



Source : Tyron Bejay
ယူနီကုတ်ဖြင့်ဖတ်ရန်

” Stay Homeကာလမှာ သူငယ်ချင်းဖြစ်သူရဲ့ ဆံပင်ကိုကိုယ်တိုင်ညှပ်ပေးကာ လက်စွမ်းပြလိုက်တဲ့တိုင်ရွန်”

CeleConnections ပရိသတ်ကြီးရေ တိုင်ရွန်ကတော့ တက်သစ်စမင်းသားတစ်ယောက်အနေနဲ့ ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ကျရာဇာတ်ရုပ်ကို အကောင်းဆုံးပါဝင် သရုပ်ဆောင်နေပြီဖြစ်ပါတယ်။ ” အခမ်းနားဆုံးမေတ္တာနဲ့ ချိုးရုပ်” ဇာတ်ကားတို့မှာလည်း တိုင်ရွန်က ဇာတ်ရုပ်တိုင်းကို ပီပီပြင်ပြင်သရုပ်ဆောင်နိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို တခဲနက်ရရှိခဲ့ပါသေးတယ်။

ဒါ့အပြင် ကိုရီးယားမင်းသားတစ်ယောက်လို ချောမောတာကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကိုလည်း ရရှိနေသူတစ်ယောက်ပါ။မော်ဒယ်လ်လောကမှာ ကျော်ကြားရုံတင်မကဘဲ အခုချိန်မှာ သရုပ်ဆောင်ကောင်းတစ်ယောက်အဖြစ် ပရိသတ်တွေကလက်ခံနေပြီပဲ ဖြစ်ပါတယ်။

သူ့ရဲ့ အနုပညာလှုပ်ရှားမှုမှန်သမျှကို သူချစ်တဲ့ပရိသတ်တွေသိစေဖို့အမြဲဝေမျှပေးတတ်သူလည်းပါ။အမြဲသူငယ်ချင်းတွေနဲ့ပျော်ပျော်နေတတ်တဲ့တိုင်ရွန်ကတော့ လက်ရှိStay Homeကာလ မှာ သူငယ်ချင်းဖြစ်သူရဲ့ hair style ကို ကိုယ်တိုင်လက်စွမ်းပြကာ ညှပ်ပေးနေတဲ့ဗီဒီယိုဖိုင်လေးကိုတင်လာခဲ့တာပါ။ ဖတ်ရှုပေးကြတဲ့ CeleConnections ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : Tyron Bejay
Candy –CeleConnections

error: Alert: Content is protected !!