အကာအကြယ္ေတြအျပည့္နဲ့ ေဆး႐ုံမွာတစ္ေဆာင္နဲ႔တစ္ေဆာင္ကူးရင္း ပင္ပန္းေနေပမယ့္လည္း အၿပဳံးမပ်က္ရွာတဲ့ ေဒါက္တာမေလး ပိုးမမွီသာ

ပရိသတ္ေတြခ်စ္ရတဲ့ တက္သစ္စမင္းသမီးေလး ပိုးမမွီသာက ေဆးေက်ာင္းသူေလးတစ္ေယာက္ျဖစ္ၿပီး ေက်ာင္းစာတစ္ဖက္နဲ႔ အႏုပညာလုပ္ငန္းေတြကို လုပ္ကိုင္ေနရသူေလး ျဖစ္ပါတယ္။ ပိုးမမွီသာက သူမဝါသနာပါ ျမတ္ႏိုးတဲ့ အႏုပညာအလုပ္ေတြကို လုပ္ကိုင္ေနသလို တစ္ဖက္မွာလည္း သူမဘဝရဲ႕ ပန္းတိုင္ျဖစ္တဲ့ သားဖြားမီးယပ္ဆရာဝန္မႀကီးျဖစ္ဖို႔ ႀကိဳးစားေနတာပဲ ျဖစ္ပါတယ္။ လူတစ္ကိုယ္ ႏွစ္ဘဝနဲ႔ ရွင္သန္ေနတဲ့ ပိုးမမွီသာက သူမ်ားေတြထက္ ပိုပင္ပန္းေပမယ့္ သူမရဲ႕ဘဝေလးကို ေက်နပ္ေနရွာသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။

လက္ရွိမွာ အႏုပညာအလုပ္ေတြကို ရပ္နားထားတဲ့ ပိုးမမွီသာက ေဟာက္ဆာဂ်င္ ဆရာဝန္မေလးအျဖစ္ သူမတာဝန္က်ရာ ေဆး႐ုံေတြမွာ တာဝန္ထမ္းေဆာင္ေနလ်က္ရွိတာပဲ ျဖစ္ပါတယ္။ ဒီကေန႔မွာလည္း ပိုးမမွီသာက တစ္ကိုယ္လုံး အကာအကြယ္ေတြအျပည့္ဝတ္ၿပီး ေဆး႐ုံမွာတစ္ေဆာင္နဲ႔တစ္ေဆာင္ကူးရင္း ပင္ပန္းေနေပမယ့္လည္း အၿပဳံးမပ်က္ရွာပဲ “Those most hours of my day when a mask covers my whole face !! တစ္ေဆာင္မွ တစ္ေဆာင္ကို ေဆးေျပးထိုးစဥ္တစ္ျဖတ္တစ္ကတ္ 😅” ဆိုျပီး သူမရဲ့ ပံုရိပ္ေလးကို မွ်ေဝေပးလာပါတယ္။

ပိုးမမွီသာကေတာ့ သူမတာဝန္က်ရာ ရန္ကုန္ျပည္သူ့ေဆးရံုၾကီးမွာ တာဝန္ေတြကို ထမ္းေဆာင္ရင္း တစ္ေန့တာကို ျဖတ္သန္းေနလ်က္ရိွတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ဆရာဝန္ မင္းသမီးေလး ပိုးမမွီသာကို ဒီထက္မက ပိုခ်စ္ျပီး ပိုအားေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Poe Mamhe Thar’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

အကာအကွယ်တွေအပြည့်နဲ့ ဆေးရုံမှာတစ်ဆောင်နဲ့တစ်ဆောင်ကူးရင်း ပင်ပန်းနေပေမယ့်လည်း အပြုံးမပျက်ရှာတဲ့ ဒေါက်တာမလေး ပိုးမမှီသာ

ပရိသတ်တွေချစ်ရတဲ့ တက်သစ်စမင်းသမီးလေး ပိုးမမှီသာက ဆေးကျောင်းသူလေးတစ်ယောက်ဖြစ်ပြီး ကျောင်းစာတစ်ဖက်နဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေရသူလေး ဖြစ်ပါတယ်။ ပိုးမမှီသာက သူမဝါသနာပါ မြတ်နိုးတဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေသလို တစ်ဖက်မှာလည်း သူမဘဝရဲ့ ပန်းတိုင်ဖြစ်တဲ့ သားဖွားမီးယပ်ဆရာဝန်မကြီးဖြစ်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ လူတစ်ကိုယ် နှစ်ဘဝနဲ့ ရှင်သန်နေတဲ့ ပိုးမမှီသာက သူများတွေထက် ပိုပင်ပန်းပေမယ့် သူမရဲ့ဘဝလေးကို ကျေနပ်နေရှာသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

လက်ရှိမှာ အနုပညာအလုပ်တွေကို ရပ်နားထားတဲ့ ပိုးမမှီသာက ဟောက်ဆာဂျင် ဆရာဝန်မလေးအဖြစ် သူမတာဝန်ကျရာ ဆေးရုံတွေမှာ တာဝန်ထမ်းဆောင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ပိုးမမှီသာက တစ်ကိုယ်လုံး အကာအကွယ်တွေအပြည့်ဝတ်ပြီး ဆေးရုံမှာတစ်ဆောင်နဲ့တစ်ဆောင်ကူးရင်း ပင်ပန်းနေပေမယ့်လည်း အပြုံးမပျက်ရှာပဲ “Those most hours of my day when a mask covers my whole face !! တစ်ဆောင်မှ တစ်ဆောင်ကို ဆေးပြေးထိုးစဉ်တစ်ဖြတ်တစ်ကတ် 😅” ဆိုပြီး သူမရဲ့ ပုံရိပ်လေးကို မျှဝေပေးလာပါတယ်။

ပိုးမမှီသာကတော့ သူမတာဝန်ကျရာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ တာဝန်တွေကို ထမ်းဆောင်ရင်း တစ်နေ့တာကို ဖြတ်သန်းနေလျက်ရှိတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဆရာဝန် မင်းသမီးလေး ပိုးမမှီသာကို ဒီထက်မက ပိုချစ်ပြီး ပိုအားပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Poe Mamhe Thar’s fb
Bilie – Cele Connections

error: Alert: Content is protected !!