လူပ်ိဳလူလြတ္မဟုတ္တဲ့ အိမ္ေထာင္ဦးစီးတစ္ေယာက္ျဖစ္တာေၾကာင့္ မျဖစ္မေနအျပင္ထြက္ရေပမယ့္ စိတ္မပူၾကဖို့ ေျပာလာတဲ့ ေရႊထူး

ပရိသတ္ေတြ ခံစားခ်က္နဲ့ တိုက္ဆိုင္တဲ့ သီခ်င္းေလးေတြကိုဆိုရင္း ေအာင္ျမင္မႈရရိွလာတဲ့ ေရႊထူးကေတာ့ နိုင္ငံေက်ာ္ မင္းသမီး ေရႊမႈံရတီနဲ့အတူတူ ေအးခ်မ္းတဲ့ အိမ္ေထာင္သည္ဘဝေလးကို တည္ေဆာက္ထားတာ ျဖစ္ပါတယ္။ ေရႊထူးက လူပ်ိဳဘဝမွာ လြတ္လြတ္လပ္လပ္ေနခဲ့ေပမယ့္ အိမ္ေထာင္ရွင္တစ္ေယာက္ျဖစ္သြားခ်ိန္မွာေတာ့ အရမ္းကို ရင့္က်က္သြားခဲ့တာ ပရိသတ္ၾကီးအားလံုး သိျပီးသား ျဖစ္မွာပါ။ ေရႊထူးကေတာ့ သူ့ဘဝရဲ့ အခ်ိန္ေတာ္ေတာ္မ်ားမ်ားကို အနုပညာအလုပ္ေတြလုပ္ရင္း မိသားစုအတြက္ တာဝန္ေက်ပြန္သူတစ္ေယာက္အျဖစ္ ၾကိဳးစားေနလ်က္ရိွပါတယ္။

မေန့က ေအာက္တိုဘာလ (၂) ရက္ေန့မွာေတာ့ ေရႊထူးက သူ့ရဲ့ အျပင္သြားခါနီး ဓာတ္ပံုေတြကို လူမႈကြန္ယက္စာမ်က္နွာမွာ တင္ခဲ့ရာ သူ့ရဲ့ပရိသတ္ေတြက စိတ္ပူစြာနဲ့ သတိေပးစကား ဆိုထားပါတယ္။ ပရိသတ္ေတြရဲ့ စိုးရိမ္ပူပန္မႈေတြအေပၚ ေရႊထူးက “သူမ်ားေတြလိုလူပ်ိဳလူလြတ္မဟုတ္ … အိမ္ေထာင္ဦးစီးဆိုေတာ့ အျပင္ထြက္ရတယ္ဟ … Mask လည္းတပ္တယ္ လက္လည္းေဆးပါတယ္ဗ်ာ 😑 အားလုံး စိတ္ခ်မ္းသာစြာေနၾကပါ … တတ္ႏိုင္သေလာက္အပူေတြမေတြးၾကပါနဲ႔ … လူတိုင္းမွာအပူေတြရွိၾကေပမယ့္ … စိတ္ကိုတတ္ႏိုင္သေလာက္ေတာ့ေအးေအာင္ထားရမွာပဲ ☺️” ဆိုျပီး ေျပာဆိုခဲ့ပါတယ္။

ေရႊထူးကေတာ့ အိမ္ေထာင္ဦးစီးတစ္ေယာက္ပီပီ မိသားစုအတြက္ လိုေလေသးမရိွ ျဖည့္စည္းေပးေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ေရႊထူးေျပာသလို အရမ္းစိုးရိမ္ျခင္းမရိွပဲ စည္းစနစ္တက်ေနထိုင္ျခင္းနဲ့ ကိုယ့္ကိုကိုယ္ ကာကြယ္ေစာင့္ေရွာက္ၾကပါေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Htoo Khant’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

 

လူပျိုလူလွတ်မဟုတ်တဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်တာကြောင့် မဖြစ်မနေအပြင်ထွက်ရပေမယ့် စိတ်မပူကြဖို့ ပြောလာတဲ့ ရွှေထူး

ပရိသတ်တွေ ခံစားချက်နဲ့ တိုက်ဆိုင်တဲ့ သီချင်းလေးတွေကိုဆိုရင်း အောင်မြင်မှုရရှိလာတဲ့ ရွှေထူးကတော့ နိုင်ငံကျော် မင်းသမီး ရွှေမှုံရတီနဲ့အတူတူ အေးချမ်းတဲ့ အိမ်ထောင်သည်ဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ရွှေထူးက လူပျိုဘဝမှာ လွတ်လွတ်လပ်လပ်နေခဲ့ပေမယ့် အိမ်ထောင်ရှင်တစ်ယောက်ဖြစ်သွားချိန်မှာတော့ အရမ်းကို ရင့်ကျက်သွားခဲ့တာ ပရိသတ်ကြီးအားလုံး သိပြီးသား ဖြစ်မှာပါ။ ရွှေထူးကတော့ သူ့ဘဝရဲ့ အချိန်တော်တော်များများကို အနုပညာအလုပ်တွေလုပ်ရင်း မိသားစုအတွက် တာဝန်ကျေပွန်သူတစ်ယောက်အဖြစ် ကြိုးစားနေလျက်ရှိပါတယ်။

မနေ့က အောက်တိုဘာလ (၂) ရက်နေ့မှာတော့ ရွှေထူးက သူ့ရဲ့ အပြင်သွားခါနီး ဓာတ်ပုံတွေကို လူမှုကွန်ယက်စာမျက်နှာမှာ တင်ခဲ့ရာ သူ့ရဲ့ပရိသတ်တွေက စိတ်ပူစွာနဲ့ သတိပေးစကား ဆိုထားပါတယ်။ ပရိသတ်တွေရဲ့ စိုးရိမ်ပူပန်မှုတွေအပေါ် ရွှေထူးက “သူများတွေလိုလူပျိုလူလွတ်မဟုတ် … အိမ်ထောင်ဦးစီးဆိုတော့ အပြင်ထွက်ရတယ်ဟ … Mask လည်းတပ်တယ် လက်လည်းဆေးပါတယ်ဗျာ 😑 အားလုံး စိတ်ချမ်းသာစွာနေကြပါ … တတ်နိုင်သလောက်အပူတွေမတွေးကြပါနဲ့ … လူတိုင်းမှာအပူတွေရှိကြပေမယ့် … စိတ်ကိုတတ်နိုင်သလောက်တော့အေးအောင်ထားရမှာပဲ ☺️” ဆိုပြီး ပြောဆိုခဲ့ပါတယ်။

ရွှေထူးကတော့ အိမ်ထောင်ဦးစီးတစ်ယောက်ပီပီ မိသားစုအတွက် လိုလေသေးမရှိ ဖြည့်စည်းပေးနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရွှေထူးပြောသလို အရမ်းစိုးရိမ်ခြင်းမရှိပဲ စည်းစနစ်တကျနေထိုင်ခြင်းနဲ့ ကိုယ့်ကိုကိုယ် ကာကွယ်စောင့်ရှောက်ကြပါနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Htoo Khant’s fb
Bilie – Cele Connections

error: Alert: Content is protected !!