ယုန္ေလးရဲ့ေၾကာ္ျငာမွာ သရုပ္ေဆာင္ခဲ့တာက မိန္းကေလးေတြကို ရည္ရြယ္ခ်က္ရိွရိွ ေစာ္ကားတာမ်ိဳးမဟုတ္ပါေၾကာင္း ေတာင္းပန္လာတဲ့ ေအးမင္းဟိန္း

ျပီးခဲ့တဲ့ရက္ပိုင္းက ဒါရိုက္တာ ယုန္ေလး ကိုယ္တိုင္ ဇာတ္ညႊန္းေရး၊ ရိုက္ကူးတဲ့ ဖိနပ္ေၾကာ္ျငာတစ္ခုဟာ အမ်ိဳးသမီးေတြၾကားမွာသာမက ပရိသတ္ေတြၾကားမွာပါ ေတာ္ေတာ္ေလးဂယက္ထသြားခဲ့တာပဲ ျဖစ္ပါတယ္။ အမ်ိဳးသမီးေတြကို ေစာ္ကားတဲ့ သရုပ္ေဆာင္ခ်က္ေတြပါဝင္တာေၾကာင့္ ယုန္ေလးအျပင္ ပါဝင္သရုပ္ေဆာင္ထားၾကတဲ့ သရုပ္ေဆာင္္ေတြကလည္း ျပင္းျပင္းထန္ထန္ေဝဖန္ခံေနရတာပဲ ျဖစ္ပါတယ္။ ထုိေၾကာ္ျငာထဲမွာ ပါဝင္သရုပ္ေဆာင္ခဲ့တဲ့ ေဖ့စ္ဘုတ္ဆယ္လီ ေအးမင္းဟိန္းအေနနဲ့လည္း ပရိသတ္ေတြကို ေက်နပ္ေအာင္ ေတာင္းပန္လာတာကို အခုလိုပဲေတြ့ရပါတယ္။

“ကြၽန္ေတာ့္အေနနဲ႔ ကြၽန္ေတာ့္ကို အားေပးတဲ့ထဲက လူႀကီး လူငယ္ ကေလးေတြအတြက္ မသင့္ေတာ္တဲ့ အသုံးအႏႈန္းေတြ ႐ြံ႕စရာအမူအရာေတြ နဲ႔ ေျပာမိဆိုမိခဲ့တဲ့အတြက္ ဒီကပဲေတာင္းပန္အပ္ပါတယ္ခင္ဗ်။ ကိုယ္တိုင္လည္း တစ္ခါတစ္ေလ မိန္းကေလးလို႔ ဝတ္ၿပီးသ႐ုပ္ေဆာင္ေနတဲ့ အတြက္ မိန္းကေလးေတြကို ရည္႐ြယ္ခ်က္ရွိရွိနဲ႔ ေစာ္ကားတာမ်ိဳး မထင္ေစခ်င္ပါဘူးခင္ဗ်ာ။ မိန္းကေလးေတြကိုလည္း တန္ဖိုးထားပါတယ္။ ေနာက္ေနာင္လည္း မျဖစ္ေစရဘူးလို႔ ကတိေပးပါတယ္။ မိမိကိုယ္တိုင္လည္း လုပ္ခဲ့မိတဲ့ သ႐ုပ္အေပၚ မသင့္ေတာ္ဘူးလို႔ ယူစတဲ့အတြက္ေရာ..”

“ကိုယ္တိုင္ကလည္း Troller Blamer ျဖစ္တဲ့ အတြက္ Blame တာေတြကို ေက်ေက်နပ္နပ္ႀကီးလက္ခံသြားပါမယ္ခင္ဗ်ာ။ က်န္ေသးတာက “အရင္က ၾကည့္မရတာအခုေတာ့ပိုဆိုးသြားၿပီဆိုတဲ့သူေတြကိုလည္း ေတာင္းပန္ပါတယ္ ” “အရင္ကေတာ့အားေပးတယ္ ခုေတာ့ ႐ြံ႕သြားၿပီဆိုတဲ့သူေတြလည္း ေတာင္းပန္ပါတယ္လို႔ေျပာခ်င္ပါတယ္။ အၿမဲေပ်ာ္ေပ်ာ္ေနတတ္တဲ့သူအတြက္ အရမ္း စိတ္ဓာတ္က်သြားတဲ့အခ်ိန္မွာ ကိုယ့္အေၾကာင္းသိလို႔ နားလည္ၿပီး အားေပးခဲ့တဲ့သူတစ္ေယာက္ျခင္းစီကိုလည္း ေက်းဇူးတင္ပါတယ္ခင္ဗ်ာ.. ❤️” ဆိုျပီး သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ ေျပာလာခဲ့တာပဲ ျဖစ္ပါတယ္။

ေအးမင္းဟိန္းကေတာ့ ေဖ့စ္ဘုတ္ေပၚမွာ ဟာသဗီဒီယိုေလးေတြတင္ရင္း နာမည္ၾကီးတဲ့ ေဖ့စ္ဘုတ္ဆယ္လီတစ္ေယာက္ျဖစ္ျပီး ယုန္ေလးရဲ့ ေၾကာ္ျငာမွာလည္း ပါဝင္သရုပ္ေဆာင္ခဲ့တာပဲ ျဖစ္ပါတယ္။ ေအးမင္းဟိန္းကေတာ့ ေနာက္ေနာင္လည္း ဒီလိုမ်ိဳး ထပ္မျဖစ္ေစရဘူးလို့ ကတိေပးခဲ့တဲ့အတြက္ ပရိသတ္ၾကီးလည္း ေက်နပ္ေလာက္မယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Aye Min Hein ‘s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ယုန်လေးရဲ့ကြော်ငြာမှာ သရုပ်ဆောင်ခဲ့တာက မိန်းကလေးတွေကို ရည်ရွယ်ချက်ရှိရှိ စော်ကားတာမျိုးမဟုတ်ကြောင်း တောင်းပန်လာတဲ့ အေးမင်းဟိန်း

ပြီးခဲ့တဲ့ရက်ပိုင်းက ဒါရိုက်တာ ယုန်လေး ကိုယ်တိုင် ဇာတ်ညွှန်းရေး၊ ရိုက်ကူးတဲ့ ဖိနပ်ကြော်ငြာတစ်ခုဟာ အမျိုးသမီးတွေကြားမှာသာမက ပရိသတ်တွေကြားမှာပါ တော်တော်လေးဂယက်ထသွားခဲ့တာပဲ ဖြစ်ပါတယ်။ အမျိုးသမီးတွေကို စော်ကားတဲ့ သရုပ်ဆောင်ချက်တွေပါဝင်တာကြောင့် ယုန်လေးအပြင် ပါဝင်သရုပ်ဆောင်ထားကြတဲ့ သရုပ်ဆောင်တွေကလည်း ပြင်းပြင်းထန်ထန်ဝေဖန်ခံနေရတာပဲ ဖြစ်ပါတယ်။ ထိုကြော်ငြာထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဖေ့စ်ဘုတ်ဆယ်လီ အေးမင်းဟိန်းအနေနဲ့လည်း ပရိသတ်တွေကို ကျေနပ်အောင် တောင်းပန်လာတာကို အခုလိုပဲတွေ့ရပါတယ်။

“ကျွန်တော့်အနေနဲ့ ကျွန်တော့်ကို အားပေးတဲ့ထဲက လူကြီး လူငယ် ကလေးတွေအတွက် မသင့်တော်တဲ့ အသုံးအနှုန်းတွေ ရွံ့စရာအမူအရာတွေ နဲ့ ပြောမိဆိုမိခဲ့တဲ့အတွက် ဒီကပဲတောင်းပန်အပ်ပါတယ်ခင်ဗျ။ ကိုယ်တိုင်လည်း တစ်ခါတစ်လေ မိန်းကလေးလို့ ဝတ်ပြီးသရုပ်ဆောင်နေတဲ့ အတွက် မိန်းကလေးတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ စော်ကားတာမျိုး မထင်စေချင်ပါဘူးခင်ဗျာ။ မိန်းကလေးတွေကိုလည်း တန်ဖိုးထားပါတယ်။ နောက်နောင်လည်း မဖြစ်စေရဘူးလို့ ကတိပေးပါတယ်။ မိမိကိုယ်တိုင်လည်း လုပ်ခဲ့မိတဲ့ သရုပ်အပေါ် မသင့်တော်ဘူးလို့ ယူစတဲ့အတွက်ရော..”

“ကိုယ်တိုင်ကလည်း Troller Blamer ဖြစ်တဲ့ အတွက် Blame တာတွေကို ကျေကျေနပ်နပ်ကြီးလက်ခံသွားပါမယ်ခင်ဗျာ။ ကျန်သေးတာက “အရင်က ကြည့်မရတာအခုတော့ပိုဆိုးသွားပြီဆိုတဲ့သူတွေကိုလည်း တောင်းပန်ပါတယ် ” “အရင်ကတော့အားပေးတယ် ခုတော့ ရွံ့သွားပြီဆိုတဲ့သူတွေလည်း တောင်းပန်ပါတယ်လို့ပြောချင်ပါတယ်။ အမြဲပျော်ပျော်နေတတ်တဲ့သူအတွက် အရမ်း စိတ်ဓာတ်ကျသွားတဲ့အချိန်မှာ ကိုယ့်အကြောင်းသိလို့ နားလည်ပြီး အားပေးခဲ့တဲ့သူတစ်ယောက်ခြင်းစီကိုလည်း ကျေးဇူးတင်ပါတယ်ခင်ဗျာ.. ❤️” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။

အေးမင်းဟိန်းကတော့ ဖေ့စ်ဘုတ်ပေါ်မှာ ဟာသဗီဒီယိုလေးတွေတင်ရင်း နာမည်ကြီးတဲ့ ဖေ့စ်ဘုတ်ဆယ်လီတစ်ယောက်ဖြစ်ပြီး ယုန်လေးရဲ့ ကြော်ငြာမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။ အေးမင်းဟိန်းကတော့ နောက်နောင်လည်း ဒီလိုမျိုး ထပ်မဖြစ်စေရဘူးလို့ ကတိပေးခဲ့တဲ့အတွက် ပရိသတ်ကြီးလည်း ကျေနပ်လောက်မယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Aye Min Hein ‘s fb
Bilie – Cele Connections

error: Alert: Content is protected !!