Source: Zay Thiha’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်
မောင်ဟာ ဆမ ရထားတဲ့ ဆရာဝန်တစ်ယောက်ဖြစ်တဲ့အပြင် အားနေရင် ကျောင်းတက်နေတဲ့လူမျိုးပါလို့ ပြောပြလာတဲ့ နန္ဒာလှိုင်ရဲ့ ခင်ပွန်း
သရုပ်ဆောင် နန္ဒာလှိုင်ကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို မလုပ်ကိုင်ဖြစ်တော့ပေမယ့် သူမရဲ့ မိသားစုဘဝလေးကို မြင်သူတကာ အားကျရလောက်တဲ့အထိ အေးချမ်းစွာ တည်ဆောက်ထားနိုင်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ နန္ဒာလှိုင်ရဲ့ ခင်ပွန်းနဲ့ မောင်ဖြစ်သူ သရုပ်ဆောင် မောင်တို့ကလည်း သမီးယောက်ဖတွေဖြစ်ပေမယ့် တစ်ယောက်နဲ့တစ်ယောက် တကယ့်ညီအစ်ကိုလို သူငယ်ချင်းလို ရင်းနှီးကျွမ်းဝင်ကြတာပဲ ဖြစ်ပါတယ်။
ဒီတစ်ခေါက်မှာတော့ နန္ဒာလှိုင်ရဲ့ ခင်ပွန်းဖြစ်သူ ကိုဇေသီဟက မသိကြသေးတဲ့ ပရိသတ်တွေအတွက် မောင်ဟာ ဆမ ရထားတဲ့ ဆရာဝန်တစ်ယောက်ဖြစ်တဲ့အပြင် အားနေရင် ကျောင်းတက်နေတဲ့လူမျိုးပါလို့ပြောပြလာပါတယ်။ မောင့်ရဲ့အကြောင်းကို သေချာမသိသေးတဲ့ မိတ်ဆွေတစ်ယောက်က မောင့်အကြောင်းကိုမေးတဲ့အခါ ကိုဇေသီဟက “ဆမ ရထားတဲ့ ဆရာဝန်ပါ။ ဥပဒေဘွဲ့လလည်း ယူထားတယ်။ MPA လည်း တက်နေတယ်။ နိုင်ငံရေးသိပ္ပံလည်း ပြီးပြီ။ သူက အားရင် ကျောင်းတက်နေတဲ့လူမျိုး” ဆိုပြီး မောင့်ရဲ့အကြောင်းကို ပြောပြလာပါတယ်။
မောင်ကတော့ သရုပ်ဆောင်တစ်ယောက်အဖြစ် လူသိများပေမယ့် တရားဝင်ဆေးကုသခွင့်လိုင်စင်ရှိတဲ့ ဆရာဝန်ဆိုတာကိုတော့ တော်တော်များများ မသိကြသေးတာပဲ ဖြစ်ပါတယ်။ မောင်တစ်ယောက် သင်ကြားတတ်မြောက်ထားတဲ့ ပညာတွေနဲ့ နိုင်ငံ့အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်သူ ဖြစ်ပါစေနေ်ာ။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Source: Zay Thiha’s fb
Bilie – Cele Connections
error: Alert: Content is protected !!