ညီအရင္းေလးတစ္ေယာက္လိုခ်စ္ရတဲ့ မင္းေသြးတို့ခ်စ္သူနွစ္ေယာက္ရဲ့ ဗီဒီယိုကိုၾကည့္ရခ်ိန္မွာ သတိရလြန္းလို့ ငိုခ်င္လာတယ္ဆိုတဲ့ သားညီ

ပရိသတ္ေတြခ်စ္ၾကတဲ့ မင္းသား၊ အဆိုေတာ္ မင္းေသြးကေတာ့ သူခ်စ္တဲ့ မိတ္ေဆြေတြေရာ၊ ပရိသတ္ေတြေရာကို နႈတ္မဆက္ပဲ ထြက္ခြာသြားတာ အခုဆိုရင္ (၂)နွစ္တိတိ အခ်ိန္ေတာင္ရိွျပီ ျဖစ္ပါတယ္။ မင္းေသြးရဲ့ အခ်စ္ဆံုးသူငယ္ခ်င္းလည္းျဖစ္သလို စီနီယာအစ္ကိုတစ္ေယာက္လည္းျဖစ္တဲ့ သရုပ္ေဆာင္၊ ဒါရိုက္တာ သားညီကလည္း မင္းေသြးကို တစ္ရက္မွေမ့လို့မရသလို ဒီလိုေန့ေတြမွာဆို ပိုလို့ေတာင္ သတိရေနခဲ့တာပဲ ျဖစ္ပါတယ္။

သားညီက မင္းေသြးနဲ့ ေနာက္ဆံုးေျပာျဖစ္ခဲ့တဲ့ စကားေတြကို သတိတရရိွေနသလို မင္းေသြးနဲ့ ဆံုျဖစ္ခဲ့တဲ့ အမွတ္တရေတြကိုလည္း တမ္းတေနခဲ့တာ ျဖစ္ပါတယ္။ ဒီကေန့ ေအာက္တိုဘာလ(၃) ရက္ေန့မွာ ေနတိုးက မင္းေသြးနဲ့ သူ့ရဲ့ခ်စ္သူတို့ရဲ့ အမွတ္တရဗီဒီယိုေလးကို သီခ်င္း MV အျဖစ္ မွ်ေဝခဲ့ရာ သားညီကလည္း မင္းေသြးကို သတိရျပီး “တကယ္ငိုခ်င္လာတယ္.. သတိရတယ္ ညီေလးငယ္” ဆိုျပီး ဝမ္းနည္းစြာဆိုထားပါတယ္။

မင္းေသြးနဲ့ သားညီတို့ကေတာ့ ရုပ္ရွင္ဇာတ္ကားေတြမ်ားစြာကိုလည္း အတူတကြ ဖန္တီးခဲ့သလို အျပင္မွာလည္း တစ္ေယာက္နဲ့တစ္ေယာက္ ညီအစ္ကိုေတြလို ခ်စ္ခင္ၾကသူေတြပဲ ျဖစ္ပါတယ္။ မင္းေသြးတစ္ေယာက္လည္း အခုဆိုရင္ ေအးခ်မ္းတဲ့ဘံုဘဝမွာ အနားယူေနေလာက္ျပီလို့ ေမွ်ာ္လင့္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Thar Nyi’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ညီအရင်းလေးတစ်ယောက်လိုချစ်ရတဲ့ မင်းသွေးတို့ချစ်သူနှစ်ယောက်ရဲ့ ဗီဒီယိုကိုကြည့်ရချိန်မှာ သတိရလွန်းလို့ ငိုချင်လာတယ်ဆိုတဲ့ သားညီ

ပရိသတ်တွေချစ်ကြတဲ့ မင်းသား၊ အဆိုတော် မင်းသွေးကတော့ သူချစ်တဲ့ မိတ်ဆွေတွေရော၊ ပရိသတ်တွေရောကို နှုတ်မဆက်ပဲ ထွက်ခွာသွားတာ အခုဆိုရင် (၂)နှစ်တိတိ အချိန်တောင်ရှိပြီ ဖြစ်ပါတယ်။ မင်းသွေးရဲ့ အချစ်ဆုံးသူငယ်ချင်းလည်းဖြစ်သလို စီနီယာအစ်ကိုတစ်ယောက်လည်းဖြစ်တဲ့ သရုပ်ဆောင်၊ ဒါရိုက်တာ သားညီကလည်း မင်းသွေးကို တစ်ရက်မှမေ့လို့မရသလို ဒီလိုနေ့တွေမှာဆို ပိုလို့တောင် သတိရနေခဲ့တာပဲ ဖြစ်ပါတယ်။

သားညီက မင်းသွေးနဲ့ နောက်ဆုံးပြောဖြစ်ခဲ့တဲ့ စကားတွေကို သတိတရရှိနေသလို မင်းသွေးနဲ့ ဆုံဖြစ်ခဲ့တဲ့ အမှတ်တရတွေကိုလည်း တမ်းတနေခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့ အောက်တိုဘာလ(၃) ရက်နေ့မှာ နေတိုးက မင်းသွေးနဲ့ သူ့ရဲ့ချစ်သူတို့ရဲ့ အမှတ်တရဗီဒီယိုလေးကို သီချင်း MV အဖြစ် မျှဝေခဲ့ရာ သားညီကလည်း မင်းသွေးကို သတိရပြီး “တကယ်ငိုချင်လာတယ်.. သတိရတယ် ညီလေးငယ်” ဆိုပြီး ဝမ်းနည်းစွာဆိုထားပါတယ်။

မင်းသွေးနဲ့ သားညီတို့ကတော့ ရုပ်ရှင်ဇာတ်ကားတွေများစွာကိုလည်း အတူတကွ ဖန်တီးခဲ့သလို အပြင်မှာလည်း တစ်ယောက်နဲ့တစ်ယောက် ညီအစ်ကိုတွေလို ချစ်ခင်ကြသူတွေပဲ ဖြစ်ပါတယ်။ မင်းသွေးတစ်ယောက်လည်း အခုဆိုရင် အေးချမ်းတဲ့ဘုံဘဝမှာ အနားယူနေလောက်ပြီလို့ မျှော်လင့်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Thar Nyi’s fb
Bilie – Cele Connections

error: Alert: Content is protected !!