-ိင္ပိုင္းဆိုင္ရာကို အသားေပးထားတဲ့ ေၾကာ္ျငာတစ္ခုေၾကာင့္ လူမႈကြန္ယက္မွာ ျပင္းျပင္းထန္ထန္ ေဝဖန္ခံေနရတဲ့ ယုန္ေလး
|သ႐ုပ္ေဆာင္၊ အဆိုေတာ္၊ ဒါ႐ိုက္တာ ယုန္ေလးကေတာ့ အႏုပညာကို အေသြးထဲအသားထဲက ဝါသနာပါၿပီး ႐ူးသြပ္စြဲလန္းတယ္ဆိုတာကို ပရိသတ္ႀကီးအားလုံး သိၿပီးသား ျဖစ္မွာပါ။ ယုန္ေလးက သူ႔ရဲ႕ ေစတနာအမွားေတြေၾကာင့္ လြဲမွားမႈေတြျဖစ္ေပၚခဲ့တာေတြရွိခဲ့ၿပီး ၿပီးခဲ့တဲ့လအတြင္းကလည္း သူကိုယ္တိုင္႐ိုက္ကူးတဲ့ သီခ်င္း MV ေၾကာင့္ လူမႈကြန္ယက္မွာ ေတာ္ေတာ္ေလး ဂယက္ထသြားခဲ့ရတာပဲ ျဖစ္ပါတယ္။ ထိုသီခ်င္း MV ရဲ႕ ေနာက္ဆက္တြဲရလဒ္အျဖစ္ ယုန္ေလးက ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးက ႐ုပ္ရွင္႐ိုက္ကူးခြင့္ တစ္ႏွစ္ပိတ္ပင္ခံခဲ့ရၿပီး ဖုန္းနဲ႔႐ိုက္ကူးတဲ့ အြန္လိုင္းေၾကာ္ျငာေတြသာ ႐ိုက္ကူးေနလ်က္ရွိတာပဲ ျဖစ္ပါတ ယ္။
ဒီတစ္ခါမွာလည္း ယုန္ေလးကိုယ္တိုင္ ႐ိုက္ကူးတဲ့ ေၾကာ္ျငာတစ္ခုက အမ်ိဳးသမီးေတြၾကားမွာ ေျပာစရာျဖစ္ေနၿပီး ျပင္းျပင္းထန္ထန္ေဝဖန္ခံေနရတာပဲ ျဖစ္ပါတယ္။ ထိုေၾကာ္ျငာက Sexual Harrassment ကို အသားေပးၿပီး ေၾကာ္ျငာတဲ့ကုန္ပစၥည္းနဲ႔ တစ္ျခားစီျဖစ္ေနတယ္လို႔ နာမည္ႀကီး ဆယ္လီေတြကပါ ေဝဖန္ေနၾကတာပဲ ျဖစ္ပါတယ္။
ယုန္ေလးကေတာ့ သူကိုယ္တိုင္က “အေပ်ာ္သေဘာျဖင့္ၾကည့္ေပးပါ” လို့ေရးထားေပမယ့္ ေဝဖန္မႈေတြကိုေတာ့ ဘာမွ တံု့ျပန္ထားျခင္းမရိွေသးပါဘူး။ ပရိသတ္ၾကီးေရာ ယုန္ေလးရဲ့ ေၾကာ္ျငာသစ္ကိုၾကည့္ျပီးျပီဆိုရင္ ဘယ္လိုသေဘာရလဲ ေျပာျပခဲ့ၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။
Source: Yone Lay’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္
-ိင်ပိုင်းဆိုင်ရာကို အသားပေးထားတဲ့ ကြော်ငြာတစ်ခုကြောင့် လူမှုကွန်ယက်မှာ ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရတဲ့ ယုန်လေး
သရုပ်ဆောင်၊ အဆိုတော်၊ ဒါရိုက်တာ ယုန်လေးကတော့ အနုပညာကို အသွေးထဲအသားထဲက ဝါသနာပါပြီး ရူးသွပ်စွဲလန်းတယ်ဆိုတာကို ပရိသတ်ကြီးအားလုံး သိပြီးသား ဖြစ်မှာပါ။ ယုန်လေးက သူ့ရဲ့ စေတနာအမှားတွေကြောင့် လွဲမှားမှုတွေဖြစ်ပေါ်ခဲ့တာတွေရှိခဲ့ပြီး ပြီးခဲ့တဲ့လအတွင်းကလည်း သူကိုယ်တိုင်ရိုက်ကူးတဲ့ သီချင်း MV ကြောင့် လူမှုကွန်ယက်မှာ တော်တော်လေး ဂယက်ထသွားခဲ့ရတာပဲ ဖြစ်ပါတယ်။ ထိုသီချင်း MV ရဲ့ နောက်ဆက်တွဲရလဒ်အဖြစ် ယုန်လေးက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ရုပ်ရှင်ရိုက်ကူးခွင့် တစ်နှစ်ပိတ်ပင်ခံခဲ့ရပြီး ဖုန်းနဲ့ရိုက်ကူးတဲ့ အွန်လိုင်းကြော်ငြာတွေသာ ရိုက်ကူးနေလျက်ရှိတာပဲ ဖြစ်ပါတယ်။
ဒီတစ်ခါမှာလည်း ယုန်လေးကိုယ်တိုင် ရိုက်ကူးတဲ့ ကြော်ငြာတစ်ခုက အမျိုးသမီးတွေကြားမှာ ပြောစရာဖြစ်နေပြီး ပြင်းပြင်းထန်ထန်ဝေဖန်ခံနေရတာပဲ ဖြစ်ပါတယ်။ ထိုကြော်ငြာက Sexual Harrassment ကို အသားပေးပြီး ကြော်ငြာတဲ့ကုန်ပစ္စည်းနဲ့ တစ်ခြားစီဖြစ်နေတယ်လို့ နာမည်ကြီး ဆယ်လီတွေကပါ ဝေဖန်နေကြတာပဲ ဖြစ်ပါတယ်။
ယုန်လေးကတော့ သူကိုယ်တိုင်က “အပျော်သဘောဖြင့်ကြည့်ပေးပါ” လို့ရေးထားပေမယ့် ဝေဖန်မှုတွေကိုတော့ ဘာမှ တုံ့ပြန်ထားခြင်းမရှိသေးပါဘူး။ ပရိသတ်ကြီးရော ယုန်လေးရဲ့ ကြော်ငြာသစ်ကိုကြည့်ပြီးပြီဆိုရင် ဘယ်လိုသဘောရလဲ ပြောပြခဲ့ကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Source: Yone Lay’s fb
Bilie – Cele Connections