” Covid 19နဲ႔ ဆုံးပါးသြားခဲ့တဲ့အေဖ့အတြက္ရည္စူးၿပီး ရန္ကုန္အေထြေထြေရာဂါကုေဆး႐ုံးသစ္ႀကီးကို အလႉေငြ၅သိန္းလႉဒါန္းခဲ့တဲ့ ဒါ႐ိုက္တာ ထူးပိုင္​ေဇာ္ဦး”

CeleConnections ပရိသတ္ႀကီးေရ ဒါ႐ိုက္တာ ထူးပိုင္​ေဇာ္ဦးကေတာ့ပရိသတ္ေတြရင္ထဲကို ေရာာက္ရွိေအာင္႐ိုက္ကူးႏိုင္တဲ့ဒါ႐ိုက္တာတစ္ဦးပါ။လက္ရွိျဖစ္ပြားေနတဲ့ Covid19ေၾကာင့္ အေဖျဖစ္သူ ဆုံးသြားခဲ့တာေၾကာင့္လည္း ပရိသတ္ေတြနဲ႔ အႏုပညာရွင္ေတြအံ့ၾသစိတ္မေကာင္းျဖစ္ခဲ့ၾကရတာပါ။

အခုခ်ိန္မွာ မိခင္ျဖစ္သူေရာ သူကိုယ္တိုင္ပါQuarantineဝင္ေနရတာ ျဖစ္ၿပီး အေမျဖစ္သူရဲ႕ေဆးစစ္ခ်က္ကို အလြန္စိုးရိမ္ေနတာပဲ ျဖစ္ပါတယ္။လက္ရွိမွာလည္း ” ပါပါး ICU မွာ ရွိေနတုန္း ဒီအလႉေလး လုပ္ျဖစ္ေၾကာင္း ကို အသိေပးလိုက္ႏိုင္ခဲ့တယ္။‌သာဓု ေခၚပါ ပါပါး🙏🙏🙏”ဆိုတဲ့စာေလးနဲ႔ အလႉျပဳလုပ္လႉဒါန္းခဲ့ေၾကာင္း ေျပာျပခဲ့တာပါ။

ရန္ကုန္အေထြေထြေရာဂါကုေဆး႐ုံးသစ္ႀကီးရွိအထူးၾကပ္မတ္ကုသေဆာင္ႏွင့္ခြဲခန္းတြင္အေထြေထြသုံးစြဲရန္အတြက္ အလႉေငြ၅သိန္းက်ပ္တိတိ လႉဒါန္းခဲ့တဲ့အလႉေလးပဲ ျဖစ္ပါတယ္။ CeleConnections ပရိသတ္ႀကီးလည္း ဒါ႐ိုက္ထူးပိုင္ေဇာ္ဦးရဲ႕အလႉအတြက္သာဓုေခၚခဲ့ပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ CeleConnections ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source : Htoo paing zaw oo
Candy – CeleConnections
ယူနီကုတ္ျဖင့္ဖတ္ရန္

” Covid 19နဲ့ ဆုံးပါးသွားခဲ့တဲ့အဖေ့အတွက်ရည်စူးပြီး ရန်ကုန်အထွေထွေရောဂါကုဆေးရုံးသစ်ကြီးကို အလှူငွေ၅သိန်းလှူဒါန်းခဲ့တဲ့ ဒါရိုက်တာ ထူးပိုင်ဇော်ဦး”

CeleConnections ပရိသတ်ကြီးရေ ဒါရိုက်တာ ထူးပိုင်ဇော်ဦးကတော့ပရိသတ်တွေရင်ထဲကို ရောာက်ရှိအောင်ရိုက်ကူးနိုင်တဲ့ဒါရိုက်တာတစ်ဦးပါ။လက်ရှိဖြစ်ပွားနေတဲ့ Covid19ကြောင့် အဖေဖြစ်သူ ဆုံးသွားခဲ့တာကြောင့်လည်း ပရိသတ်တွေနဲ့ အနုပညာရှင်တွေအံ့သြစိတ်မကောင်းဖြစ်ခဲ့ကြရတာပါ။

အခုချိန်မှာ မိခင်ဖြစ်သူရော သူကိုယ်တိုင်ပါQuarantineဝင်နေရတာ ဖြစ်ပြီး အမေဖြစ်သူရဲ့ဆေးစစ်ချက်ကို အလွန်စိုးရိမ်နေတာပဲ ဖြစ်ပါတယ်။လက်ရှိမှာလည်း ” ပါပါး ICU မှာ ရှိနေတုန်း ဒီအလှူလေး လုပ်ဖြစ်ကြောင်း ကို အသိပေးလိုက်နိုင်ခဲ့တယ်။‌သာဓု ခေါ်ပါ ပါပါး🙏🙏🙏”ဆိုတဲ့စာလေးနဲ့ အလှူပြုလုပ်လှူဒါန်းခဲ့ကြောင်း ပြောပြခဲ့တာပါ။

ရန်ကုန်အထွေထွေရောဂါကုဆေးရုံးသစ်ကြီးရှိအထူးကြပ်မတ်ကုသဆောင်နှင့်ခွဲခန်းတွင်အထွေထွေသုံးစွဲရန်အတွက် အလှူငွေ၅သိန်းကျပ်တိတိ လှူဒါန်းခဲ့တဲ့အလှူလေးပဲ ဖြစ်ပါတယ်။ CeleConnections ပရိသတ်ကြီးလည်း ဒါရိုက်ထူးပိုင်ဇော်ဦးရဲ့အလှူအတွက်သာဓုခေါ်ခဲ့ပါဦးနော်။ ဖတ်ရှုပေးကြတဲ့ CeleConnections ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : Htoo paing zaw oo
Candy – CeleConnections

error: Alert: Content is protected !!