


 


 

 

ယူနီကုတ်ဖြင့်ဖတ်ရန်

” အောက်တိုဘာလ၁ရက်နေ့မှာတော့ကတိ​အတိုင်း ၁သိန်းကံထူးရှင်တစ်ယောက်ကိုစတင်ရွေးချယ်ပေးခဲ့တဲ့ စမိုင်းလ်တို့ဇနီးမောင်နှံ”

CeleConnections ပရိသတ်ကြီးရေရုပ်ရှင်သရုပ်ဆောင် စမိုင်းလ်ကတော့ အနုပညာရှင်မင်းသမီးတွေများစွာထဲကမှ အိမ်ထောင်ရေးကံကောင်းလွန်းတဲ့ အနုပညာရှင်မင်းသမီးတစ်ဦးလို့ဆိုရမှာပါ။ အမြဲပျော်ရွှင်စိတ်ချမ်းမြေ့စရာမိသားစုလေးကိုပိုင်ဆိုင်ထားပြီး အလှူအတန်းဆိုလည်းလက်မနှေးဘဲ ဘာသာရေးမှာလည်း ထိပ်ဆုံးကပါဝင်ကာ ဦးဆောင်လုပ်တတ်တဲ့မင်းသမီးလေးတစ်လက်ပါ။

ဒါ့အပြင် လက်ရှိမှာလည်းအောက်တိုဘာလဟာ သူမရဲ့ချစ်လှစွာသော ခင်ပွန်းရဲ့မွေးလဖြစ်ပြီး ထူးခြားတဲ့ အလှူလေးတစ်ခုကို ပရိသတ်တွေကိုပြုလုပ်ပေးမယ့်အကြောင်းပြောပြခဲ့တာပါ။ပြောခဲ့တဲ့စကားအတိုင်း ပထမနေ​့ အောက်တိုဘာလတစ်ရက်နေ့အတွက် ကံထူးရှင် တစ်ယောက်ကိုရွေးချယ်ကာ အလှူငွေ၁သိန်းပေးအပ်ခဲ့တာပါ။

Covid ကာလမှာ အလုပ်တွေရပ်နားထားကာစီးပွားရေးအဆင်မပြေဖြစ်နေကြောင်းအကူအညီတောင်းခံတဲ့တစ်ယောက်ကကံထူးခဲ့ကြောင်းကို စခရင်မ်ရှော့နဲ့တကွဖော်ပြခဲ့တာပါ။ တကယ့်ကို အလှူအတန်းစိတ်ပြတ်ကာရရင်ရသလိုလှူဒါန်းတတ်တဲ့ စမိုင်းလ်တို့ဇနီးမောင်နှံရဲ့ကုသိုလ်အတွက်သာဓုခေါ်ခဲ့ပါဦးနော်။ဖတ်ရှုပေးကြတဲ့ CeleConnections ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source :စမိုင်းလ် Smile
Candy -CeleConnections

error: Alert: Content is protected !!