သိန္း (၁၅၀၀၀) ခရီးစဥ္ရဲ့ ေျခလွမ္းအစအျဖစ္ ေအာက္တိုဘာလအစမွာ ထီဆုတစ္ဆုကို ဆြတ္ခူးနိုင္ခဲ့ျပီဆိုတဲ့ သားညီ

သရုပ္ေဆာင္ သားညီကေတာ့ အစ္ကိုျဖစ္သူ ေဒြးနဲ့ ရုပ္ရွင္ဗီဒီယိုဇာတ္ကားေတြ ရိုက္ကူးခဲ့စဥ္ကလည္း ပရိသတ္အားေပးမႈကို ရရိွပိုင္ဆိုင္ခဲ့သလို ေဒြးကြယ္လြန္သြားခ်ိန္မွာေတာ့ ေအာင္ျမင္တဲ့ ေနရာတစ္ေနရာမွာ အခိုင္အမာရပ္တည္နိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ သရုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ သားညီက ေနာက္ပိုင္းမွာ ဒါရိုက္တာတစ္ေယာက္အျဖစ္ပါ ရုပ္ရွင္ဇာတ္ကားေတြ ရိုက္ကူးလာျပီး သူ့ရဲ့ အနုပညာအရည္အခ်င္းေတြကို တစ္ေန့ထက္တစ္ေန့တိုးျမွင့္လို့လာတာပဲ ျဖစ္ပါတယ္။

ဒီကေန့ ေအာက္တိုဘာလ (၁) ရက္ေန့မွာေတာ့ သားညီက သိန္း (၁၅၀၀၀) ခရီးစဥ္ရဲ့ ေျခလွမ္းအစအျဖစ္ ထီဆုအေသးေလးတစ္ဆုကို ဆြတ္ခူးနိုင္ခဲ့ျပီဆိုတဲ့ အေၾကာင္းကို “မိုင္ေထာင္ခ်ီေဝးတဲ႕ ခရီးေတြဟာလည္း ေျခတစ္လွမ္းကစတာပါပဲတဲ႕ …စိန္သားညီရဲ႕ သိန္း 15000 ခရီးကေတာ့ ဦးေဇာ္ နဲ႕ အန္တီညဴး တို႕ ထီဆိုင္က ငါးေသာင္းဆုနဲ႕ စတယ္ …Thank you October !!!” ဆိုျပီး သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ ေရးသားထားပါတယ္။

သားညီကေတာ့ သူ့ရဲ့ ေအာက္တိုဘာလအစကို ကံေကာင္းျခင္းေတြနဲ့ စတင္ခဲ့တာပဲ ျဖစ္ပါတယ္။ ေငြ (၅) ေသာင္းဆိုတဲ့ ပမာဏက သားညီအတြက္ မေျပာပေလာက္ေပမယ့္ သားညီကေတာ့ ေတာ္ေတာ္ေလး ဝမ္းသာေနရွာတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Thar Nyi’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

သိန်း (၁၅၀၀၀) ခရီးစဉ်ရဲ့ ခြေလှမ်းအစအဖြစ် အောက်တိုဘာလအစမှာ ထီဆုတစ်ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီဆိုတဲ့ သားညီ

သရုပ်ဆောင် သားညီကတော့ အစ်ကိုဖြစ်သူ ဒွေးနဲ့ ရုပ်ရှင်ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးခဲ့စဉ်ကလည်း ပရိသတ်အားပေးမှုကို ရရှိပိုင်ဆိုင်ခဲ့သလို ဒွေးကွယ်လွန်သွားချိန်မှာတော့ အောင်မြင်တဲ့ နေရာတစ်နေရာမှာ အခိုင်အမာရပ်တည်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ သားညီက နောက်ပိုင်းမှာ ဒါရိုက်တာတစ်ယောက်အဖြစ်ပါ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးလာပြီး သူ့ရဲ့ အနုပညာအရည်အချင်းတွေကို တစ်နေ့ထက်တစ်နေ့တိုးမြှင့်လို့လာတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ အောက်တိုဘာလ (၁) ရက်နေ့မှာတော့ သားညီက သိန်း (၁၅၀၀၀) ခရီးစဉ်ရဲ့ ခြေလှမ်းအစအဖြစ် ထီဆုအသေးလေးတစ်ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီဆိုတဲ့ အကြောင်းကို “မိုင်ထောင်ချီဝေးတဲ့ ခရီးတွေဟာလည်း ခြေတစ်လှမ်းကစတာပါပဲတဲ့ …စိန်သားညီရဲ့ သိန်း 15000 ခရီးကတော့ ဦးဇော် နဲ့ အန်တီညူး တို့ ထီဆိုင်က ငါးသောင်းဆုနဲ့ စတယ် …Thank you October !!!” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

သားညီကတော့ သူ့ရဲ့ အောက်တိုဘာလအစကို ကံကောင်းခြင်းတွေနဲ့ စတင်ခဲ့တာပဲ ဖြစ်ပါတယ်။ ငွေ (၅) သောင်းဆိုတဲ့ ပမာဏက သားညီအတွက် မပြောပလောက်ပေမယ့် သားညီကတော့ တော်တော်လေး ဝမ်းသာနေရှာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Thar Nyi’s fb
Bilie – Cele Connections

error: Alert: Content is protected !!