



ယူနီကုဒ်ဖြင့်ဖတ်ရန်

ကိုဗစ်ကြောင့် မတွေ့တာကြာတဲ့ ကျော်ကျော်ဗိုရဲ့သမီးလေး Ike ကို သတိရနေတဲ့ ထွန်းထွန်း

နှင်းဆီအဖွဲ့ရဲ့ လူပျိုကြီးတစ်ယောက်ဖြစ်တဲ့ ထွန်းထွန်းကတော့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တစ်ယောက်ဖြစ်ပေမယ့် သူ့ရဲ့ဘဝလက်တွဲဖော်ကို ဒီနေ့ဒီအချိန်ထိ ရှာဖွေလို့မတွေ့သေးတာပဲ ဖြစ်ပါတယ်။ ထွန်းထွန်းကတော့ အသက်သုံးဆယ်ကျော်အရွယ်အထိ တစ်ကိုယ်တည်း လူပျိုကြီးအဖြစ် အနုပညာအလုပ်တွေကို လုပ်ကိုင်နေရင်း မိဘနှစ်ပါးကို အနီးကပ်စောင့်ရှောက်ပေးနေတာပဲ ဖြစ်ပါတယ်။

လူပျိုကြီးပီပီ သူငယ်ချင်း မိတ်ဆွေတွေရဲ့ ကလေးတွေကိုပဲ အချစ်ပိုနေရတဲ့ ထွန်းထွန်းက ကျော်ကျော်ဗိုရဲ့သမီးလေး Ike၊ မင်းမော်ကွန်းရဲ့သားလေး ဧကဘုန်းမြတ်နဲ့ ဝေလျှံရဲ့ အမြွှာသားလေး Frank နဲ့ Tank တို့ကို သူ့ရဲ့သွေးသားရင်းလို ချစ်နေရတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ထွန်းထွန်းက ကိုဗစ်ကြောင့် မတွေ့တာကြာတဲ့ ကျော်ကျော်ဗိုရဲ့သမီးလေး Ike ကို သတိရနေပြီး Ike လေးနဲ့ အမှတ်တရပုံလေးကို မျှဝေပေးထားပါတယ်။

ထွန်းထွန်းကတော့ ကိုဗစ်ကြောင့် အိမ်ထဲက အိမ်ပြင်မထွက်ရတဲ့အချိန်မှာ ကလေးတွေကို သတိရနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း ထွန်းထွန်းတစ်ယောက် ကိုယ်ပိုင်မိသားစုဘဝလေးကို အမြန်ဆုံးရရှိဖို့ ဆုတောင်းပေးကြဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Tun Tun . Examplez’s fb
Bilie – Cele Connections

error: Alert: Content is protected !!