


 


 

Source : NandarHlaing
ယူနီကုတ်ဖြင့်ဖတ်ရန်

“မောင် ဖြစ်သူ ဆေးရုံဆင်းခွင့်ရကာ အိမ်ပြန်ရောက်ပြီလို့ ပြောပြခဲ့တဲ့ နန္ဒာလှိုင်”

CeleConnectionsပရိသတ်ကြီးရေ သရုပ်ဆောင်မောင်ကတော့ မြန်မာနိုင်ငံရဲ့ဒိတ်ဒိတ်ကြဲမင်းသမီးကြီးတစ်ဦးဖြစ်ခဲ့တဲ့ နန္ဒာလှိုင်ရဲ့မောင်အရင်းပဲ ဖြစ်ပါတယ်။ မောင်ကတော့ အခုချိန်မှာ တူမလေးတွေကို စောင့်ရှောက်ရင်းHotel Quarantine ဝင်ရင်Covid 19 positive ဖြစ်ကြောင်း ဆေးစစ်ချက်အဖြေကြောင့် ဧရာဝတီ Quarantineစင်တာကို ပြောင်းရွေ့ကာ နေထိုင်ခဲ့ရတာပါ။

ပြောင်းရွေ့နေထိုင်နေစဉ်မှာလည်း Quarantineဝင်နေတဲ့သူ့ရဲ့အတွေ့အကြုံတွေကို ဝေမျှခဲ့တာပါ။ဒါ့အပြင် Quarantineဝင်နေစဉ်မှာလည်း ရရင်ရသလို လူနာတွေကို အပြန်အလှန်ကူညီဖေးမကာ အကောင်းဆုံးနေထိုင်ခဲ့သူတစ်ယောက်ပါ။

ဒီနေ့မနက်မှာတော့ ” မောင်လေးလဲပြန်လာပါပြီရှင့်အိမ်မှာ LD မဖြည်ရသေးလို့သူ့အခန်းမှာဘဲ ၇ ရက်နေရပါမယ်”ဆိုတဲ့စာလေးနဲ့ အမဖြစ်သူ နန္ဒာလှိုင်က သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြခဲ့တာပါ။ တကယ့်ကိုဝမ်းသာစရာသတင်းကောင်းတစ်ခုပါပဲနော်။ ဖတ်ရှုပေးကြတဲ့ CeleConnections ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : NandarHlaing
Candy – CeleConnections

error: Alert: Content is protected !!