အရမ္းေဆာ့လြန္းတဲ့ Ivy ေလးကို ထိန္းမနိုင္ေတာ့လို့ Live လႊင့္ အာရံုေျပာင္းျပီး ပရိသတ္ေတြနဲ့ ထိေတြ့ေစခဲ့တဲ့ ေအသင္ခ်ိဳေဆြ

ပရိသတ္ေတြခ်စ္ျကတဲ့ အဆိုေတာ္မေလး ေအသင္ခ်ိုေဆြက သီခ်င္းဆိုေတာ္ျပီး ပရိသတ္ေတြ ခံစားခ်က္နဲ့ တိုက္ဆိုင္တဲ့ သီခ်င္းေကာင္းေလးေတြကို သီဆိုေလ့ရိွသူပါ။ ေအသင္ခ်ိုေဆြက သီခ်င္းဆိုေကာင္းရံုသာမကပဲ သရုပ္ေဆာင္ေကာင္းသူလဲျဖစ္ျပီး သူမပါဝင္ရိုက္ကူးထားတဲ့ ဗီဒီယို ဇာတ္ကားေတြကလဲ မနည္းလွပါဘူး။ ဒါေပမယ့္ ေနာက္ပိုင္းမွာေတာ့ ေအသင္ခ်ိဳေဆြက အဆိုေတာ္တစ္ေယာက္အျဖစ္သာ ဂီတလမ္းေၾကာင္းေပၚမွာ ေလွ်ာက္လွမ္းေနျပီး ပရိသတ္ေတြအတြက္ သီခ်င္းသစ္ေလးေတြပဲ တင္ဆက္နိုင္ဖို့ ၾကိဳးစားေနတာပဲ ျဖစ္ပါတယ္။

ေအသင္ခ်ိဳေဆြရဲ့ တစ္ဦးတည္းေသာ သမီးေလး Ivy ေလးကလည္း ခ်စ္စရာေကာင္းျပီး အေမတူေလးမို ့႔ပရိသတ္ၾကီးကလည္း သည္းသည္းပိုေနရသူေလး ျဖစ္ပါတယ္။ ခ်စ္စရာလည္းေကာင္းသလို အေဆာ့လည္းအရမ္းသန္တဲ့ IVY ေလးကို ေမေမ ေအသင္ခ်ိဳေဆြကအစ ေတာ္ေတာ္ေလး ထိန္းရတာပဲ ျဖစ္ပါတယ္။ ဒီကေန့မွာလည္း ေအသင္ခ်ိဳေဆြက အရမ္းေဆာ့လြန္းတဲ့ Ivy ေလးကို ထိန္းမနိုင္ေတာ့လို့ Live လႊင့္ အာရံုေျပာင္းျပီး ပရိသတ္ေတြနဲ့ ထိေတြ့ေစခဲ့တာကို အခုလိုပဲ ေတြ့ရပါတယ္။

Ivy ေလးကေတာ့ Live လႊင့္တယ္ဆိုတာ ဘာမွန္းမသိေပမယ့္ Effect ေတြေပါင္းစံုနဲ့ အမ်ိဳးမ်ိဳးျဖစ္ေနတဲ့ သူ့မ်က္နွာေလးကိုသူၾကည့္ျပီး သေဘာက်ေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း Ivy ေလးရဲ့ ဗီဒီယိုေလးကိုၾကည့္ျပီး သေဘာက်ၾကမယ္ ထင္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Athen Cho Swe’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

အရမ်းဆော့လွန်းတဲ့ Ivy လေးကို ထိန်းမနိုင်တော့လို့ Live လွှင့် အာရုံပြောင်းပြီး ပရိသတ်တွေနဲ့ ထိတွေ့စေခဲ့တဲ့ အေသင်ချိုဆွေ

ပရိသတ်တွေချစ်ကြတဲ့ အဆိုတော်မလေး အေသင်ချိုဆွေက သီချင်းဆိုတော်ပြီး ပရိသတ်တွေ ခံစားချက်နဲ့ တိုက်ဆိုင်တဲ့ သီချင်းကောင်းလေးတွေကို သီဆိုလေ့ရှိသူပါ။ အေသင်ချိုဆွေက သီချင်းဆိုကောင်းရုံသာမကပဲ သရုပ်ဆောင်ကောင်းသူလဲဖြစ်ပြီး သူမပါဝင်ရိုက်ကူးထားတဲ့ ဗီဒီယို ဇာတ်ကားတွေကလဲ မနည်းလှပါဘူး။ ဒါပေမယ့် နောက်ပိုင်းမှာတော့ အေသင်ချိုဆွေက အဆိုတော်တစ်ယောက်အဖြစ်သာ ဂီတလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေပြီး ပရိသတ်တွေအတွက် သီချင်းသစ်လေးတွေပဲ တင်ဆက်နိုင်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

အေသင်ချိုဆွေရဲ့ တစ်ဦးတည်းသော သမီးလေး Ivy လေးကလည်း ချစ်စရာကောင်းပြီး အမေတူလေးမို့ပရိသတ်ကြီးကလည်း သည်းသည်းပိုနေရသူလေး ဖြစ်ပါတယ်။ ချစ်စရာလည်းကောင်းသလို အဆော့လည်းအရမ်းသန်တဲ့ IVY လေးကို မေမေ အေသင်ချိုဆွေကအစ တော်တော်လေး ထိန်းရတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း အေသင်ချိုဆွေက အရမ်းဆော့လွန်းတဲ့ Ivy လေးကို ထိန်းမနိုင်တော့လို့ Live လွှင့် အာရုံပြောင်းပြီး ပရိသတ်တွေနဲ့ ထိတွေ့စေခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။

Ivy လေးကတော့ Live လွှင့်တယ်ဆိုတာ ဘာမှန်းမသိပေမယ့် Effect တွေပေါင်းစုံနဲ့ အမျိုးမျိုးဖြစ်နေတဲ့ သူ့မျက်နှာလေးကိုသူကြည့်ပြီး သဘောကျနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း Ivy လေးရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Athen Cho Swe’s fb
Bilie – Cele Connections

error: Alert: Content is protected !!