



Source: Moe Yu San’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

အိမ်မှာနေရင်း ဆံပင်ညှပ်လက်စွမ်းပြရာမှ ကတုံးဆံတောက်ကေဖြစ်သွားခဲ့တဲ့ ခင်ပွန်းနဲ့သားလေးရဲ့အဖြစ်ကို ပြသလာတဲ့ မိုးယုစံ

အပြုံးလှလှလေးတွေနဲ့ ချစ်စရာကောင်းတဲ့ မင်းသမီးချော မိုးယုစံကတော့ သရုပ်ဆောင်လောကမှာသာမက မော်ဒယ်လောကမှာပါ တောက်ပခဲ့သူတစ်ယောက်ဖြစ်ပြီး အလှမယ်ပြိုင်ပွဲတွေမှာလည်း ပထမဆုတွေ ရရှိပိုင်ဆိုင်ခဲ့သူပဲ ဖြစ်ပါတယ်။ မိုးယုစံက ပြီးခဲ့တဲ့ (၂၀၁၇) ခုနှစ်မှာပဲ အိမ်ထောင်ကျပြီး အခုဆိုရင် သားလေး ကောင်းသိင်္ဂမိုးသူနဲ့ ဒုတိယမြောက်ကိုယ်ဝန်ကို လွယ်ထားတဲ့ မိခင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ မိုးယုစံကတော့ အိမ်ထောင်ကျပြီးသည့်တိုင်အောင် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အောင်မြင်မှုတွေရရှိပိုင်ဆိုင်နေဆဲပဲ ဖြစ်ပါတယ်။

ဒုတိယမြောက်ကိုယ်ဝန်ကို လွယ်ထားရတဲ့အချိန်မှာ အစစအရာရာ သတိထားဂရုစိုက်နေရတဲ့ မိုးယုစံက အိမ်ထဲကနေ အိမ်ပြင်မထွက်ဖြစ်ပဲ မိသားစုနဲ့အတူတူ အချိန်ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ ကိုဗစ်ကြောင့် ဘယ်ကိုမှမသွားဖြစ်တော့တဲ့ မိုးယုစံက အိမ်မှာပဲ ခင်ပွန်းနဲ့သားကို ဆံပင်ညှပ်ပေးခဲ့တဲ့အကြောင်းကို “ညှပ်နေရင် ရှုပ်လို့ သားအဖနှစ်ယောက်ကို ကတုံးတုံးပေးလိုက်တယ် 😜😜” ဆိုပြီး သူမကြောင့် ကတုံးဆံတောက်ဖြစ်သွားခဲ့ရတဲ့ သားအဖနှစ်ယောက်ဖြစ်ပုံကို ပြသလာတာပဲ ဖြစ်ပါတယ်။

မိုးယုစံကတော့ အိမ်မှာနေရင်း မိသားစုနဲ့ အချိန်တွေ ပိုမိုကုန်ဆုံးဖြစ်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မိုးယုစံတို့ မိသားစုရဲ့ ကြည်နူးစရာ အခိုက်အတံ့လေးကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Moe Yu San’s fb
Bilie – Cele Connections

error: Alert: Content is protected !!