ခင္ပြန္းျဖစ္သူ ကိုျပည့္ေမာင္ရဲ႕ ေမြးေန႔အလႉအျဖစ္ ဆယ္တန္းတက္ဖို႔ အခက္အခဲျဖစ္ေနတဲ့ ေက်ာင္းသူေလးကို ပညာေရးစရိတ္ေထာက္ပံ့ေပးခဲ့တဲ့ စမိုင္းလ္

သ႐ုပ္ေဆာင္ စမိုင္းလ္ကေတာ့ အႏုပညာအလုပ္ေတြနဲ႔ အနည္းငယ္ အလွမ္းေဝးသြားခဲ့ၿပီဆိုေပမယ့္ သူမကို ခ်စ္ၾကတဲ့ ပရိသတ္ေတြကေတာ့ တစ္ႏိုင္ငံလုံး အတိုင္းအတာနဲ႔ အခိုင္အမာရွိေနဆဲ ျဖစ္ပါတယ္။ စမိုင္းလ္ကေတာ့ ႐ုပ္ေလးလွ႐ုံသာမက စိတ္သေဘာထားလည္း ေကာင္းမြန္သူျဖစ္ၿပီး အခက္အခဲျဖစ္ေနတဲ့သူေတြကို တတ္ႏိုင္သေလာက္ေလး ကူညီေပးေနတာပဲ ျဖစ္ပါတယ္။ စမိုင္းလ္နဲ႔အတူတူ စမိုင္းလ္ရဲ႕ခင္ပြန္း ကိုျပည့္ေမာင္ကလည္း ပါရမီျဖည့္ဖက္ေကာင္းတစ္ေယာက္အျဖစ္ အလႉအတန္းနဲ႔ ကုသိုလ္ေတြအတူတူ ျပဳလုပ္ေနလ်က္ရွိပါတယ္။

ေအာက္တိုဘာလကေတာ့ စမိုင္းလ္ရဲ႕ခင္ပြန္း ကိုျပည့္ေမာင္ရဲ႕ ေမြးလေလးပဲျဖစ္ၿပီး စမိုင္းလ္တို႔ မိသားစုရဲ႕ အစဥ္အလာအတိုင္း ေမြးလရဲ႕ ပထမဦးဆုံးရက္ကတည္းကေန အလႉအတန္းေတြ ျပဳလုပ္ခဲ့တာပဲ ျဖစ္ပါတယ္။ စမိုင္းလ္က ကိုျပည့္ေမာင္ရဲ႕ ေမြးလ (ေအာက္တိုဘာလ) ရဲ႕ ပထမဦးဆုံး အလႉအျဖစ္ ေအာင္လံၿမိဳ႕နယ္၊ ပိုကိုးလုံးေက်း႐ြာရွိ (၉)တန္းေအာင္ၿပီး (၁၀)တန္းတက္ဖို႔ အခက္အခဲျဖစ္ေနတဲ့ သမီးေလးကို ပညာေရးစရိတ္ေထာက္ပံ့ေငြအျဖစ္ (၅) သိန္းက်ပ္တိတိ လႉဒါန္းခဲ့တာပဲ ျဖစ္ပါတယ္။

စမိုင္းလ္တို႔ မိသားစုကေတာ့ ေအာက္တိုဘာလ တစ္လလုံးမွာ အလႉအတန္းေတြ ဆက္တိုက္ျပဳလုပ္ၿပီး ကုသိုလ္ယူသြားမွာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း စမိုင္းလ္တို႔ မိသားစုရဲ႕ ကုသိုလ္ေလးကို ဝမ္းေျမာက္စြာ သာဓုေခၚဆိုေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: စမိုင္းလ္ Smile’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ခင်ပွန်းဖြစ်သူ ကိုပြည့်မောင်ရဲ့ မွေးနေ့အလှူအဖြစ် ဆယ်တန်းတက်ဖို့ အခက်အခဲဖြစ်နေတဲ့ ကျောင်းသူလေးကို ပညာရေးစရိတ်ထောက်ပံ့ပေးခဲ့တဲ့ စမိုင်းလ်

သရုပ်ဆောင် စမိုင်းလ်ကတော့ အနုပညာအလုပ်တွေနဲ့ အနည်းငယ် အလှမ်းဝေးသွားခဲ့ပြီဆိုပေမယ့် သူမကို ချစ်ကြတဲ့ ပရိသတ်တွေကတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အခိုင်အမာရှိနေဆဲ ဖြစ်ပါတယ်။ စမိုင်းလ်ကတော့ ရုပ်လေးလှရုံသာမက စိတ်သဘောထားလည်း ကောင်းမွန်သူဖြစ်ပြီး အခက်အခဲဖြစ်နေတဲ့သူတွေကို တတ်နိုင်သလောက်လေး ကူညီပေးနေတာပဲ ဖြစ်ပါတယ်။ စမိုင်းလ်နဲ့အတူတူ စမိုင်းလ်ရဲ့ခင်ပွန်း ကိုပြည့်မောင်ကလည်း ပါရမီဖြည့်ဖက်ကောင်းတစ်ယောက်အဖြစ် အလှူအတန်းနဲ့ ကုသိုလ်တွေအတူတူ ပြုလုပ်နေလျက်ရှိပါတယ်။

အောက်တိုဘာလကတော့ စမိုင်းလ်ရဲ့ခင်ပွန်း ကိုပြည့်မောင်ရဲ့ မွေးလလေးပဲဖြစ်ပြီး စမိုင်းလ်တို့ မိသားစုရဲ့ အစဉ်အလာအတိုင်း မွေးလရဲ့ ပထမဦးဆုံးရက်ကတည်းကနေ အလှူအတန်းတွေ ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ စမိုင်းလ်က ကိုပြည့်မောင်ရဲ့ မွေးလ (အောက်တိုဘာလ) ရဲ့ ပထမဦးဆုံး အလှူအဖြစ် အောင်လံမြို့နယ်၊ ပိုကိုးလုံးကျေးရွာရှိ (၉)တန်းအောင်ပြီး (၁၀)တန်းတက်ဖို့ အခက်အခဲဖြစ်နေတဲ့ သမီးလေးကို ပညာရေးစရိတ်ထောက်ပံ့ငွေအဖြစ် (၅) သိန်းကျပ်တိတိ လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။

စမိုင်းလ်တို့ မိသားစုကတော့ အောက်တိုဘာလ တစ်လလုံးမှာ အလှူအတန်းတွေ ဆက်တိုက်ပြုလုပ်ပြီး ကုသိုလ်ယူသွားမှာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စမိုင်းလ်တို့ မိသားစုရဲ့ ကုသိုလ်လေးကို ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: စမိုင္းလ္ Smile’s fb
Bilie – Cele Connections

error: Alert: Content is protected !!