



Source: Phway Phway’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

မထူးတော့ပါဘူး ပြောချလိုက်တော့မယ်ဆိုပြီး ပရိသတ်တွေကို သိချင်စိတ်ဖြစ်အောင်လုပ်ခဲ့တဲ့ ဖွေးဖွေး

ဖွေးဖွေးကတော့ နိုင်ငံကျော် ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်တဲ့အလျောက် တစ်နှစ်ပြီးတစ်နှစ် မတူညီတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတွေကို ရိုက်ကူးနေရသူတစ်ယောက် ဖြစ်ပါတယ်။ ဖွေးဖွေးက အခုနှစ် (၂၀၂၀)မှာလည်း နာမည်ကြီး ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးဖို့ရှိပေမယ့် ကပ်ရောဂါအခြေအနေတွေကြောင့် သူမရဲ့ အနုပညာလှုပ်ရှားမှုတွေအားလုံးကို ရပ်နားထားရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းမှာ သူမရဲ့ “ငါ့ကမ္ဘာထဲ” သီချင်းကို ချပြထားခဲ့တဲ့ ဖွေးဖွေးက ကိုဗစ် Second Wave မှာတော့ အနုပညာအလုပ်တွေကို ပြန်လည်ရပ်နားခဲ့ရတာပဲ ဖြစ်ပါတယ်။

အနုပညာလှုပ်ရှားမှုတွေကို ရပ်နားထားပေမယ့် ပရိသတ်တွေနဲ့ အမြဲတမ်း ထိတွေ့ဖို့ ကြိုးစားနေတဲ့ ဖွေးဖွေးက သူမရဲ့ ပရိသတ်တွေအတွက် သူမရဲ့ လှုပ်ရှားမှုလေးတွေကို မျှဝေပေးလေ့ရှိတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ဖွေးဖွေးက သူမရဲ့ ပရိသတ်တွေကို အပျင်းပြေရယ်ရအောင် “မထူးတော့ပါဘူး။ ပြောချလိုက်ပါတော့မယ်။ ဒီအနုပညာအလုပ်တွေကို မလုပ်ပဲနားနေရင်းနဲ့အတွေးတခုဝင်လာတယ် အဲ့ဒါက” ဆိုပြီး ဘာမှဆက်မပြောပဲ ပရိသတ်တွေ သိချင်စိတ်ဖြစ်အောင် လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

ဖွေးဖွေးကတော့ သူမကိုယ်တိုင်လည်း အိမ်ထဲက အိမ်ပြင်မထွက်ရလို့ ငြီးငွေ့းနေသလို ပရိသတ်တွေကိုလည်း မပျင်းရအောင် စနောက်ကျီစယ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Phway Phway’s fb
Bilie – Cele Connections

error: Alert: Content is protected !!