



Source: Chit Thu Wai’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

မေမေနဲ့ ဓာတ်ပုံရိုက်ဖို့ တစ်ယောက်တစ်လှည့်စီ ဓာတ်ပုံရိုက်ပေးပြီး ကင်မရာမန်းလုပ်ခဲ့ကြတဲ့ ခေတ် နဲ့ သစ်

နိုင်ငံကျော် အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ချစ်သုဝေကတော့ အောင်မြင်တဲ့ အနုပညာလမ်းမမှာ အချိန်အတော်ကြာ ရည်တည်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ချစ်သုဝေက အဆိုတော် လင်းလင်းနဲ့ အိမ်ထောင်ကျခဲ့ပြီး အခုဆိုရင် ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ဖြစ်တဲ့ မေမြန်မာခေတ်နဲ့ မေမြန်မာသစ် ကို မွေးဖွားထားတာ ဖြစ်ပါတယ်။ ခေတ်နဲ့သစ်ကတော့ မေမေ့ရဲ့ ချစ်စရာရုပ်ရည်သွင်ပြင်လေးနဲ့ ဖေဖေလင်းရဲ့ ပြတ်သားပြီး ပျော်ပျော်နေတတ်တဲ့ စိတ်ထားကို အမွေရရှိထားတဲ့ ချစ်စဖွယ် အမြွှာညီအစ်မနှစ်ယောက်ပဲ ဖြစ်ပါတယ်။

ခေတ်နဲ့သစ်ကတော့ ချစ်စရာကောင်းပြီး စကားတတ်လွန်းလို့ ပရိသတ်တွေကသာမက အနုပညာအသိုင်းအဝိုင်းကပါ ချစ်ကြတာ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း မေမေချစ်သုဝေက “အလှူကိစ္စ အိမ်မှူကိစ္စချည်း လုပ်နေရတော့ တခါခါ စိတ်လက်ပေါ့ပါးစွာ တင်မယ်ဝေ့. ပြောဖို့မေ့…photo by Khit & Thit😘” ဆိုပြီး တစ်လှည့်စီ ဓာတ်ပုံရိုက်ပေးတဲ့ သမီးနှစ်ယောက်အကြောင်းကို ပြောပြလာပါတယ်။

ခေတ်နဲ့သစ်ကတော့ မေမေနဲ့ ဓာတ်ပုံရိုက်ဖို့ တစ်ယောက်တစ်လှည့်စီ ကင်မရာမန်းလုပ်ခဲ့ရတာပဲ ဖြစ်ပါတယ်။ ခေတ်နဲ့သစ်ကတော့ ကလေးလေးတွေဆိုပေမယ့် ဓာတ်ပုံရိုက်လည်းရတာကို ပရိသတ်ကြီးလည်း တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Chit Thu Wai’s fb
Bilie – Cele Connections

error: Alert: Content is protected !!