Source:Khin Thazin
ယူနီကုတ်ဖြင့်ဖတ်ရန်
” ဒီရက်ပိုင်းပျောက်နေတာ Covid 19 positiveဖြစ်နေတာမဟုတ်ပါဘူးလို့ ​ ဆိုတဲ့
ခင်သဇင်”
CeleConnectionsပရိသတ်ကြီးရေ ခင်သဇင်ကတော့ ပရဟိတတွေလုပ်လွန်းလို့ တစ်ချို့ကတောင် ပရဟိတမင်းသမီးလေးလို့ခေါ်ဆိုခဲ့ကြတာပါ။ ပရိသတ်တွေအထူးသဘောကျခဲ့ရတဲ့ထာဝရနှောင်ကြိုးရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်ခဲ့ပြီးနောက်ပိုင်း ပရိသတ်တွေပိုမိုသတိထားမိလာတာပါ။
MRTV4ဇာတ်လမ်းတွဲ တစ်ခုဖြစ်တဲ့ ” အချစ်ဖွဲ့လေညင်း “ဇာတ်လမ်းတွဲမှာ မိုးကလျာဆိုတဲ့ ဗီလိန်ကာရိုက်တာအနေနဲ့ပါဝင်ခဲ့တာဖြစ်ပါတယ်။
ဒီနေ့​မှာတော့သူမကို ဆိုရှယ်မီဒီယာမှာမမြင်မတွေ့ဘဲပျောက်နေလို့စိတ်ပူနေကြတဲ့ ပရိသတ်တွေကို “ဒီရက်ပိုင်းတွေ ခင်သဇင် အမှန်တိုင်း ဝန်ခံရမယ်ဆိုရင်ပျောက်နေတာ ဘာလို့မှ မဟုတ်ပါဘူး။positive ဖြစ်နေတာလည်း မဟုတ်ပါဘူး…တချို့က စိတ်ပူတယ်ဆိုလို့ မပူဖို့ ပြောပြတာပါ..”ဆိုပြီးသူမခံစားနေရတဲ့ ခံစားချက်တွေကိုရင်ဖွင့်ပြောပြခဲ့တာပါ။
စိတ်ပူနေတဲ့ခင်သဇင်ရဲ့ပရိသတ်တွေစိတ်အေးစေဖိူ့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်​ေနာ်။ ဖတ်ရှုပေးကြတဲ့ CeleConnections ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source:Khin Thazin
Candy – CeleConnections
error: Alert: Content is protected !!