာအေးချမ်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတဲ့ Ah Boy ကတော့ ပျော်ပျော်နေတတ်သူတစ်ယောက်ပီပီ ဒီကနေ့ကျရောက်တဲ့ သူတို့ဇနီးမောင်နှံရဲ့ ချစ်သူသက်တမ်း (၄) နှစ်ပြည့်နေ့လေးမှာ မြတ်ရတနာကျော်ကို စနောက်ကျီစယ်ထားပါတယ်။ Ah Boy က “ဒီနေ့ကတော့ ကျွန်တော်သူ့ကို အဖြေပြန်ပေးလိုက်လို့ ချစ်သူတွေဖြစ်သွားခဲ့တဲ့နေ့လေးပေါ့။ Happy 4th Year Anniversary မိန်းမ ❤️❤️❤️” ဆိုပြီး ပြောခဲ့တာကြောင့် ပရိသတ်တွေ သဘောကျမဆုံးဖြစ်ခဲ့ရတာပဲ ဖြစ်ပါတယ်။

Ah Boy ကတော့ သူ့ရဲ့ ဇနီး မြတ်ရတနာကျော်ကို အဆိုတော် လွှမ်းပိုင်ရဲ့ သီချင်း MV မှာ သရုပ်ဆောင်ထားတာကို တွေ့ရှိပြီး သဘောကျခဲ့တာဖြစ်တယ်လို့ ပွင့်ပွင့်လင်းလင်းဆိုထားသူ ဖြစ်ပါတယ်။ Ah Boy နဲ့ မြတ်ရတနာကျော်တို့ နောက်ထပ် နှစ်ပတ်လည်ပေါင်းများစွာမှာ ဒီထက်မက ပျော်ရွှင်ချမ်းမြေ့ရပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Kyaw Phyo Tun’s fb
Bilie: Cele Connections

error: Alert: Content is protected !!