Source:GFatt
ယူနီကုတ်ဖြင့်ဖတ်ရန်
” အဆိုတော်လင်းလင်းကို အရူးအမူးကြိုက်ရတဲ့ အကြောင်းအရင်းကို အတိအကျပြောပြလိုက်တဲ့ GFatt”
CeleConnections ပရိသတ်ကြီးရေG-Fattကတော့ ထိမိတဲ့စာသားတွေကိုသီဆိုတတ်တာကြောင့် တစ်နိုင်ငံလုံးကပရိသတ်တွေ အားပေးဝန်းရံခြင်းခံရတဲ့ အဆိုတော်တစ်ဦးဆိုတာ အမှန်ပါပဲနော်။ အခုလက်ရှိအချိန်ထိ ယောကျာ်းလေးမိန်းကလေးပရိသတ်တွေသာမက ကလေး အရွယ်တွေကပါ အားပေးဝန်းရံခြင်းခံရသူပါ။
သီချင်းသစ်တွေထွက်လာတဲ့အခါတိုင်း ပရိသတ်ရင်ထဲကိုတစ်နည်းမဟုတ်တစ်နည်းနဲ့ ပရိသတ်ရင်ထဲ ထိရှအောင် ဖန်တီးတတ်တဲ့ အဆို ရှင်တစ်ဦးဖြစ်ပြီး လူငယ်တွေလက်တွေ့ဘဝမှာ ကြုံတွေ့ရတတ်တဲ့ အချစ်ရေးပုံစံတွေကိုထိထိမိမိနဲ့ ပုံဖော်ရေးတတ်တဲ့ တေးရေးဆရာတစ်ဦးလို့တောင်တင်စားရမှာပါ။G-Fatt တစ်ယောက်ကတော့အခုချိန်မှာ သူ့ရဲ့ပရိသတ်တွေနဲ့ အနုပညာအလုပ်တွေကိုပဲ အချိန်ပေးကာ Singleအဖြစ်နဲ့ ပေါ့ပါးပျော်ရွှင်စွာနေထိုင်နေတာပဲ ဖြစ်ပါတယ်
လက်ရှိမှာလည်းသူ့ရဲ့ Idol ဖြစ်တဲ့ အဆိုတော်လင်းလင်းကို အရူးအမူးကြိုက်ရတဲ့အကြောင်းအရင်းကိုပြောပြခဲ့တာပါ။ ”ကိုယ်အရူးအမူးကြိုက်ရတာလဲ မ​​​ပြောနဲ့ ဖန်တီးမှုနဲ့ အနုပညာကိုလဲ ရှိူးလိုက်ဦး ၊ လူငယ်ဘဝ သက်တမ်းတစ်​လျောက်ရဲ့ အကြိုက်ဆုံးသီချင်း တွေ သူ့ဆီက လာတယ် ။ဒီ​နေ့က သူ့​မွေး​နေ့​ ၊ ထုတ်​ပေးလိုက်တဲ့ သီချင်းက ၆မိနစ်​ကျော် ၇မိနစ်နီးပါးရှိတယ် (ကိုယ်အမှတ်မမှားရင် အိမ်မက်ထဲက စစ်သားကြီးပြီးရင် ဒီသီချင်းက မိနစ်အရှည်ဆုံးပဲထင်တယ်) ၆မိနစ်​ကျော်မှာ ထည့်ထားတဲ့ MusicArrangement က ​သေလို့ရတယ်။
“ခေတ်အဆက်ဆက် ကမ်းမယ့်လက်မှာ ပန်းများပွင့်​စေ သမိုင်းတစ်​ကွေ့က အသက်ဝိဥာဥ်များစွာ ကိုဦးညွှတ်ကာ ငါတို့​အောင်လံမြဲဖို့ ဆု​တောင်း”This is a kind of Artist I knowThat is why he is the one I admire and respect🤘”ဆိုတဲ့စာလေးနဲ့ ဖော်ပြခဲ့တာပါ။ ဖတ်ရှုပေးကြတဲ့ CeleConnections ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source:GFatt
Candy-CeleConnections
error: Alert: Content is protected !!